Google နဲ့ Samsung (၁၀) နှစ်အကြာ မှတ်ပုံတင်မူပိုင်ခွင့် လက်တွဲဖို့ သဘောတူ
0
Monday, January 27, 2014
ဆမ့်ဆောင်းရဲ့ Android ဖုန်းများ ဈေးကွက်မှာ စိုးမိုးချယ်လှယ်နေမူ ကို ဂူးဂဲလ်နဲ့ ဆမ့်ဆောင်း တစ်လှည့်
စီ ဝေမျှယူရန် အတွက်ဖြစ်ပါတယ်။ ယင်း ကုမ္ပဏီနှစ်ခု သည် လိုင်စင်မူပိုင်ခွင့်ကို တူတူတွဲလုပ်ဆောင်ရန်
အချိန်အားဖြင့် (၁၀) နှစ်ကြာ စာချုပ်လိုင်စင်ချုပ်ဆိုခဲ့ပါတယ်။
ထုတ်လုပ်မူ သုတေသနများအရ ထိုသဘောတူညီမူသည် အနာဂတ်မူပိုင်ခွင့်လိုင်စင်အတွက် ရွေးချယ်မူအခွင့်အရေးများကို လျော့နည်းစေသင့်တယ်လို့
ဆိုပါတယ်။
ထို သဘောတူညီမူကို ဆမ့်ဆောင်းအနေနဲ့ သိပ်စိတ်မ၀င်စားပုံပေါက်ခဲ့ပြီး Google ရဲ့ စာအုပ်တွေထဲမှသာ ကျန်ရှိနေခဲ့သင့်မှာ ဖြစ်ပါတယ်။
Aung Heine ( www.smart.com.mm )
Smart Pro Journal
Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone မျိုးဆက်သစ်များကို ထုတ်လုပ်ဖွယ်ရှိ
0
Monday, January 27, 2014
Apple မှ မျက်နှာပြင်ပိုမိုကျယ်ဝန်းသော iPhone ဗားရှင်းအသစ်စမတ်ဖုန်း နှစ်မျိုးအား ထုတ်လုပ်ရန်စီစဉ်နေကြောင်း Wall Street သတင်းစာမှ ဆိုသည်။
Wall Street ၏ report အရ ရက်သတ္တပေါင်းများစွာ နည်းပညာနှင့်ဆက်နွယ်သော blog များစွာကိုလေ့လာသုံးသပ်ခဲ့ပြီး Apple အနေဖြင့် ၂၀၁၄ ဒုတိယနှစ်ဝက်တွင် iPhone အသစ်နှစ်မျိုးထုတ်လုပ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြထားသည်။
တစ်လုံးက မျက်နှာပြင်အကျယ် ၄.၅ လက်မ(၁၁.၄ စင်တီမီတာ) ထက်ပိုမိုပြီး လက်ရှိထုတ် iPhone များကမူ ၄လက်မသာရှိသည်။ဒုတိယတစ်လုံးကတော့ မျက်နှာပြင်အကျယ် ၅လက်မထက်ပိုပြီး မော်ဒယ်နှစ်ခုစလုံးသည် သတ္တုဖြင့်ပြုလုပ်ထားမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
သို့သော်လည်း Apple အနေဖြင့် တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီများဖြစ်သည့် Samsung နှင့် LG တို့ကဲ့သို့ ကွေးနေသော မျက်နှာပြင်များကိုထုတ်လုပ်လိမ့်မည်မဟုတ်ဟုဆိုသည်။
ယခုထပ်မံထုတ်လုပ်ဖွယ်ရှိသည့် စမတ်ဖုန်းများသည် ဖုန်းနှင့်တက်ဘလက်ကြား အောင်မြင်နေသည့် "phablets" များ၏နယ်ပယ်တွင် ထပ်မံဝင်ရောက်လာမည့် စမတ်ဖုန်းများလည်းဖြစ်လာလိမ့်မည်။အောင်မြင်နေသော phablets များ အနက် သာဓကတစ်ခုမှာ Samsung Galaxy Note စီးရီးစ်များဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၇ လက်မရှိသည်။
Juniper Research ၏ ခန့်မှန်းချက်များအရ ၂၀၁၈ ခုနှစ်တွင် phablets များ၏ စုစုပေါင်းတင်ပို့ရောင်းချမှုမှာ သန်း ၁၂၀ ခန့်ရှိလာလိမ့်မည်ဟု ဆိုသည်။Juniper ၏ စစ်တမ်းကောက်ယူချက်များအရပြီးခဲ့သည့်နှစ်တွင့် phablets များရောင်းချရမှုမှာ သန်း ၂၀ ဝန်းကျင်ရှိခဲ့သည်ဟု သိရှိရသည်။
===================================
Ref: www.indiatimes.com
Nyein Chan( TSJ Tech Team)
လူအများကြားတွင်နာမည်ကြီးခဲ့တဲ့ Facebook ဟာ ၂၀၁၂ နောက် ပိုင်းနှစ်တွေမှာလူသုံးနည်းလာတာကြောင့် ၂၀၁၇ခုနှစ်တွင် တဖြည်းဖြည်းပျောက်ကွယ်လာတော့မည်ဖြစ်ကြောင်း ပရင့်(စ်)တန် တက္ကသိုလ်ကသုတေသနပြုလုပ်သူများ၏စစ်တမ်းကောက်မှု စာရင်းအရသိရသည်။
ဒါအပြင်သိပ္ပံပညာရှင်များကလည်း ၂၀၁၇ခုနှစ်မှာ Facebook ဟာ User ၈၀ရာခိုင်နှုန်းကိုဆုံးရှုံးရမည်ဖြစ် ကြောင်းပြောကြားသည်။
Facebook ဟာလာမည့်ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ သူရဲ့ ၁၀ ကြိမ်မြောက်မွေးနေ့ပွဲကိုကျင်းပမည် ဖြစ်ရာယင်းလူမှုကွန်ရက်အား အခြားသောလူမှုကွန်ရက်များဖြစ်သည့် Myspace ၊ Bebo ၊ hi5 စတာတွေထက်ပိုပြီးသက်တမ်း ကြားရှည်ခဲ့ကြောင်းသိရသည်။
ယခုလက်ရှိမှာတော့ Facebook ဟာ အသုံးပြုသူ ၁.၂ဘီလီယံ အထိတိုးခဲ့ကြောင်းပြီးခဲ့တဲ့ အောက်တိုဘာလကထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအသုံးပြုသူများဟာစမတ်ဖုန်း ၊ တက်ဘလက်များကသုံးသူများ သာဖြစ်ပြီး ကွန်ပျူတာကနေ အသုံးပြုသူများကတော့ကျဆင်းနေကြောင်း သိရသည်။
Credit >>> Black Flame : (TSJ Team)
Post By RooKie
EMCC ဆိုတာဘာလဲ ? |
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Credit >>> သက်နိုင်စိုး (Myanmar Mobile App Store
Post By RooKie
အရာရာတိုင်းက ကောင်းတဲ့သက်ရောက်မူ ရှိသလို တစ်ခြားတစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ ရှိနေတာကတော့ ရှောင်လွဲမရတဲ့ သဘာဝတစ်ခုပါပဲ။ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ ဆက်သွယ်ရေးကဏ္ဍတစ်ရပ်အနေနဲ့ မိုဘိုင်းဖုန်းတွေအသုံးပြုမူ ကြောက်ခမန်းလိလိတိုးတက်လာမူရဲ့နောက်မှာ လူသားတွေအပေါ် မိုဘိုင်းဖုန်းတွေရဲ့ ဆိုးကျိုးသက်ရောက်မူကို အဖြေရှာဖို့ အများသောလူသားတွေရဲ့ စိတ်ဝင်စားစရာတစ်ခုအနေနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ သင့်ရော မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည် ဆိုးကျိုးအကြောင်းကို စိတ်ဝင်စားပါသလား။ ဖုန်းတွေရှိ မိုက်ခရိုလ်ဝေ့နှုန်းထဲမှာ လျှပ်စစ်သံလိုက် Radiation တွေကိုသုံးထားတဲ့အတွက် ဒါဟာ ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေတယ်လို့ တစ်ချို့တွေက ယုံကြည်နေကြပါတယ်။ ဒီလိုထင်မြင်မူတွေကြားမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး အချက်အလက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေဟာ ရေရှည်အသုံးမူမှာ လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စနိင်ပါတယ်။
နောက်ပြီး မိုဘိုင်းဖုန်းရဲ့ ဓာတ်ရောင်ခြည်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေနိင်တယ်ဆိုတာပါပဲ။ နိင်ငံတကာကင်ဆာဖောင်ဒေါ်ရှင်းရဲ့ သတ်မှတ်ချက်အရ မိုဘိုင်းဖုန်းဓာတ်ရောင်ခြည်သင့်မူကြောင့်ဖြစ်ပွားစေတဲ့ ကင်ဆာရဲ့ အဆင့်ဟာ 2B carcinogens ဖြစ်ပါတယ်။ နောက်ထပ်လေ့လာမူတွေအရ ဦးနှောက်အမြှေးပါးယောင်ရောဂါနဲ့ ပါးဖောင်းကင်ဆာတွေဖြစ်ပွားနိင်ခြေရှိတယ်လို့သိရပါတယ်။ အခြား အသုံးများရင် အဖြစ်များမှာကတော့ မှတ်ဥာဏ်လျော့နည်းလာတတ်ခြင်း၊ အကြားအာရုံကြောပြသနာ၊ မျက်စိပြသနာစတဲ့ ဖုန်းနဲ့ အနီးကပ်ဆုံး လူခန္ဓာကိုယ် အစိတ်အပိုင်း တွေကို ထိခိုက်စေနိင်ပါတယ်။
ရောဂါဆိုလို သိပ်လည်းမကြောင့်ကြသွားပါနဲ့။ ဒါကို ကျန်းမာရေးသတိပေးတဲ့အနေနဲ့ရေးလိုက်တာ ဖြစ်ပါတယ်။ ယခုလို ဖြစ်ပွားနိင်ခြေတွေရှိတဲ့ အတွက် ဒီလိုအသိတွေရှိပြီး ဆင်ခြေမယ်ဆိုတော်ကာကြမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းပြောစရာရှိရင် အဆင်ပြေရင် မိုဘိုင်းဖုန်းနဲ့ ခေါ်မယ်အစား ရိုးရိုးအိမ်လက်ကိုင်ဖုန်းကိုအသုံးပြုပါ။ တကယ်လို့ မိုဘိုင်းဖုန်းနဲ့ခေါ်မယ်ဆိုရင်လည်း နားနဲ့မကပ်ပဲ ပြောကြားနိင်မဲ့ စပီကာ ဖွင့်လို့ပြောပါ။ နောက်ဆုံးမရမှသာ အသုံးပြုပါ။ ဒီလို သတိထားမယ်ဆိုရင်တော့ သင့်ကျန်းမာရေး ကိုဂရုစိုက်နိင်မှာ ဖြစ်ပါတယ်။ ကျန်းမာရွှင်လန်းသော ဘ၀များကိုပိုင်ဆိုင်ကြပါစေ။
Credit >> Aung Heine
Post By RooKie
Subscribe to:
Posts (Atom)
0 comments:
sithulann@gmail.com