ကျပ် ၁၅ဝဝ ထက် မပိုသည့် မိုဘိုင်းဆင်းမ်ကတ်များ ကို အော်ရီဒူးက အစောဆုံး ဇူလိုင်နှင့် နောက်အကျဆုံး စက်တင်ဘာ အတွင်း ရောင်းချမည်
0
ရန်ကုန်၊ မေ ၂၅- ကျပ် ၁၅၀၀ ထက်မပိုသည့်နှုန်းဖြင့် အင်တာနက် ပါဝင်ပြီး 3G ကွန်ရက်စနစ်သုံး မိုဘိုင်း ဆင်းမ်ကတ်များကို ယခုနှစ်တွင် အစောဆုံးအနေဖြင့် ဇူလိုင်လနှင့် နောက် အကျဆုံး အနေဖြင့် စက်တင် ဘာလအတွင်း အကန့်အသတ်မဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ 3G ကွန်ရက်သုံး စွဲနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့်မြို့ကြီးများ တွင် ဒေတာစင်တာများတည်ဆောက် ပြီးဖြစ်ကာ ဆက်သွယ်ရေးအတွက် အခြေခံ အဆောက် အအုံများဖြစ်သည့် တာဝါတိုင် ၄ဝဝကျော်စိုက်ထူသွား မည်ဖြစ်ပြီး ယင်းနှင့်ချိတ်ဆက်မည့် ဖိုက်ဘာလိုင်း ၁၂ဝဝကီလိုမီတာကျော် ချခြင်းများ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း မေ၂၅ရက် Sule Shangri-La တွင် မွန်းလွဲ၂နာရီမှ ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာ ရှင်းလင်းပွဲတွင် အော်ရီဒူး (မြန်မာ)မှ အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ပြောကြားခဲ့သည်။
ယင်းက''ဆင်းမ်ကတ်ရောင်းချမယ့်ဈေး၊ ဖုန်းပြောဆိုခ၊ အင်တာနက်နှုန်း စတာတွေကို ရက်အတိအကျကိုတော့ထပ်ကြေညာပါ့မယ်။ ပြိုင်ဘက်အော်ပ ရေတာတွေကလဲ ရှိနေတော့ သေချာမ ပြောပါရစေနဲ့ဦး။ တတိယသုံးလပတ်လို့ပဲ အကြမ်းဖျင်းပြောထားပါရစေ။ ဆင်းမ်ကတ် စရောင်းတဲ့အချိန်မှာ အရေအ တွက် ဘယ်လောက်စချမယ်ဆိုပြီး ကန့်သတ်ထားတာ မျိုးမရှိ ဘူး။ မှတ်ပုံတင် ပြတာနဲ့ ဝယ်နိုင်မယ်''ဟုပြောသည်။
TPM Ooredoo 1
အော်ရီဒူး (မြန်မာ)မှ အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ရှင်းလင်းပြောကြားစဉ်။
နှစ်တစ်နှစ်တွင် ပထမသုံးလပတ်ဆိုသည်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် တို့ကိုဆိုလိုခြင်းဖြစ်ပြီး၊ ဒုတိယ သုံးလပတ်ဆိုသည်မှာ ဧပြီ၊ မေနှင့် ဇွန်လတို့ ကိုဆိုလိုခြင်းဖြစ်ကာ တတိယ သုံးလပတ် ဆိုသည်မှာ ဇူလိုင်၊ ဩဂုတ်နှင့်စက် တင်ဘာလတို့ကိုဆိုလိုခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)မှ သိရသည်။ ယင်းသို့ 3G ကွန်ရက်ဖြင့် စတင်အသုံးပြုနိုင်ရန်အတွက် ဇန်နဝါရီလ လယ်က ဖုန်းစမ်းသပ်ခေါ်ဆိုမှုများ ဆောင်ရွက်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖိုက်ဘာ လိုင်းများကိုလည်း ကွန်ရက်ဖြန့်ကြက် မှုနှင့် အညီ ကီလိုမီတာ ထောင် နှင့်ချီ၍ လိုင်းချသွား မည်ဖြစ် ကြောင်း သိရသည်။
အော်ရီဒူး(မြန်မာ)အနေဖြင့် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက် များအား ကာကွယ်ပေးခြင်းများနှင့်ပတ်သက်၍ Mr.Ross Cormack က ''ဒေတာစင်တာတွေ နက်ဝေါ့ခ်တွေက အော်ရီဒူး က ပိုင်ဆိုင် တာ တွေဖြစ်တယ်။ သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်မယ်။
ကမ္ဘာ
အနှံ့မှာဆောင်ရွက်နေတဲ့နည်းဥပဒေအတိုင်း အစိုးရက အချက် အလက် တွေ တောင်း
တိုင်း ပေးမှာမဟုတ်ပါဘူး '' ဟု ယင်းကဆက်လက်ပြောသည်။
အော်ရီဒူး (မြန်မာ)သည် ဖေဖော်ဝါရီလ ၅ရက်တွင် တယ်လီကွန် လိုင်စင်ရရှိခဲ့ပြီး မြန်မာဝန်ထမ်းများ ဆက်တိုက်ခန့်အပ်လျက်ရှိကာ ကျန်းမာရေး၊ ပညာရေးနှင့်အားကစား အစရှိသည့် ကဏ္ဍ များ တွင် လည်း ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။
PPT [--Democracy today Daily Newspaper--]
0 comments:
sithulann@gmail.com