ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြု ခြင်းကို ဖီဖာတားမြစ်
0
ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင်
ထိပ်တန်း ဘောလုံး ကစားသမားအချို့ တပ်ဆင်အသုံးပြုကြသည့် Beats by Dr.Dre
နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က
တားမြစ်လိုက်သည်။
ယခုကဲ့သို့ Beats နားကြပ်များ
အသုံးမပြုရန် တားမြစ်ခြင်းသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sony က စပွန်ဆာပေးထားသည့်
အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့
ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည်
ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီက ပြုလုပ်ခဲ့သည့် London Olympics
တွင် ကမ္ဘာ့ထိပ်တန်း အားကစားသမားများထံသို့ Beats က နားကြပ်ထောင်ပေါင်းများစွာ
အခမဲ့ ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက်
ကမ္ဘာ့အိုလံပစ်ကော်မတီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံး
ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမားများကို စပွန်ဆာပေးထားသည့် နားကြပ်များ
တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။
ပြီးခဲ့သည့်လက Apple သည် Beats ကို
အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats အမှတ်တံဆိပ်ကို
ဂီတနှင့် အားကစားလောကတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က
ပြောကြားခဲ့သည်။
Ref: CNET
Credit >> Internet Journal
0 comments:
sithulann@gmail.com