Mac OS X တွင် စာသားများကို အသံထွက်ဖတ်နိုင်ရန် ပြုလုပ်ခြင်း
0Mac OS X ကို အသုံးပြုသည်များသည် သတင်းဆောင်းပါး တစ်ခုကို အသံဖြင့် နားဆင်လိုသည့်အခါ သို့မဟုတ် ရေးသားထားသည့် ပုံနှိပ်မူကြမ်းတစ်ခုကို အသံဖြင့် ပြန်လည်နားထောင်လိုသည့်အခါ ရိုးရှင်းသည့် keyboard shortcut တစ်ခုကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။
ထို့အပြင် Mavericks တွင် အရည်အသွေးမြင့်သည့် အသံများကို download ပြုလုပ်နိုင်သောကြောင့် ယူကေ၊ သြစတြေးလျမှအစ အိန္ဒိယ၊ တောင်အာဖရိကအထိ ဒေသဆိုင်ရာ လေယူလေသိမ်းများဖြင့် နားဆင်နိုင်သည်။
Mac ၏ Speech လုပ်ဆောင်ချက်ကို အသုံးပြုခြင်း
Mac တွင် ပါဝင်သည့် Speech feature ကို menu တွင် တွေ့မြင်နိုင်သော်လည်း ၎င်းကို click နှိပ်၍ အသုံးမပြုနိုင်ပေ။ ပရိုဂရမ်အများစု (အားလုံးမဟုတ်) တွင် Speech menu ကို menubar ၏ Edit တွင် တွေ့မြင်နိုင်သည်။
ထို့နောက် Start Speaking ကိုနှိပ်လိုက်သည့်အခါ Mac က default အသံကို အသုံးပြုပြီး စာဖတ်ပေးမည် ဖြစ်သည်။
Speech အတွက် keyboard shortcut တစ်ခုကို ဖန်တီးနိုင်သည်။ System Preferences panel သို့သွားပြီး Keyboard settings ကို နှိပ်ပါ။ Shortcuts သို့သွားပြီး ဘယ်ဘက် panel တွင် App Shortcuts option ကိုနှိပ်ပါ။ ဒီနေရာတွင် မည်သည့် program အတွက်မဆို menu shortcut များ ဖန်တီးနိုင်သည်။
ထို့နောက် shortcut အသစ်တစ်ခု ဖန်တီးပြီး Start Speaking ဟု အမည်ပေးပါ။ ပြီးလျှင် နှစ်သက်ရာ keyboard shortcut ကို ထည့်သွင်းပါ။
ထို့နောက်တွင် အသံထွက် စာဖတ်သည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းပေးမည့် shortcut တစ်ခုကို ထည့်သွင်းပါ။ Select လုပ်ထားသည့် မည်သည့် စာသားများကို ဖတ်နိုင်သည့် keyboard shortcut တစ်ခုကိုလည်း ထည့်သွင်းနိုင်သည်။
ဒီနည်းလမ်းကို ဘယ်လိုအချိန်မှာ အသုံးပြုမလဲ
ဒီနည်းလမ်းဟာ အမြင်အာရုံချို့တဲ့သူများ အတွက် အလွန်အသုံးတည့်စေမည့် နည်းလမ်းဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် တစ်ခုထက်ပိုသည့် ပရိုဂရမ်များကို အသုံးပြုသူများ အတွက်လည်း အသုံးတည့်စေသည်။ ထို့ကြောင့် ဂရပ်ဖစ်ဒီဇိုင်း ရေးဆွဲနေရှုး သတင်းဆောင်းပါး တစ်ပုဒ် ဖတ်လိုသည့်အခါ ဒီနည်းလမ်းကို သုံးနိုင်သည်။ ထို့အပြင် blog post များ၊ ရှည်လျားသည့် email message များ စသည်တို့ကို ဖတ်ရှုရာတွင်လည်း ဒီနည်းလမ်းကို အသုံးပြုနိုင်သည်။
နှစ်သက်ရာ အသံကို ရွေးချယ်အသုံးပြုခြင်း
Mac ဖြင့် စာသားများကို ဖတ်ရှုရန် စေခိုင်းရာတွင် နှစ်သက်ရာ အသံဖြင့် ရွေးချယ် ပြုလုပ်နိုင်သည်။ System Preferences > Dictation And Speech option ကိုသွားပါ။
Text To Speech ကိုနှိပ်ပါ။
Default အသံက Tom ဖြစ်နေပါက drop down menu ကိုနှိပ်ပြီး နှစ်သက်ရာ အသံများကို ရွေးချယ်နိုင်သည်။ ထို့အပြင် Customize option ကိုနှိပ်ပြီး နိုင်ငံတကာ လေယူလေသိမ်းများဖြင့်လည်း နားဆင်နိုင်သည်။
Ref: MakeUseOf
Credit >>> Internet Jouranl
0 comments:
sithulann@gmail.com