Apple နှင့် Google AppStore ပေါ်လစီပြောင်းရန် ကိုရီးယား အစိုးရ ညွှန်ကြား
0
Apple အနေနဲ့ ကိုရီးယား အစိုးရရဲ့ ဆန္ဒဖြစ်တဲ့ Apple Store policy ပြောင်းလဲနိုင်ဖို့ကို တစ်ကမ္ဘာလုံးက Strore များအတွက်ပါ ထည့်သွင်း စဉ်းစားနေပြီး အကယ်၍ ပြောင်းလဲပြီးသွားပါက User များအား Terms and condition အသစ်ကို ပေးပို့ သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။
FTC ရဲ့ ညွှန်ကြားချက်အရ၊ Google Play Store ကိုလည်း Developer များရဲ့ Refund policies အပေါ်ကို အခြေခံကာ Customer refund အတွက် ပြန်လည် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
"ယခုလို ညွှန်ကြားချက် ထုတ်ရတာဟာ စားသုံးသူများ အတွက် ကာကွယ်တာဖြစ်ပြီး၊ ဒီအကျိုးဆက်ဟာ တစ်ကမ္ဘာလုံးကို သက်ရောက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ကိုရီးယား Fair Trade Commission (FTC) က သတင်းထုတ်ပြန်ခဲ့ပါတယ်..
2011 ခုနှစ်တုန်းကလည်း တိုင်ဝမ် အစိုးရကနေပြီး Apple နဲ့ Google တို့ရဲ့ App Store policies တွေကို ပြုပြင်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘယ်အချက်တွေကို ပြုပြင်ပြောင်းလဲခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။
ယခုလက်ရှိ Apple ရဲ့ ပေါ်လစီအရ App တွေအတွက် လွယ်လွယ်ကူကူ အလိုလျှောက် ငွေပြန်အမ်းပေးတဲ့ စနစ်မျိုးဟုတ်ပဲ၊ App ရဲ့ ချို့ယွင်းချက်များကို "Report a Problem" စနစ်နဲ့ အဆင့်လိုက် တင်ပြပြီးမှ ပြန်ရတာမျိုး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ကစတင်ပြီး Apple အနေနဲ့ Refund လုပ်ထားပြီးသား App များကို User အနေနဲ့ ပြန်လည်မဝယ်ယူပဲ Reinstall & Update လုပ်ခြင်းကို တားဆီးခဲ့ပါတယ် နောက်ပိုင်းမှာ ယခုလို တားမြစ်မှုမျိုးကို Mac App Store မှာပါ လုပ်ဆောင်သွားပါလိမ့်မယ်။
Credit >>> မိုးသိကြား
0 comments:
sithulann@gmail.com