Microsoft ၏ စမတ်နာရီတွင် Sensor (၁၁) ခုပါရှိမည်
0
Microsoft က စမတ်နာရီကို အောက်တိုဘာလတွင် ရောင်းချမည်ဟု
သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြထားပါသည်။ စမတ်နာရီတွင် ၀တ်ဆင်သူ၏
နှလုံးခုန်နှုန်းကို တိုင်းတာရန် Sensor (၁၁) ခုပါရှိမည်ဟု Tom’s Hardware ၏
သတင်းအရင်းအမြစ်များမှ သိရှိရပါသည်။ ထို့အပြင် စမတ်နာရီတွင် Texas
Instruments နှင့် Atmel တို့မှ Chips များကို အသုံးပြုထားမည်ဖြစ်သည်။
ယခင် ထွက်ရှိခဲ့သော သတင်းများအရ စမတ်နာရီသည် Windows, iOS, Android စသည့်
မတူညီသော Operating System များမောင်းနှင်သည့် Device အားလုံးတွင်
အသုံးပြုနိုင်မည်ဟု သိရပါသည်။ စမတ်နာရီသည် Nike Fuelband ကဲ့သို့
ပါးလွှာသည့် ဒီဇိုင်းဖြစ်ပါသည်။
စမတ်နာရီ၏ မျက်နှာပြင်သည် ၀တ်ဆင်သူ၏ လက်ကောက်ဝတ် အတွင်းဘက်တွင် တည်ရှိမည်ဖြစ်သည်။ ထို့အတွက် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ်နိုင်မည်ဖြစ်သည်။
စမတ်နာရီ၏ မျက်နှာပြင်သည် ၀တ်ဆင်သူ၏ လက်ကောက်ဝတ် အတွင်းဘက်တွင် တည်ရှိမည်ဖြစ်သည်။ ထို့အတွက် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို အခြားသူများ မမြင်တွေ့စေရန် ကာကွယ်နိုင်မည်ဖြစ်သည်။
Microsoft က စမတ်နာရီနှင့် ပတ်သက်၍ အတည်ပြုကြေညာခြင်းမရှိသေးသော်လည်း
အောက်တိုဘာလတွင် ကြေညာမည်ဟု သတင်းထွက်ပေါ်နေသဖြင့် Microsoft ၏ စမတ်နာရီကို
မကြာမီ မြင်တွေ့ရတော့မည်ဖြစ်သည်။ Apple ကလည်း iWatch စမတ်နာရီကို
အောက်တိုဘာလတွင် ကြေညာမည်ဟု သတင်းထွက်ပေါ်လျှက်ရှိသည်။
Credit Digital Life Journal
0 comments:
sithulann@gmail.com