ကုမ္ပဏီပိုင် app store ကိုပိတ်သိမ်းရန် Intel စီစဉ်နေ

0
Thursday, May 29, 2014


ချစ်ပ်ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် Netbook ခေတ်ကရေပန်းစားခဲ့သည့် ၎င်း၏ AppUpstore ကိုပိတ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
Intel သည်အဆိုပါ app store ကိုမူလက Netbook များအတွက်သာ ရည်ရွယ်ထားခဲ့ပြီး နောက်ပိုင်းတွင် ultrabook များကဲ့သို့သော အခြားထုတ်ကုန်များအတွက် ထောက်ပံ့ရန်စီစဉ်ခဲ့သည်။
Intel AppUp Center သည်မတ်လ ၁၁ ရက်တွင်ပိတ်သိမ်းမည် ဖြစ်ကြောင်း Intel ၏ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
ယခုကဲ့သို့ store ကိုပိတ်သိမ်းခြင်းကြောင့် Intel အနေဖြင့်မျိုး ဆက်သစ် platform တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရန်အတွက် အာရုံစိုက်လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း အထက်ပါ ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။
ထို့အပြင် ဈေးကွက်အနေအထားက ပြောင်းလဲလျက်ရှိပြီး သုံးစွဲသူများ၏ လိုအပ်ချက်သည်လည်း ပြောင်းလဲနေကြောင်း၊ ထို့အတွက် ကုမ္ပဏီအနေဖြင့် Cloud အခြေခံဝန်ဆောင် မှုများအပေါ် အာရုံစိုက်ပြီး
ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း Intel မှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Intel သည် AppUp စတိုးကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလက မိတ်ဆက်ပေးခဲ့ပြီး ၎င်း store ကို Netbook များအတွက် ရည်ရွယ်ထားကြောင်း ထိုစဉ်က ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ တီဗီများနှင့်အခြား ထုတ်ကုန်များအတွက် ပြောင်းလဲထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ခဲ့ကြောင်း သိရသည်။
နောင်နောင်
Ref: CNET
Internet Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com