Showing posts with label Mac. Show all posts

Mac OS X တွင် စာသားများကို အသံထွက်ဖတ်နိုင်ရန် ပြုလုပ်ခြင်း

0
Thursday, August 07, 2014

Photo: How-To

Mac OS X တွင် စာသားများကို အသံထွက်ဖတ်နိုင်ရန် ပြုလုပ်ခြင်း
=========

Mac OS X ကို အသုံးပြုသည်များသည် သတင်းဆောင်းပါး တစ်ခုကို အသံဖြင့် နားဆင်လိုသည့်အခါ သို့မဟုတ် ရေးသားထားသည့် ပုံနှိပ်မူကြမ်းတစ်ခုကို အသံဖြင့် ပြန်လည်နားထောင်လိုသည့်အခါ ရိုးရှင်းသည့် keyboard shortcut တစ်ခုကို နှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

ထို့အပြင် Mavericks တွင် အရည်အသွေးမြင့်သည့် အသံများကို download ပြုလုပ်နိုင်သောကြောင့် ယူကေ၊ သြစတြေးလျမှအစ အိန္ဒိယ၊ တောင်အာဖရိကအထိ ဒေသဆိုင်ရာ လေယူလေသိမ်းများဖြင့် နားဆင်နိုင်သည်။

Mac ၏ Speech လုပ်ဆောင်ချက်ကို အသုံးပြုခြင်း

Mac တွင် ပါဝင်သည့် Speech feature ကို menu တွင် တွေ့မြင်နိုင်သော်လည်း ၎င်းကို click နှိပ်၍ အသုံးမပြုနိုင်ပေ။ ပရိုဂရမ်အများစု (အားလုံးမဟုတ်) တွင် Speech menu ကို menubar ၏ Edit တွင် တွေ့မြင်နိုင်သည်။

ထို့နောက် Start Speaking ကိုနှိပ်လိုက်သည့်အခါ Mac က default အသံကို အသုံးပြုပြီး စာဖတ်ပေးမည် ဖြစ်သည်။

Speech အတွက် keyboard shortcut တစ်ခုကို ဖန်တီးနိုင်သည်။ System Preferences panel သို့သွားပြီး Keyboard settings ကို နှိပ်ပါ။ Shortcuts သို့သွားပြီး ဘယ်ဘက် panel တွင် App Shortcuts option ကိုနှိပ်ပါ။ ဒီနေရာတွင် မည်သည့် program အတွက်မဆို menu shortcut များ ဖန်တီးနိုင်သည်။

ထို့နောက် shortcut အသစ်တစ်ခု ဖန်တီးပြီး Start Speaking ဟု အမည်ပေးပါ။ ပြီးလျှင် နှစ်သက်ရာ keyboard shortcut ကို ထည့်သွင်းပါ။

ထို့နောက်တွင် အသံထွက် စာဖတ်သည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းပေးမည့် shortcut တစ်ခုကို ထည့်သွင်းပါ။ Select လုပ်ထားသည့် မည်သည့် စာသားများကို ဖတ်နိုင်သည့် keyboard shortcut တစ်ခုကိုလည်း ထည့်သွင်းနိုင်သည်။

ဒီနည်းလမ်းကို ဘယ်လိုအချိန်မှာ အသုံးပြုမလဲ

ဒီနည်းလမ်းဟာ အမြင်အာရုံချို့တဲ့သူများ အတွက် အလွန်အသုံးတည့်စေမည့် နည်းလမ်းဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် တစ်ခုထက်ပိုသည့် ပရိုဂရမ်များကို အသုံးပြုသူများ အတွက်လည်း အသုံးတည့်စေသည်။ ထို့ကြောင့် ဂရပ်ဖစ်ဒီဇိုင်း ရေးဆွဲနေရှုး သတင်းဆောင်းပါး တစ်ပုဒ် ဖတ်လိုသည့်အခါ ဒီနည်းလမ်းကို သုံးနိုင်သည်။ ထို့အပြင် blog post များ၊ ရှည်လျားသည့် email message များ စသည်တို့ကို ဖတ်ရှုရာတွင်လည်း ဒီနည်းလမ်းကို အသုံးပြုနိုင်သည်။

နှစ်သက်ရာ အသံကို ရွေးချယ်အသုံးပြုခြင်း

Mac ဖြင့် စာသားများကို ဖတ်ရှုရန် စေခိုင်းရာတွင် နှစ်သက်ရာ အသံဖြင့် ရွေးချယ် ပြုလုပ်နိုင်သည်။ System Preferences > Dictation And Speech option ကိုသွားပါ။

Text To Speech ကိုနှိပ်ပါ။

Default အသံက Tom ဖြစ်နေပါက drop down menu ကိုနှိပ်ပြီး နှစ်သက်ရာ အသံများကို ရွေးချယ်နိုင်သည်။ ထို့အပြင် Customize option ကိုနှိပ်ပြီး နိုင်ငံတကာ လေယူလေသိမ်းများဖြင့်လည်း နားဆင်နိုင်သည်။

Ref: MakeUseOf

Credit >>> Internet Jouranl Continue reading →

Sync All Devices In One Mac

0
Thursday, July 10, 2014

Mac user များအတွက်: Mac computer တစ်လုံးထဲမှနေ၍ iOS, Android Device များအပြင် အခြားကိုယ်ပိုင် Mac များနှင့် Cloud storage တို့ကို မိမိ၏ Mac တစ်လုံးထဲမှ software တစ်ခုထဲကို သုံးပြီး Manage, Sync လုပ်နိုင်တဲ့ Application တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...

"SyncMate" လို့ အမည်ရတဲ့ application က Mac computer များ၊ Androids, Unlimited iOS devices တို့အပြင် MTP support (Media Transfer Protocol) နှင့် USB ပါရှိတဲ့ MP3 player, Digital Camera တို့ကို Mac တစ်လုံးထဲကနေပြီး Sync လုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။

ရှင်းလင်း လွယ်ကူစွာ ဖန်တီးထားတဲ့ "SyncMate" မှာ Sync options များစွာပါဝင်ပြီး Calendars, Reminders, Contacts, Safari bookmarks, iTunes နဲ့ iPhoto တို့ကို sync လုပ်နိုင်မည့်အပြင် SMS, Call History တို့ကိုလည်း Mac ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါလိမ့်မယ်။ 'SyncMate' က Android အတွက်လည်း အလားတူ လုပ်ဆောင်ခွင့်ပြုထားပြီး၊ ဆန္ဒရှိရင် divide ကို background မှာပါ automatic sync လုပ်နိုင်ပါသေးတယ်..

'SyncMate' ထုတ်လုပ်သော ကုမ္ပဏီ ပြောကြားချက်အရ iCloud service ထက် ပိုပြီး လုံခြုံမှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Android phone များကို WiFi, Bluetooth, USB တို့နဲ့ပါ sync လုပ်နိုင်တယ်လို့ ပြောထားပါတယ်။

"SyncMate" မှာ 'Free' နှင့် 'Expert' ဟူ၍ Editions နှစ်မျိုးခွဲခြားထားပါတယ်။ 'Free' edition မှာတော့ အခြေခံ syncing လုပ်ငန်းစဉ်များကို လုပ်နိုင်ပါတယ်။

'Expert' edition ကို personal edition (2Macs) $ 39,95 နဲ့ စတင်ထားပြီး၊ Family (6Macs) $ 59.95 နှင့် Small Business (Unlimited Macs) $199.95 သတ်မှတ်ထားပါတယ်..

Small Business edition ကို စိတ်ဝင်စားသူများ အတွက် 25% Discount ရချင်တယ် ဆိုရင်တော့ အောက်ပါ ကူပွန်ကုဒ်ကို အသုံးပြု၍ ဝယ်ယူကြပါ..

@coupon code: SM5-DSC-CLTOFMAC

>> Download SyncMate

မိုးသိကြား Continue reading →