Showing posts with label Computer Knowledge. Show all posts
Operating System အမျိုးမျိုးအတွက် Bootable USB Drives နဲ့ SD Cards ပြုလုပ်နည်းများ
0
Wednesday, July 09, 2014
Operating System များအတွက် Installation Media များပြုလုပ်ရတာလွယ်ကူပါတယ်။ ISO ဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး
CD/DVD မှာ Burn လိုက်ရုံပါပဲ။ USB Drives နဲ့ SD Cards များကို
Installation Media အဖြစ်ပြုလုပ်မယ်ဆိုရင်တော့ အနည်းငယ် အလုပ်ပိုပြီး
Operating System တစ်ခုချင်းစီအတွက် သီးခြားနည်းလမ်းများ ရှိပါတယ်။
ISO Disc Image ကနေ ဖိုင်များကို ကော်ပီကူးပြီး USB Drive မှာ Paste လုပ်ရုံနဲ့ မရပါဘူး။ USB Drive ရဲ့ Data Partition ကို Bootable ဖြစ်အောင် ပြုလုပ်ရမှာပါ။ ဒီလိုလုပ်ရင် USB Drive or SD Card မှ ဒေတာများကို ဖျက်ဆီးပစ်မှာကို သတိပြုပါ။
Linux
-------
Bootable Linux USB Drives များ ပြုလုပ်ဖို့အတွက် Universal USB Installer ကို အသုံးပြုဖို့ Ubuntu က အကြံပေးထားပါတယ်။ Universal USB Installer က Linux Distribution များစွာအတွက် Bootable Disc Images များပြုလုပ်ပေးနိုင်ပါတယ်။
အသုံးပြုချင်တဲ့ Linux Distribution ရဲ့ .ISO ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ Universal USB Installer ကို Run ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ ISO ဖိုင်နဲ့ USB Drive ကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ Create ကို နှိပ်ပြီးအချိန်အနည်းငယ်စောင့်ပါ။ ဒါဆိုရင် Bootable Linux USB Drive ပြုလုပ်ပြီးပါပြီ။ အဲဒီ USB Drive ကနေ Linux OS ကို အင်စတော လုပ်နိုင်ပါပြီ။
Linux မှာ အသုံးပြုနိုင်တဲ့ အခြား Tool တစ်ခုရှိပါသေးတယ်။ Ubuntu မှာ Bootable USB Drive များပြုလုပ်ဖို့ Startup Disk Creator Tool ပါရှိပါတယ်။
UNetbootin ကိုလည်း Linux မှာ အသုံးပြုနိုင်ပါတယ်။
IMG File
------------
အချို့ Operating System များက ISO ဖိုင်အစား IMG ဖိုင်များကို ပေးလေ့ရှိပါတယ်။ IMG ဖိုင်ဟာ USB Drive ဆီသို့ တိုက်ရိုက် အင်စတော လုပ်လို့ရတဲ့ Raw Disk Image ဖြစ်ပါတယ်။
IMG ဖိုင်ကို USB Drive or SD Card မှာ အင်စတောလုပ်ဖို့ အတွက် Win32 Disk Imager ကို အသုံးပြုပါ။ Win32 Disk Imager ကို Run ပြီးရင် IMG ဖိုင်နဲ့ Drive ကို ရွေးပေးပါ။ ပြီးရင် Write ကို နှိပ်ပါ။ ဒါဆိုရင် IMG ဖိုင်အတွက် Bootable USB Drive ရရှိပါပြီ။ USB Drive မှာ ရှိတဲ့ ဒေတာများကိုတော့ ဖျက်ပစ်မှာကို သတိပြုပါ။ Win32 Disk Imager ကို အသုံးပြုပြီး USB Drives နဲ့ SD Cards များရဲ့ IMG ဖိုင်များလည်း ပြုလုပ်နိုင်ပါတယ်။
Linux အသုံးပြုသူများအတွက် dd command ကို အသုံးပြုပြီး IMG ဖိုင်ကို USB Drive မှာ အင်စတော လုပ်နိုင်ပါတယ်။ USB Drive ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီးရင် အောက်ပါ Command ကို Ubuntu မှာ Run ပေးပါ။
sudo dd if=/home/user/file.img of=/dev/sdX bs=1M
/home/user/file.img နေရာမှာ IMG ဖိုင်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပေးပါ။ /dev/sdX နေရာမှာ USB or SD Card ရဲ့ လမ်းကြောင်းကို ပြောင်းလဲပေးပါ။ USB Drive ရဲ့ လမ်းကြောင်းကို ရေးတဲ့အခါမှာ သတိထားပါ။ System Drive ရဲ့ လမ်းကြောင်းကို ရေးမိရင် Operating System Drive ကို ဖျက်မိနိုင်လို့ဖြစ်ပါတယ်။
Windows 7/8
----------------
Windows 7/8 တို့အတွက် Microsoft ရဲ့ Windows 7 USB/DVD Download Tool ကို အသုံးပြုနိုင်ပါတယ်။ Windows 7 USB/DVD download Tool ကို ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပြီး Run ပါ။ ISO ဖိုင်ကိုရွေးပေးပြီးရင် Next နှိပ်ပါ။ နောက်အဆင့်မှာ USB Device ကို နှိပ်ပါ။ Usb Drive ကိုကွန်ပြူတာနဲ့  ချိတ်ဆက်ပြီး Begin copying နှိပ်ပါ။ ဒါဆိုရင်သင့် USB Drive ကိုဖောက်မက်ချပြီး Windows Installer ဖိုင်တွေကိုစတင်ကူးပါပြီ။ ပြီးရင်တော့ “Backup completed” ကိုတွေ့ မြင်ရမှာပါ။
Mac OS X
-------------
Mac App Store မှ OS X Mavericks Installer ကို ဒေါင်းလုပ်လုပ်ပါ။ ဒီလိုလုပ်ဖို့ Mac App Store ကို ဖွင့်ပြီး OS X Mavericks ကို ရှာပါ။ ပြီးရင် Install App ကို နှိပ်ပြီး Download ပြုလုပ်ခြင်းကို Confirm လုပ်ပါ။ Installer ကို ရရင် USB Drive ကို ကွန်ပြူတာမှာ ချိတ်ဆက်ပါ။ 8GB နဲ့ သူ့အထက် USB Drive or SD Card လိုအပ်ပါတယ်။ ပြီးရင် Third-Party Tool တစ်ခုဖြစ်တဲ့ Disk Maker X ကို အွန်လိုင်းမှာ အခမဲ့ရယူပါ။ Disk Maker X ကို ဖွင့်ပြီးရင် Mac OS X အတွက် Bootable OS X USB Drive တစ်ခု အလွယ်တကူ ဖန်တီးနိုင်ပါတယ်။
ေေေေေ နောက်ထပ်တစ်နည်းက Terminal ကို အသုံးပြုရတာပါ။ Terminal App ကို ဖွင့်ဖို့ Command + Space ကို နှိပ်ပြီး Terminal လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ အောက်က Command ကို Run ပါ။ Name နေရာမှာ USB Drive ရဲ့ နာမည်ကို ပြောင်းပေးပါ။
sudo /Applications/Install\ OS\ X\ Mavericks.app/Contents/Resources/createinstallmedia –volume /Volumes/Name –applicationpath /Applications/Install\ OS\ X\ Mavericks.app –nointeraction
Rufus ဆိုတဲ့ Tool က Linux ISO, IMG နဲ့ Windows ISO ဖိုင်တွေကနေ Bootable Drives များပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ဖော်ပြပေးထားတဲ့ Operating System တစ်ခုချင်းစီအတွက် သီးခြားနည်းလမ်းများက နာမည်အကြီးဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။

Credit Digital Life Journal
Continue reading →
ထားလို့ရတယ် ဆိုတာကို ပြောပြပေးပါ့မယ်။ ဆို လိုတာကတော့ မိမိအသုံးမပြုချင်တဲ့ Application
တွေကို တစ်ခုခြင်းစီပိတ်ပေးတာကို ပြောပြပေးမှာ။ ကဲ စပြီးလေ့လာကြရအောင်.......
ပုံ(၁)တွင် Start>Run>မှတဆင့် gpedit.msc လို့ရိုက်ထည့်ပေးပါ။
ပုံ(၂)တွင် Group Policy Box ပေါ်လာပါက ပုံမှာဖော်ပြပေးထားတဲ့လမ်းကြောင်းအတိုင်း သွားပေးပါ။
ထို့နောက် ပုံတွင် select မှတ်ထားသော Service ဆီသွားပြီး Double Click နှိပ်ပေးပါ။
ပုံ(၃)တွင် "Don't run specified windows applications" ရဲ့ Properties box ပေါ်လာလိမ့်မယ်။
ထိုနေရာရောက်လျှင် Enabled ကိုရွေးပေးပြီး "show"ဆိုသည့် Button ကို Click နှိပ်ပေးပါ။
ပုံ(၄)တွင် "show contents" boxတွင် ပေါ်လာပါလိမ့်မည်။ထိုBoxတွင် ပေါ်လာပါက Add ကို Click
နှိပ်ပေးပါ။(ပုံတွင် ၀င်းဒိုး 8မှာတွေ့ရသည့်ပုံဖြစ်ပါသည်)
ပုံ(၅)တွင် Add Item Box ပေါ်လာပါက regedit.exe ကိုရိုက်ထည့်ပေးပါ။ပြီးပါက Ok ကို Click နှိပ်ပေးပါ။
ဒီနေရာမှာ ".exe"ဆိုသည့်နေရာတွင် မည်သည့် Applicatoin ကိုမဆိုပိတ်နိုင်ပါတယ်။ကဲ.......ဒီလောက်
ဆိုအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။
Credit >>> AungKyawKhiang (Pathein) Continue reading →
ကျနော်လည်း တစ်ချိန်တုန်းက ကွန်ပြူတာဝယ်လိုက်ရင် 32 bits နဲ့ 64 bits ဘာကွာလည်းဆိုတာကို သေချာ ကွဲကွဲပြားပြား မသိဘူး။
64 bits ဝယ်ဖြစ်ခဲ့တယ်။ ကံဆိုးချက်ကတော့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ
သွင်းတဲ့အခါ ရတာက ရပြီး မရတာက မရဘူး။ အထူးသဖြင့် Call of Duty
နောက်ဆုံးထွက်တွေ၊ Need For Speed ရဲလိုက်ဖမ်း တဲ့ ပြိုင် ကားမောင်းတာတွေ
သူများဆော့တာမြင်တော့ ဆော့ချင် တာပေါ့။ ဒီတော့ သွင်းလိုက်တိုင်း တစ်ခုမဟုတ်
တစ်ခုက အမှားပြတယ်။ Data source ရှာမတွေ့တာတို့ ၊ အရင်းမြစ် file
မရှိတာတို့ ဘာညာနဲ့ပြတယ်။ ကျနော်ညံ့ လို့နေမှာပါ။ သူများ 64 bits
ကွန်ပြူတာများ ရတယ်။ ကျနော် မရဘူး။ Avira တို့လို Virus သတ်တဲ့
ဆောဖ်ဝဲတွေလည်း ပိတ်ပါတယ်။ သို့ပေမယ့် သိပ်လည်း အဆော့ချင်ကြီးမဟုတ်၊
အရမ်းလည်း အားနေသူ မဟုတ်တော့ ၁ နာရီလောက် အချိန်ပေးလုပ်လို့ ထူးမလာရင်
ဒီတိုင်းပဲ ပစ်ထားဖြစ်လိုက်တယ်။ သေချာလုပ်ရင်တော့ ရမှာပါ။
ဒါက ဘာကြောင့်လဲဆို ကွန်ပြူတာရဲ့  RAM အသုံးချမှုက အဓိကပါတဲ့။ 32 bits က
RAM 4GB ထက်ပိုမသုံးဘူး။ 64 bits က RAM ရှိရင်ရှိသလောက်
သူသုံးဖြစ်လိမ့်မယ်။ Random Access Memory ကိုပြောတပါ။ တစ်ပြိုင်နက်တည်း
အလုပ်လုပ်နိုင်မှုပါ။ အလွယ်ဆုံး ဥပမာ ပေးရရင် ဓာတ်ခဲ ၂ လုံးအား
အသုံးပြုပြီး ထွန်းတဲ့ ဓာတ်မီးနဲ့ ဓာတ်ခဲ ၃ လုံးအား တစ်ပြိုင်နက်တည်း
ထွန်းတဲ့ ဓာတ်မီးတို့ အားကွာသလိုပေါ့။ ၃လုံးအားက ပိုလင်းလိမ့်မယ်။
ဒီလိုပါပဲ။ 64bits ကွန်ပြူတာရဲ့  အားသာချက်က Data Transfer မှာ
မြန်ပါတယ်။ တစ်ခါတည်း RAM အများအပြား အလုပ်လုပ်မှုကြောင့် သီချင်းတွေဘာတွေ
Flash Drive နဲ့ ကူးတဲ့အခါ ပိုမြန်တယ်။ 32 Bits ကျတော့ Data Transfer မှာ
လုပ်ဆောင်ချက် နှေးတယ်။
64 bits မှာ အားနည်းချက်က 32 bits သိမ်းဆည်းမှုစနစ်သုံး ပရိုဂရမ် များ၊
ဆော့ဖ်ဝဲများနဲ့ သုံးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် 64 bits များက
ဆော့ဖ်ဝဲရွေးတာပါ။ 16 bits program လည်း သုံးလို့ မရပါဘူး။
32 bis ကျတော့ ရပါတယ်။ ဆော့ဖ်ဝဲအချို့  ၊ ပရိုဂရမ်အချို့ က 32 bits
system နဲ့ပဲ ထုတ်ကြပါတယ်။ ဒါကြောင့် 32 bits ကို Windows တို့ ယနေ့တိုင်
ထုတ်လုပ်နေခြင်းပါ။ ဆက်လည်း ထုတ်အုံးမယ့်ပုံပါ။ 64 bits
နောက်ပိုင်းပေါ်လာသည့်တိုင် 32 bits စနစ်က ပျောက်မသွားဘူး။ ယနေ့အထိ Windows
Hardware တွေမှာ ခွဲခြား ထုတ်လုပ်နေဆဲပါပဲ။ ဒါကြောင့် အချို့ ဂိမ်းတွေ၊
ဆော့ဖ်ဝဲတွေ 32 bits နဲ့အလုပ်မလုပ်တာပါ။ 64 bits ဗားရှင်းကို
သက်သက်ပြန်ရှာရပါတယ်။
ဒီတော့ ဘယ်ဟာပိုကောင်းတယ်လို့ တပ်အပ်ပြောလို့ မရတော့ပါဘူး။ ကျနော်တောင်
အရင်တုန်းက ဂဏန်းများနဲ့ 64 bits က ပိုကောင်းတယ်လို့ သိထားတာ။ ခုတော့
နှစ်ခုလုံးမှာ သူ့ဟာကွက်တွေချည်းပါပဲ။ 32 bits RAM နဲ့ compact software
production ရှိနေသေးသရွေ့ ပေါ့။ 63 bits မှာ Kernel Patch Protection ရတယ်။
32 bits မှာမရဘူး။ ဒီလိုမျိုး အခြားကွဲပြားချက်တွေ အများကြီးရှိပါတယ်။
ဒီတော့ Microsoft က တရားဝင် ရေးသားထားတဲ့ 32 bits နဲ့ 64 bits
ကွာခြားချက် အကြောင်းများကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင်
ပါတယ်။
အောင်ခမ်း (smart.com.mm)
Continue reading →
Subscribe to:
Posts (Atom)

Social Widget