Showing posts with label IOS များ. Show all posts

iOS 8 အတွက် သင့်ရဲ့ iPhoneနဲ့ iPadကို ပြင်ဆင်ထားနည်းများ

0
Monday, September 01, 2014


 
Apple က ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ Worldwide Developer Conferenceမှာ iOS 8 ကို ကြေညာခဲ့ပါတယ်။ နောက်ဆုံး iOS Versionမှာ Siri Voice Assistant တိုးတက်ကောင်းမွန်လာပြီး Health and Wellness Appအသစ်နဲ့ Notification များကို ဆန်းသစ်ထားတဲ့အပြင်အခြားအရာများစွာ တိုးတက်ပြောင်းလဲလာပါတယ်။

iOS 8 ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဖြန့်ချီဖို့ ရှိနေတာကြောင့် အခုချိန်ဟာ Updateရယူဖို့ သင့် iPhone, iPad များကို အဆင်သင့်ပြုလုပ်ထားဖို့ အကောင်းဆုံးပါ။ ဒီနည်းလမ်းများက iOS 7ကနေ iOS 8ကို အဆင့်မြှင့်တင်ရာမှာ အချောမွေ့ဆုံး ဖြစ်စေမှာပါ။

Compatibilityကို စစ်ဆေးပါ။

မူလ iPadနဲ့ iPhone 4ကို သုံးနေသေးတယ်ဆိုရင် အဆင့်မြှင့်ဖို့ အချိန်ကျပါပြီ။ Appleရဲ့ Deviceအားလုံးဟာ iOS 8ကို Updateလုပ်လို့ မရပါဘူး။ Appleက အောက်ပါ Deviceများကသာ iOS 8ကို အဆင့်မြှင့်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီ Deviceများကတော့ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, Third-and Fourth-Generation iPad, iPad Air, Fifth-Generation iPod Touch, iPad Mini, iPad Mini with Retina Displayတို့ ဖြစ်ပါတယ်။

နေရာလွတ်တွေ ရှင်းလင်းပါ။


iOS 7ကို အင်တာနက်ကနေ Updateလုပ်ခဲ့ရတဲ့ ပမာဏဟာ 700MBလောက်ရှိပါတယ်။ ဒါပေမယ့် Updateကို အင်စတော လုပ်ဖို့ ဖုန်းမှာ 3GBလောက် နေရာလွတ်ရှိဖို့ လိုခဲ့ပါတယ်။ iOS 8 ထွက်ရှိလာရင်လည်း အဲဒီလိုအပ်ချက်တွေလောက် နေရာလွတ်ရှိဖို့ လိုမှာပါ။ အဲဒီအတွက် နေရာလွတ်တွေကို ရှင်းထားဖို့က အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

အသုံးမပြုတဲ့ Appတွေကို Uninstallလုပ်ထားဖို့ (အိုင်ကွန်ကို ဖိထားပြီး တုန်ခါလာရင် ကြေခြေခတ်ခလုတ်ကို နှိပ်ပါ။)နဲ့ ဓါတ်ပုံများကို iCloud ဒါမှမဟုတ် Dropbox, Google Driveတို့လို အခြား Cloud Serviceများကို ပြောင်းရွှေ့ထားသင့်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို မဖျက်ဘဲ သင့်ကွန်ပျူ တာကို ကူးပြောင်းထားရင်လည်း ဖုန်းမှာ နေရာလွတ်များ ရရှိစေမှာပါ။

iPhone, iPadကို USB ကနေ ကွန်ပျူ တာနဲ့ ချိတ်ပါ။ Mac ဒါမှမဟုတ် MacBook မှာ ဆိုရင် iPhoto ကို သုံးပြီး ဓါတ်ပုံအားလုံး ဒါမှမဟုတ် နှစ်သက်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး ကွန်ပျူ တာမှာ သိမ်းနိုင်ပါတယ်။ ဝင်းဒိုးကွန်ပျူ တာမှာ My Computerကို နှိပ်ပြီး Portable Device ကဏ္ဍဍမှ သင့် Deviceကို ရွေးချယ်ပါ။ DCIM Folder ကို နှိပ်ပါ။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Drag and Dropလုပ်ပြီး သင့်ကွန်ပျူ တာကို ကူးပြောင်းပါ။

သင့် iOS Deviceမှာ နေရာဘယ်လောက်ကျန်လဲ သိချင်ရင် Settings>General>Usageမှာ ကြည့်နိုင်ပါတယ်။

Updatesများကို စစ်ဆေးပါ။

နောက်တစ်ဆင့်မှာ သင်သုံးနေတဲ့ Softwareများကို Updateလုပ်ထားဖို့ လိုပါတယ်။ iOS 8 ကို အဆင့်မြှင့်ဖို့ နောက်ဆုံး iOS Versionကို တင်ထားရမှာပါ။ Settings>General> Software Update မှာ Update ရလား စစ်ဆေးပါ။
iOS 8 မှာ သင့်ရဲ့ Appအားလုံး အလုပ်ကောင်းစွာ လုပ်ဖို့ အတွက် iOS 8 ကို Update မလုပ်ခင်မှာ App အားလုံးကို Update လုပ်ထားသင့်ပါတယ်။

သင့် Deviceကို Back Up လုပ်ထားပါ။

Updateလုပ်စဉ်မှာ အဓိက ပြဿ     နာကြီးကြီးမားမား မရှိနိုင်ပေမယ့်လည်း သင့် Deviceကို Backup လုပ်ထားခြင်းက စိတ်ချရစေပါတယ်။
သင့် Deviceကို Backupလုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ ပထမနည်းက သင့်ကွန်ပျူ တာမှာ သိမ်းထားပေးမယ့် iTunesနဲ့ ပြုလုပ်ခြင်းပါ။ အဲဒီနည်းအတွက် နောက်ဆုံး iTunes Version ကို အင်စတော လုပ်ထားသင့်ပါတယ်။ သင့် iPhone, iPadကို USBကြိုးကနေ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပါ။ ပြီးရင် သင့် Device ကို ရွေးချယ်ပြီး အပေါ်ရှိ Menu ကနေ Summary Tab ကို သွားပါ။ သင့်ကွန်ပျူတာကို ရွေးချယ်ထားလားဆိုတာ သေချာအောင် စစ်ဆေးပြီး ညာဘက်ဘေးမှ Back Up Now ကို နှိပ်ပါ။ Apple Cloud Serviceမှာ သိမ်းချင်ရင် ကွန်ပြူတာ Optionရဲ့ အထက်မှ iCloud Optionကို ရွေးချယ်ပါ။

ဒေတာများကို သင့် iOS Deviceကနေ iCloud ကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဝိုင်ဖိုင်ဖွင့်ထားပြီး Settings>iCloud>Storage and Backupကို နှိပ်ပါ။ အဲဒီမှာ ဘယ်ဖိုင်တွေနဲ့ Settingsတွေကို iCloudမှာ သိမ်းမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးရင် Pageအောက်ဆုံးသွားပြီး Back Up Nowကို နှိပ်ပါ။

မှတ်သားစရာအချို့
 
အတိတ်မှာ ကြုံ ခဲ့ရဖူးသလိုပဲ တစ်ခါတစ်လေမှာ Update ကြီးကြီးမားမားတွေက Deviceအဟောင်းတွေမှာ ဆိုရင် ပြဿ     နာဖြစ်စေပါတယ်။ iOS 7ကို အဆင့်မြှင့်ပြီးနောက်မှာ iPhone 4ပိုင်ရှင်တွေဟာ ဘက်ထရီသက်တမ်း တိုးတောင်းသွားမှုနဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတဲ့ ပြဿ    နာများကို ကြုံတွေ့ခဲ့ကြပါတယ်။ iPhone 4S, iPad 2ပိုင်ရှင်တွေအနေနဲ့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာမှ iOS 8ကို အဆင့်မြှင့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့် Deviceကို Updateလုပ်စဉ်မှာ တွေ့ရမယ့် ပြဿ     နာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
 
ref: http://ict.com.mm
Continue reading →

Home Screen တွင် App များ ပျောက်ဆုံးခြင်း

0
Wednesday, August 20, 2014

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။

အကယ်၍ ယခုလိုအဖြစ်အပျက်မျိုး မိမိဆီမှာ တွေ့ကြုံရလာတဲ့အခါ အောက်ပါအတိုင်း ရှင်းလင်းခြင်းဖြင့် သွင်းယူထားသော App တွေ ပြည်လည် ပေါ်လာမှာဖြစ်ပါတယ်..

၁) iFile ကို ဖွင့်ပါ။ (မရှိသေးပါက Cydia မှ သွင်းယူပါ)
၂) /var/mobile/Library/Caches လမ်းကြောင်းအတိုင်းသွားပြီး "com.apple.mobile.installation.plist" ကို Delete လုပ်ပါ။
၃) iPhone, iPad ကို Power button အသုံးပြု၍ Power Off လုပ်ပါ။
၎) Power ပြန်ဖွင့်၍ တက်လာသောအခါ ပုံမှန်အတိုင်း သွင်းယူထားသော App များအားလုံးကို မြင်တွေ့ရပါမည်။


အကယ်၍ မမြင်တွေ့ရသေးပါက အဆင့် (၂) အတိုင်း ပြန်သွား၍ "com.apple.mobile.installation_backup.plist" ကိုပါ Delete လုပ်ပါ။
Reboot ပြန်လုပ်သောအခါတွင် အားလုံးပုံမှန် ပြန်လည်၍ အလုပ်လုပ်ပါလိမ့်မည်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား 
Continue reading →

Sapphire screen နှင့် iPhone model...?

0
Wednesday, August 20, 2014


Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။


Sapphire screen တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်က $16 လောက်ရှိပြီး လက်ရှိ Gorilla Glass ရဲ့ ထုတ်လုပ်မှုစရိတ် $3 နဲ့ ယှဉ်ရင် အလွန်ဈေးမြင့်ပါတယ်။
Apple အနေနဲ့ ထုတ်လုပ်မှုစရိတ် မြင့်တာရယ်၊ ကုန်ကြမ်း ရှားပါးတာရယ်ကြောင့် Sapphire screen ပါရှိမယ့် iPhone model အတွက် သီးသန့်ဈေးနှုန်းတစ်ခု သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီထက်အရင်က ကောလဟာလ သတင်းတစ်ခုမှာတော့ Sapphire screen ကို 64GB iPhone model မှာပဲ တပ်ဆင်လိမ့်မယ်လို့ ထွက်ခဲ့ဖူးပါတယ်။ အခုနောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက၊ Sapphire screen ကို လုံလောက်အောင် စီစဉ်ပြီးမှ iPhone 6s နဲ့မှ တစ်ပါတည်း ပွဲထုတ်လိမ့်မယ်လို့လည်း ပြောဆိုနေပါတယ်။

အကြမ်းခံတဲ့ Sapphire crystal ကို iPhone 5s (ယခုမော်ဒယ်လ်)ရဲ့ Home button နဲ့ Rare Camera lens အတွက် အသုံးပြုထားပါတယ်၊ သို့သော် iPhone မျက်နှာပြင် screen တစ်ခုလုံးအတွက် ဆိုရင်တော့ ကုန်ကျစရိတ် မြင့်လွန်းပါတယ်။

Sapphire screen တွေကို ပိုပြီး အကြမ်းခံစေဖို့ မှန်အပေါ်ကို ထပ်ပြီး laminate လောင်းနိုင်မယ့် စက်အသစ် တစ်မျိုးကို GT Advanced Technologies ကုမ္ပဏီက တီထွင်နိုင်ခဲ့ပေမယ့် ဒီစက်တွေကို စတင် လည်ပါတ်နိုင်စေဖို့ ဆိုရင် နောက်ထပ် လအနည်းငယ် အချိန်ယူရပါလိမ့်ဦးမည်... 


Credit >>> မိုးသိကြား
Continue reading →

Facebook messenger for android

0
Tuesday, August 19, 2014


Facebook messenger for android နောက်ဆုံးဗားရှင်းပါ 






Download >>> http://adf.ly/rFxER
 
Credit >>> Dices Man
Continue reading →

edjing DJ Mix Premium Edition for iPhone and iPad

0
Monday, August 18, 2014



 ပွတ်......ပွတ်ကြ..မယ်ဟေ့.......အဟိ....DJ ဝါသနာရှင်  ဘော်ဘော် တို.အတွက်ပြန်ရှယ်ပေးလိုက်ပါတယ်....edjing DJ Mix Premium Edition ကို   iPhone နှင့် iPad တို.တွင် ပွတ်လို.ရပါတယ် ခင်ည။edjing DJ Mix Premium Edition  for iPhone and iPad ကို $5.99 ဖြင်.ရောင်းထားသော်လည်း အောက်ကလင်.တွင် Free ၇ယူပါ...



iPhone Screenshot 1





http://adf.ly/qedSd





ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

Continue reading →

အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားမယ်

0
Monday, August 18, 2014



အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားချင်သော iOS User တွေအတွက် ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ည......ငိငိငိငိငိ ....ဘော်ဘော်တို. ဘာတွေသိမ်းမယ်ဆို.တာကို အနော် သိနေသလို.ပဲး......iMedia Pro -ကို $4.99 နဲ.ရောင်းထားသဗျ။
ကဲးကဲး လိုချင်ရင်တော.အောက်ကလင်.တွင် Free ဒေါင်းပါ ခင်ည.....



iPhone Screenshot 2
iPhone Screenshot 1


http://d-h.st/zoa

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။


Continue reading →

I device တွေအတွက် ChargingHelperPlus Tweak

0
Friday, August 15, 2014

IOS users တွေအတွက်အသုံးဝင်
မယ့် Tweak လေးအသိပေးပါရစေ
Charging helper plus လို့ခေါ်ပါ
တယ်။ iDevice ကို Charging သွင်းထားချိန်မှာမည်သူမျှသတိထားကြမှာမဟုတ်ပါဘူး။ သတိမ
ထားမိလည်းဒီကောင်လေးက Ring Alert ပေးပါလိမ့်မယ်။ Repeat
Alert လည်းပေးပါလိမ့်မယ်။ Pop
Up Alert လည်းပြပေးမှာဖြစ်လို့
အသံလည်းကြားမြင်လည်းမြင်ရ
ဆိုတော့သတိပြုမိမှာပါ။ install
လုပ်ပြ်ီးပါက Setting > charging
Helper setting ထဲမှာ alert On
ျေေေ ပေးရမှာဖြစ်ပါတယ်။ Home
Screen မှာလည်း Icon အနေနဲ့
လည်းမိမိ Battery ခံနိုင်ရည်ကို
လည်းကြည့်နိုင်ပါတယ်ခင်ဗျာ။

Source > BigBoss
Credit >> HanWaiLinn
 
Myanmar Mobile App Store's photo.

Continue reading →

iPhoneနဲ့ iPadများမှာ နေရာလွတ်များရရှိစေမယ့် နည်းများ

0
Friday, August 15, 2014


iPhoneနဲ့ iPadကို အသုံးပြုတာ ကြာလာတာနဲ့ အမျှ နေရာလွတ်များ နည်းပါးလာမှာပါ။ Appsနဲ့ ဖိုင်တွေက သင့်ရဲ့ iDeviceမှာ တစ်ဖြည်းဖြည်းနေရာယူလာကြပါတယ်။ ဘယ် Appတွေက နေရာဘယ်လောက်ယူလဲ၊ ဘယ်ဖိုင်တွေက နေရာဘယ်လောက်ယူထားလဲဆိုတာ လေ့လာပြီး ဖယ်ရှားသင့်ပါတယ်။သင့်ရဲ့ Deviceမှာ နေရာယူထားတဲ့ ဒေတာတွေဟာ Appတွေနဲ့ သက်ဆိုင်နေပါတယ်။ ဥပမာအားဖြင့် ဒေါင်းလုပ်လုပ်ထားတဲ့ Kindle eBooksတွေဟာ Kindle Appနဲ့ သက်ဆိုင်နေပါတယ်။ သီချင်းဖိုင်တွေဟာ Music App၊ ဗီဒီယိုဖိုင်တွေဟာ Video App၊ ဓါတ်ပုံတွေဟာ Photos Appနဲ့ သက်ဆိုင်နေတာပါ။App တစ်ခုချင်းစီရဲ့ နေရာယူမှုကို လေ့လာပါ။သင့်ဖုန်းရဲ့ Usage Screenမှာ နေရာကျန်ရှိမှု ပမာဏနဲ့ အသုံးပြုထားတဲ့ပမာဏကို ပြသထားသလို Appတစ်ခုချင်းစီရဲ့ အသုံးပြုထားတဲ့ ပမာဏကို တွေ့နိုင်ပါတယ်။ Settings Appကို ဖွင့်ပြီး General ကဏ္ဍဍအောက်က Usageကို သွားပြီး လေ့လာပါ။App တစ်ခုချင်းစီရဲ့ နေရာယူထားတဲ့ ပမာဏမှာ Application Files, Cached Documents & Dataနဲ့ Media Filesတွေ ပါဝင်ပါတယ်။ Appကို နှိပ်ပြီး ဘယ်အပိုင်းက ဘယ်လောက်နေရာယူထားသလဲဆိုတာ ကြည့်နိုင်ပါတယ်။
1
Appsများကို ဖျက်ပါ။

Appsများကို ဖျက်ခြင်းဖြင့် နေရာလွတ်များရရှိနိုင်ပါတယ်။ ဂိမ်းတွေက နေရာအများဆုံးယူလေ့ရှိတဲ့အတွက် သူတို့ကို ထိပ်ဆုံးမှာ ပြသပေးထားပါတယ်။ Appကို တစ်ချက်နှိပ်ပြီး Delete Appကို နှိပ်ခြင်းဖြင့် ဖျက်ပစ်နိုင်ပါတယ်။

ဖျက်လိုက်တဲ့ Appကို နောက်ပိုင်းမှာ ပြန်လည် အင်စတော လုပ်နိုင်ပါတယ်။ App Storeကို သွားပြီးAppကို ရှာ၊ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ Appဟာ iCloud Syncing ဒါမှမဟုတ် သူ့ကိုယ်ပိုင် Cloudမှာ ဒေတာနဲ့ Settingsများကို သိမ်းထားတယ်ဆိုရင် နောက်ပိုင်းမှာ Appကို ပြန်လည် အင်စတော လုပ်ရင် ဒေတာတွေကို Cloudမှ ပြန်လည်ရယူနိုင်ပါတယ်။2
Appရဲ့ Documents & Dataတွေကို ဖျက်ပါ။

အချို့ Appတွေရဲ့ Documents & Dataက နေရာအတော်ယူကြပါတယ်။ အောက်မှာ ပြထားတဲ့ ပုံမှာ Pocket Appဟာ 37.4MBသာ နေရာယူထားပေမယ့် သူ့ရဲ့ Documents & Dataက 191MBတောင် နေရာယူထားတာကိုတွေ့နိုင်ပါတယ်။3
Appတစ်ခုရဲ့ Documents & Dataမှာ အဲဒီ Appက ဒေါင်းလုပ် ဒါမှမဟုတ် ဖန်တီးထားတဲ့ Documents & Dataတွေပါရှိပါတယ်။ ဥပမာအားဖြင့် Pocketရဲ့ Documents & Dataမှာ ဒေါင်းလုပ်လုပ်ထားတဲ့ ဆောင်းပါးတွေပါရှိပါတယ်။ Amazon Kindle Appရဲ့ Documents & Dataမှာ Offline ဖတ်ဖို့အတွက် ဒေါင်းလုပ်လုပ်ထားတဲ့ eBooksတွေ ပါရှိပါတယ်။ Google Chromeရဲ့ Documents & Dataမှာ Chrome Settingsနဲ့ Browser Cacheတွေ ပါရှိပါတယ်။

App တစ်ခုရဲ့ Documents & Dataတွေကို ဖျက်လို့မရပါဘူး။ ဖျက်ချင်ရင် Appကို Deleteလုပ်ပြီး Reinstallလုပ်ရမှာပါ။ ဒါမှမဟုတ် Appရဲ့ Temporary Dataတွေကို ဖျက်ပါ။ ဥပမာအားဖြင့် Pocketရဲ့ Settings ထဲမှာ Clear Downloaded Filesကို နှိပ်ခြင်းဖြင့် ဒေါင်းလုပ်လုပ်ထားတဲ့ ဆောင်းပါးများကို ဖျက်နိုင်ပါတယ်။ ဒါဆိုရင် Pocketရဲ့ Documents & Dataက ရယူထားတဲ့ ဒေတာပမာဏလျော့ကျသွားမှာပါ။ Appတိုင်းမှာတော့ Clear Downloaded Filesဆိုတဲ့ Optionမပါရှိပါဘူး။ အဲဒီလို Appတွေရဲ့ Temporary Dataတွေဟာ အလွန်များပြားနေရင် Deleteလုပ်ပြီး Reinstall လုပ်ပါ။4
Music, Videos, Photosနဲ့ အခြား မီဒီယာတွေကို ဖျက်ပါ။

Videos, Music, Photos, Podcastsနဲ့ အခြား မီဒီယာဖိုင်တွေဟာ သက်ဆိုင်ရာ Appရဲ့ အစိတ်အပိုင်းအဖြစ် သိမ်းဆည်းထားကြတာပါ။ Usage Screenရဲ့ Videosနဲ့ Musicမှာ သီချင်းနဲ့ ဗီဒီယိုဖိုင်တွေဟာ ဘယ်လောက်နေရာယူထားလဲဆိုတာ တွေ့နိုင်ပါတယ်။

Videos Appကို တစ်ချက်နှိပ်ရင် ဗီဒီယိုတွေနဲ့ နေရာယူထားတဲ့ ပမာဏကိုတွေ့ရမှာပါ။ ဗီဒီယိုတစ်ခုကို ဖျက်ပစ်ဖို့အတွက် ဘယ်ဘက်ကို ပွတ်ဆွဲပြီး Deleteကို နှိပ်ပါ။ Podcasts Appမှာလည်း ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်တွေကို ဒီနည်းနဲ့ ဖျက်နိုင်ပါတယ်။5
Music Appမှာတော့ သီချင်းတစ်ပုဒ်ချင်းစီကို ပြသထားခြင်းမရှိဘဲ သီချင်းအားလုံးရဲ့ နေရာယူထားတဲ့ စုစုပေါင်း ပမာဏကို ပြသထားပါတယ်။ သီချင်းအားလုံးကို ဖျက်ဖို့ All Musicကို ဘယ်ဘက်ပွတ်ဆွဲပြီး Deleteကို နှိပ်ပါ။

သီချင်းများကို ရွေးချယ်ဖျက်ချင်ရင် Music Appကို ဖွင့်ပြီး သီချင်းတစ်ပုဒ်ကို ဘယ်ဘက်ပွတ်ဆွဲပြီး Deleteကို နှိပ်ပါ။6
ဓါတ်ပုံများကိုလည်း ဒီနည်းနဲ့ ဖျက်နိုင်ပါတယ်။ Usageမှ Photos & Camera Appမှာ ဓါတ်ပုံများရဲ့ နေရာယူထားတဲ့ ပမာဏကို တွေ့နိုင်ပါတယ်။ ဓါတ်ပုံတွေကို ဖျက်ဖို့အတွက် Photos Appကို ဖွင့်ပါ။ ဖျက်ချင်တဲ့ ဓါတ်ပုံတွေကို ရွေးချယ်ပြီး Deleteကို နှိပ်ပါ။
7
Browsing Dataများကို ဖျက်ပါ။

Usage Screenမှာပဲ Safari Appကို နှိပ်ရင် မတူညီတဲ့ Browsing Data အမျိုးအစားများကို တွေ့ရမှာပါ။ Cacheနဲ့ Cookiesတွေကို ဖျက်ဖို့ Website Dataကို နှိပ်ပြီး Remove All Website Dataကို နှိပ်ပါ။ Offline Reading Listနဲ့ Historyတို့ကို ဘယ်ဘက်ပွတ်ဆွဲပြီး Deleteကို နှိပ်ခြင်းဖြင့် အခြား Browsing Dataများကိုဖျက်ပါ။8
Google Chromeအသုံးပြုသူဆိုရင် Chrome Appကို ဖွင့် Settingsထဲသွား Privacyကို နှိပ်ပြီး Clear Browsing Dataကို နှိပ်ခြင်းဖြင့် Cacheဖိုင်တွေကို ရှင်းထုတ်နိုင်ပါတယ်။ Settings Screenမှာ Chromeရဲ့ Browsing Dataတွေကို Documents & Data အဖြစ် ပြသထားပါတယ်။ အခြား Third-Party Browsersတွေရဲ့ Browsing Dataတွေကို ဒီလိုပဲရှင်းထုတ်နိုင်ပါတယ်။
9
App တစ်ခုရဲ့ Documents & Data ကို မရှင်းတတ်ရင် Appကို Uninstall လုပ်ပြီး Reinstall လုပ်ပါ။ App ဟာ Settings တွေကို အွန်လိုင်းမှာ Sync မလုပ်ဘူးဆိုရင် App ကို ပြန်လည် အင်စတော လုပ်ပြီးရင် Settings တွေကို ပြန်လည် သတ်မှတ်ရမှာပါ။

Appleရဲ့ ကိုယ်ပိုင်ဖြစ်ပြီး ကြိုတင်ထည့်သွင်းထားတဲ့ Appsတွေမှာတော့ Appကို ဖွင့်ပြီး Content တွေကို ရှင်းလင်းခြင်းဖြင့် နေရာလွတ်တွေရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် iMessage ဟာ နေရာများစွာယူတတ်ပါတယ်။ iMessage App ကို ဖွင့်ပြီး ဖိုင် ဒါမှမဟုတ် ဓါတ်ပုံပါတဲ့ Messages တွေကို ရှာပြီး ဘယ်ဘက်ကိုပွတ်ဆွဲ၊ Deleteကို နှိပ်ခြင်းဖြင့် နေရာလွတ်တွေရရှိနိုင်ပါတယ်။
(C) MMICT
Ref : ThanthoeAung
Continue reading →

8 Free Screen Recording Tools for Mac OS X

0
Thursday, August 14, 2014


Mac မှာ Screen ကို Recording လုပ်ချင်သူများအတွက် Free ရတဲ့ ၈ ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Image , Movie Clip များအနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။
(၁) Screen Recorder Robot Lite
Robot Lite
(၂) Capture Me
Capture Me
(၃) Screen Flick
Screenflick
(၄) Copernicus
Copernicus
(၅)  Any Screen Record Pro
Any Screen Recording
(၆)  Free Online Screen Recorder
Free Online Screen Recorder
(၇) Quick Cast
QuickCast
(၈) Jing
Jing
အဆင်ပြေကြပါစေ။
Be Sociable, Share!
Credit >> Apple4 MM
Continue reading →

Apple ID ကို လုံခြုံရေးတိုးမြှင့်နည်း

0
Thursday, August 14, 2014


Apple ရဲ့ product တွေကို အသုံးပြုနေသူများအတွက် မရှိလို့ မဖြစ်တာ/မရတာ က Apple ID ပါ။
Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...

ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...

အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..

ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..

Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။

Apple ID ကို Two-Step Verification ခံထားနည်း

၁) ပထမဦးစွာ My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။


၂) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။


၃) ထို့နောက် Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၎) Apple မှ verification code တစ်ခုကို email ပေးပို့လာပါလိမ့်မည်။ အဆိုပါ code ကို အသုံးပြုပြီး ရှေ့ဆက်လုပ်ဆောင်ရပါမည်။

၅) verification code ကို ရိုက်သွင်းပြီးသွားတဲ့အခါမှာ Sign Up လုပ်သောအဆင့် ပြီးဆုံးသွားပါပြီ၊ အချိန်(၃)ရက်ခန့် စောင့်ရပါမည်။ ထို့နောက် Apple ကနေ email တစ်စောင် ပေးပို့ အကြောင်းကြာလာပါမည်။

၆) ထိုအခါကျမှ နောက်တစ်ကြိမ် My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။

၇) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။

၈) Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၉) မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်သွင်းပေးပါ။ Apple မှ ထိုဖုန်းနံပါတ်သို့ verification code တစ်ခု ချက်ခြင်းပေးပို့ပါလိမ့်မည်။

၁၀) ထို code number ကို ရိုက်သွင်းပေးလိုက်ပါက "Recovery Key" တစ်ခု ရရှိပါလိမ့်မည်။      (Recovery Key ကို စိတ်ချလုံခြုံသောနေရာတွင် သိမ်းထားပါ)

၁၁) Recovery Key ကို confirm လုပ်ပါ။

၁၂) box တွင် အမှန်ခြစ်ရွေးပြီးနောက် "Enable Two-Step Verification" ကို နှိပ်ပါ။


ယခုအချိန်မှစ၍ တစ်ခုခု ဝယ်ယူတော့မည် ဆိုပါက -
ပထမအဆင့် Apple ID နှင့် Password ရိုက်ထည့်ရမည်။

ဒုတိယအဆင့် Apple က သင့်ထံသို့ verification code တစ်ခု အမြဲပို့ပေးမှာဖြစ်ပြီး ထို code ကို ဖြည့်သွင်းရမည်။

တတိယအဆင့် အဖြစ် ကနဦးက သိမ်းထားနှင့်သော "Recovery Key" တို့ကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

အထက်ပါ အဆင့် သုံးဆင့်ကို ကာယကံရှင် မဟုတ်သော သူတစ်ယောက် အနေနှင့် ကျော်ဖြတ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် သင့်ရဲ့ Apple ID ဟာ အလွန် စိတ်ချရသော အနေအထားမှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား
Continue reading →

Privacy ကို ကာကွယ်ပေးမယ့် Lockdown Pro iOS7

0
Thursday, August 14, 2014


iPhone, iPad, iPadTouch တို့ မှာ Default အနေနဲ့  ပါဝင်တဲ့ Message, Mail, Remainders, Notes အစရှိတဲ့ App တွေက အလွန် အသုံးဝင်လှပါတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ရဲ့  iDevice တွေကို မပေးလို့  မဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ခဏတစ်ဖြုတ် ပေးသုံးလိုက်ရတာမျိုး ကြုံဖူးကြမှာပါ။

အဲဒီလို ပေးသုံးလိုက်ပြီ ဆိုထဲက မိမိရဲ့  "PassCode" ကို ဖွင့်ပေးလိုက်ရပြီပေါ့၊ တစ်ချိန်ထဲမှာ ကိုယ့်ရဲ့  SMS, Mail, Notes စသည်တို့ မှာ Privacy အကြောင်းအရာလေးများ ပေးပို့  ရေးမှတ်ထားခဲ့လို့  ဖွင့်ဖတ်မိသွားရင် ဆိုတဲ့ ပူပင်မှုမျိုး ဖြစ်ကောင်းဖြစ်ဖူးကြပါလိမ့်မယ်....

လူတိုင်းမှာ Privacy ဆိုတာ ရှိသင့်ပါတယ် မြန်မာ့ဓလေ့အရ လင်မယားချင်း Privacy မရှိလို့  ပြဿနာ အကြီးအကျယ် တက်ရတာတွေ မနည်းပါဘူး...

အခုလို ပြောရင်းနဲ့  မဆိုင်တာတွေ ရောက်သွားမှာလည်း စိုးရိမ်ရပါတယ် ဒါပေမယ့် နည်းနည်းလေးတော့ ပြောပါရစေ...
Privacy ဆိုတာ Secret နဲ့  မတူပါဘူး၊ မိမိနှင့်သာ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကို Privacy လို့  ဆိုလိုချင်တာပါ၊ ဥပမာ ကျွန်တော့်ရဲ့  "မိုးသိကြား" Admin Password, အလုပ်မှာ သုံးတဲ့ User Name, Password တို့ ကို ကျွန်တော့် မိဘ၊ အိမ်သူ တို့ အား ပြောပြ အသိပေးထားဖို့  မလိုပါဘူး ဒါဟာ ကျွန်တော်ရဲ့  Privacy ပါ။
ဒီလိုပါပဲ လုပ်ငန်းနဲ့  ပက်သက်တဲ့ အခြား အခြားသော ကိုယ်ရေးကိုယ်တာလေးတွေကို မိမိ iDevice မှာ မှတ်ထားလို့  ခတ္တငှါးမိလိုက်ရင် ဖင်တစ်ကြွ ကြွ နဲ့  ပြန်ပေးတော့လေ ဆိုတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။

ကျွန်တော် အခု တင်ပြပေးမယ့် App လေးက Cydia App လေးဖြစ်လို့  Jailbreak လုပ်ထားတဲ့ iDevice များမှာသာ အသုံးပြုလို့  ရပါလိမ့်မယ်။
"Lockdown Pro iOS7" ရဲ့ လုပ်ဆောင်ပုံက အခြား Cydia App တစ်ခုဖြစ်တဲ့ "iProtect"ထက် အများကြီး သာလွန်ကောင်းမွန်ပြီး iPhone, iPad တွေနဲ့ crash မဖြစ်ပဲ အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်..

မိမိတစ်ကိုယ်တော် သုံးချင်တဲ့ App တွေကို 'Lock' လုပ်နိုင်သလို အခြားသူ မမြင်အောင် 'Hide' လဲ လုပ်ထားနိုင်ပါတယ်..

Lockdown Pro iOS7

၁) Install/Reboot လုပ်ပြီးသွားတဲ့အခါ "Lockdown Pro" ကို Settings ထဲမှာ ပြင်နိုင်ပါပြီ။ "Setup Lockdown Pro" ကိုနှိပ်ပါ။


၂) Password setup လုပ်ပါ။ (Password တွင် alphabet ထည့်လိုပါက Numeric Password ကို Off ပါ) -> Save လုပ်ပါ။


၃) Lock Apps & Folder ကို သွားပါ။ Apps တွေကို Loading လုပ်နေပါပြီ...





၎) မိမိ 'Lock' လုပ်ချင်တဲ့ App ကို Tap ရွေးပြီး -> Lock လုပ်ပါ။


၅) Lock လုပ်ထားတဲ့ App မှာ သော့ပုံလေး တွေ့နိုင်ပါတယ်။


၆) App ကို ဖွင့်လိုက်တဲ့ အချိန်မှာ password တောင်းပါလိမ့်မည်..


"Lockdown Pro iOS7" App ကို သုံးပြီး မိမိရဲ့ iDevice ကို အခြားသူများအား စိတ်ချလက်ချ ပေးသုံးနိုင်ပါပြီ..

မှတ်ချက်။ ။ ဆောင်းပါးမှ စာသားများကို အကြောင်းအရာတူနေ၍ "iProtect" ဆောင်းပါးမှ ပြန်လည် ယူသုံးထားပါသည်။

>> Download Lockdown Pro iOS7 v1.0.5 (.deb)
>> How to install (.deb) files





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား
Continue reading →

20 iOS Productivity Apps promotion sale for limited time

0
Wednesday, August 13, 2014

iOS App Store မှ Productivity Category ထဲမှာ Top Selling App 20 ဖြစ်တဲ့ iOS App တွေကို Promotion ပြုလုပ်တဲ့အနေနဲ့ Limited Time  ဈေးလျော့ချပေးထားပါတယ်။

ဘယ် App တွေလည်းဆိုရင်


  • Clear for $1.99 (down from $4.99)

10119-2184-140807-App_Sale-l


ဒါကြောင့် အထက်ပါ Productivity App တွေထဲက ကိုယ့်အတွက် အသုံးလိုတဲ့ App တွေရှိရင် လျော့ဈေးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Be Sociable, Share!
 
Credit >> Apple 4 MM
Continue reading →