မကြာခင် ထွက်ရှိလာမယ့် Moto X+1 ဟန်းဆက်

0
Tuesday, September 02, 2014
  ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းနဲ့အတူ မကြာမီ အချိန်အတွင်းမှာ ထွက်ရှိလာမယ့် Moto X+1 စက်အသစ်တစ်ခုရဲ့ ဓါတ်ပုံတွေ အင်တာနက်အွန်လိုင်း စာမျက်နှာပေါ် ထွက်ရှိလာခဲ့ပါတယ်။ တကယ်တော့ ၎င်းဖုန်းရဲ့ နောက်ကျော Moto လိုဂိုဟာ အခြားသော အလွယ်သုံးခလုတ်တွေအတွက် စီစဉ်ဆောင်ရွက်ထားတဲ့ ပါဝါခလုတ်လေး တစ်ခုဖြစ်နိုင်ကြောင်း အမည်မသိ သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ၎င်း Moto app ကို ဟန်းဆက်ရဲ့ ပင်မ မျက်နှာပြင်ပေါ်မှာ မြင်တွေ့နိုင်ပြီး အချို့သောနောက်ထပ် ဆော့ဖ်ဝဲလ်အသွင်သဏ္ဍာန်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မျက်နှာပြင်ကို အာရုံခံကိရိယာ လေးမျိုးနဲ့ လှဆင်ထားတယ်။ 3D ရနိုင်တဲ့ မျက်နှာပြင်တစ်ခုအတွက် အထူအပါး တိုင်းတာပေးတဲ့ ကိရိယာအနေနဲ့ လုပ်ဆောင်စေနိုင်မှာလည်း ဖြစ်ပါတယ်။ (သို့) Moto app ကို လက်ဟန်ကိုယ်ဟန်နဲ့ ထိန်းချုပ်မှုအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီသတင်းအရင်းအမြစ်က တချို့ အတွင်းပိုင်း အတည်တပ်ဆင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ Moto X+1 အလူမီနီယမ်ဘောင်တစ်ခုကိုလည်း တိုးမြင့်လုပ်ဆောင်ထားပြီး နောက်ကျောပြင်ကို သစ်သား၊ ပလပ်စတစ်၊ သားရေ၊ ဂျင်းစနဲ့ ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်နိုင်ချေရှိတယ်။ သစ်သားနဲ့ သားရေ ပုံစံတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြပြီး သတင်းဖော်ပြချက်အရ ကာဗွန်ဖိုင်ဘာနဲ့ ဟာကိုတော့ ရှေ့လာမယ့်လတွေမှာပြုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အားလုံးသိရှိထားတဲ့အတိုင်း Moto X+1 ကို စက်တင်ဘာ (၄) ရက်နေ့မှာ ထုတ်ဖော်ကြေငြာဖွယ်ရှိပြီး နှစ်ပတ်အကြာ စက်တင်ဘာ (၁၇) ရက်နေ့မှာ Verizon သို့ ဖုန်းရောက်ရှိလာဖို့ အလားအလာရှိပါတယ်။ တကယ်လို့ ဒီသတင်းမှန်ကန်ခဲ့မယ်ဆိုရင် သေသပ်လှပတဲ့ Moto X ရဲ့ မျိုးဆက်သစ်နဲ့ ပတ်သက်ပြီး မကြာခင် စုံစုံလင်လင် လေ့လာသိရှိခွင့်ရရှိမှာဖြစ်တယ်။
Source: PhoneArena

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com