AVS Video Converter 8.5 full version

0
Wednesday, September 03, 2014

AVS Video Converter 8.5 full version
AVS ဆိုတာတော့ ကမ္ဘာမှာ လူကြိုက်အများဆုံး software တွေရဲ့
အမည်လို့ခေါ်ရလောက်အောင် AVS ကထုတ်တဲ့ software တွေက
လူကြိုက်များလှပါတယ်..AVS software တွေကို တစုတစည်းတည်းလိုချင်ရင် 
 AVS All In One  Pack 2013-201430 / 12 / 2013 ဆိုပြီး ရှာဖွယ်နိုင်ပါတယ်။
 
အခု တင်လိုက်တဲ့ AVS Video Converter 8.5 ကတော့ နောက်ဆုံးထွက်လေးပါ..
  မြန်မာစာတန်းထိုး ရုပ်ရှင်အတော်များများကို
ဒီ AVS Video Converter နဲ့ တွဲတာ များပါတယ်..
AVS Video Converter 8.5 ကို
လိုချင်ရင် အောက်မှာ ၂ နေရာကနေ တင်ပေးထားပါတယ်..
အဆင်ပြေတဲ့ နေရာကနေ ဒေါင်းယူနိုင်ပါတယ်..
Full version အဖြစ် သုံးနိုင်အောင် patch ဖိုင်လေးပါထည့်ပေးထားပါတယ်..
mediafire
http://www.mediafire.com/download/lsvbb577wb3tmwo/www.channyein.org+_+Avs+8.5.rar

zippy
http://www57.zippyshare.com/v/33992147/file.html

0 comments:

sithulann@gmail.com

Xperia နောက်ဝင်လာတဲ့ version မြင့်Model တွေကို Rootမယ်

0
Wednesday, September 03, 2014



Xperia နောက်ဝင်လာတဲ့ Model တွေမှာ version အမြင့်တွေနဲ့ Root လုပ်ရတာအဆင်မပြေဖြစ်နေကြပါတယ်။
Root လုပ်ရန်အတွက်အားလုံးအဆင်ပြေ
အောင် Xperia Root Kit { 2014 }
ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီကောင်လေးက Xperia တွေထဲမှာ Root ဖောက်ရန်ခက်ခဲနေတဲ့ Xperia T3 ကိုတောင် အလွယ်တကူ Root ပေါက်စေပါတယ်။ အဲဒီအပြင် အခြားအခြားသော Model များကိုပါ Root လုပ်နိုင်ပါသေးတယ်။ Root လုပ်နိုင်သော Model များကို Buildnumber နဲ့ တကွဖော်ပြပေးလိုက်ပါတယ်။

Xperia Root kit (2014) .bat ဖိုင်လုပ်ဆောင်နိုင်သော Modelတွေက
တော့

Xperia NX SO-02D 6.1.F.0.117·
Xperia acro HD SO-03D 6.1.F.0.128·
Xperia acro HD IS12S 6.1.D.1.103·
Xperia GX SO-04D 9.1.C.1.103·
Xperia SX SO-05D 9.1.C.1.103·
Xperia AX SO-01E 9.1.C.1.103(?????)·
Xperia VL SOL21 9.1.D.0.401·
Xperia Z SO-02E 10.3.1.B.1.1·
Xperia Tablet Z SO-03E·
Xperia UL SOL22 10.3.1.D.0.220·
Xperia A SO-04E 10.3.1.B.2.13(?????)·
Xperia Z1 SO-01F 14.3.B.0.288·
Xperia Z1 SOL23 14.1.C.3.95·
Xperia Z1 SOL23 14.3.C.0.239·
Xperia Z1 f SO-02F 14.1.H.1.281·
Xperia Z1 f SO-02F 14.3.B.0.288(?????)·
Xperia Z Ultra SOL24 14.1.K.3.95·
Xperia Z Ultra SOL24 14.3.C.0.239·
Xperia Z2 SO-03F 17.1.1.B.2.73·
Xperia ZL2 SOL25 17.1.1.C.1.64·
Xperia A2 SO-04F 14.3.B.0.279·
Xperia Z2 Tablet SGP512 17.1.2.A.0.314·
Xperia V LT25i 9.2.A.2.5·
Xperia TX LT29i 9.2.A.1.215·
Xperia Z C6603 10.5.A.0.233·
Xperia M dual C2005·
Xperia SP C5303 12.1.A.1.205·
Xperia SP 12.1.A.1.207·
Xperia Z Ultra C6833 14.4.A.0.108·
Xperia Z Ultra SGP412 14.3.A.1.293·
Xperia Z1 Compact 14.4.A.0.108·
Xperia Z2 D6503 17.1.2.A.0.314·
Xperia Z2 17.1.A.2.36·
Xperia Z2 Tablet SGP521 17.1.2.A.0.314·
Xperia M2 D2303 18.0.C.1.13·
Xperia M2 D2305·
Xperia T2 Ultra 19.1.A.0.473·
Xperia M 15.4.A.0.23·
Xperia T3 18.1.A.1.14 အခု ကျတော်ဖော်ပြပေးထားတဲ့ Model တွေကို Root လုပ်နိုင်ပါသေးတယ်။

လိုအပ်တယ်ဆိုရင်တော့ Download ရယူလိုက်ပါ။

Download > http://www77.zippyshare.com/v/46822610/file.html

Credit > Rootkit Owner
Ref > Myanmar IT & APP

0 comments:

sithulann@gmail.com

စမတ်ဖုန်းကို မိမိစိတ်​ကြိုက် သုံးစွဲခြင်း

0
Wednesday, September 03, 2014


စမတ်ဖုန်း အများစုဟာ သူတို့အထဲမှာ ထည့်သွင်းထားတဲ့ လည်ပတ်မှု စနစ်၊ ထုတ်လုပ်သူတွေရဲ့ ဆော့ဗ်ဝဲ (firmware)၊ (သို့) လက်ကိုင်ဖုန်း အော်ပရေတာတွေရဲ့ ပရိုဂရမ်တွေက ခွင့်ပြုထားတာထက် ပိုပြီး စွမ်းဆောင်ရည် ရှိကြတယ်။ အပြန်အလှန်​အနေနဲ့၊ တချို့ လုပ်ဆောင်ချက်တွေကို ပိတ်ထားတဲ့အတွက် အဲဒါတွေကို သုံးစွဲသူတွေက ထိန်းချုပ်လို့ (သို့) ပြင်လို့ မရတော့ဘူး။


ဒါကြောင့် အသုံးမပြုလိုက်ရပဲ ချန်ထားရတယ်။ ကိစ္စအတော်များများမှာ အဲဒီ လုပ်ဆောင်ချက်တွေဟာ စမတ် သုံးစွဲသူတွေအတွက် အသုံးမလိုအပ်ပါဘူး။ သို့သော် တချို့ လုပ်ငန်းသုံး ကိရိယာတွေ၊ လုပ်ဆောင်ချက်တွေဟာ စမတ်ဖုန်းရဲ့ ဒေတာ လုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို တိုးမြှင့်စေတယ်။ လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေ ရှောင်ရှားတဲ့အနေနဲ့ ဖယ်ရှားလို့ရတဲ့ လုပ်ဆောင်ချက် တချို့လည်း ရှိတယ်။


ဒီအတွက်ကြောင့်သာမက၊ အခြား အကြောင်းတွေကြောင့် တချို့ စမတ်ဖုန်း သုံးစွဲသူတွေဟာ ဆော့ဗ်ဝဲနဲ့ ပရိုဂရမ် အမျိုးမျိုးကို စမတ်ဖုန်းထဲမှာ လက်တည့်စမ်း သုံးစွဲတတ်ကြတယ်။ ဒီနည်းနဲ့ ဖုန်းထဲက လုပ်ဆောင်ချက်တွေ တိုးမြှင့်လို့ ရအောင်၊ ဖယ်ရှားလို့ ရအောင် (သို့) တချို့ကို လျှော့ချလို့ ရအောင် သင့်လျှော်တဲ့ လုပ်ပိုင်ခွင့်တွေ ရရှိလာနိုင်မှာ ဖြစ်တယ်။


လက်ကိုင်ဖုန်း ဝန်ဆောင်မှု ဌာနတွေ၊ စမတ်ဖုန်းထဲက စက်လည်ပတ်မှု စနစ်ကို ထုတ်လုပ်သူတွေက ပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားတဲ့ လုပ်ငန်းစဉ်ကို (Android ဖုန်းမှာ) rooting ၊ သို့မဟုတ် (iOS ဖုန်းတွေဖြစ်တဲ့ iPhone သို့မဟုတ် iPad မှာ ) jailbreaking လို့ ခေါ်တယ်။ ပုံမှန်အရ၊ rooting (သို့) jailbreaking ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တာနဲ့ နောက်ထပ် လုပ်ငန်းသုံး ကိရိယာတွေကို ထည့်သွင်းပြီး သုံးစွဲနိုင်တယ်။ တခြား ပြုပြင်ဖန်တီးချက်တွေကို ပြင်ဆင်နိုင်တယ်၊ စမတ်ဖုန်းရဲ့ ဒေတာ သိမ်းဆည်းမှုနဲ့ မှတ်ဉာဏ်တွေကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တယ်။


သတိပေးချက် - Rooting (သို့) jailbreaking ပြုလုပ်ခြင်းဟာ နောက်ပြန်လှည့်လို့ ရနိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ချင်မှ ဖြစ်မယ်။ ဆော့ဗ်ဝဲ ထည့်သွင်းမှု၊ ပြုပြင်ဖန်တီးမှု အတွေ့အကြုံတွေ လိုအပ်တယ်။ အောက်ပါ အချက်တွေကို စဉ်းစားပါ -

  • စမတ်ဖုန်းကို လုံးဝ အသုံးပြုလို့ မရနိုင်တော့တဲ့ အန္တရာယ် ရင်ဆိုင်ရနိုင်တယ်။
  • ထုတ်လုပ်သူ (သို့) လက်ကိုင်ဖုန်း ဝန်ဆောင်မှု ဌာနတွေရဲ့ အာမခံလက်မှတ် ဆုံးရှုံးသွားနိုင်တယ်။
  • တချို့နေရာတွေမှာ၊ ဒီလုပ်ရပ်တွေဟာ တရားမဝင်ဘူး။
ဒါပေမဲ့ သတိထားမိမယ် ဆိုရင်၊ rooted လုပ်ထားတဲ့ စက်ဟာ စမတ်ဖုန်းကို ပိုပြီး လုံခြုံမှု ရှိလာအောင် စိတ်ကြိုက် ထိန်းချုပ်စေနိုင်တဲ့ ရိုးရှင်းတဲ့ နည်း တစ်ခု ဖြစ်တယ်။

တခြား ရွေးချယ်နိုင်တဲ့ Firmware

Firmware ဆိုတာ သီးခြား စက်တစ်ခုခုနဲ့ အနီးကပ် ဆက်စပ်မှုရှိတဲ့ ပရိုဂရမ်တွေကို ဆိုလိုတယ်။ သူတို့ဟာ စက် လည်ပတ်မှု စနစ်နဲ့ အတူတကွ အလုပ်လုပ်နေကြပြီး၊ စမတ်ဖုန်းရဲ့ စက်ကိုယ်ထည်မှာ အခြေခံ လည်ပတ်နေတဲ့ စပီကာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ၊ ထိတွေ့မျက်နှာပြင်၊ မှတ်ဉာဏ်၊ ကီးတွေ၊ အင်တင်နာတွေ အလုပ်လုပ်နိုင်အောင် တာဝန်ယူကြရတယ်။


အကယ်လို့ Android ဖုန်း တစ်လုံး ရှိထားမယ် ဆိုရင်၊ ဖုန်းကို ပိုပြီး ထိန်းချုပ်နိုင်အောင် တခြား firmware တစ်ခုခုကို ထည့်သွင်းဖို့ စဉ်းစားထားပါ။ တခြား firmware ကို ထည့်သွင်းနိုင်ဖို့အတွက်၊ မိမိရဲ့ ဖုန်းကို root လုပ်ထားဖို့တော့ လိုအပ်တယ်။


Android ဖုန်းအတွက် တခြား firmware နမူနာကတော့ Cyanogenmod ပဲ ဖြစ်တယ်။ ဥပမာအားဖြင့်၊ ဖုန်းရဲ့ လည်ပတ်မှုစနစ်ထဲက (ဖုန်းထုတ်လုပ်သူ သို့မဟုတ် မိုဘိုင်း ကွန်ရက် အော်ပရေတာက ထည့်သွင်းထားတဲ့) လုပ်ငန်းသုံး ကိရိယာတွေကို ဖယ်ထုတ်ပေးနိုင်တယ်။ ဒီနည်းနဲ့ မိမိ ဖုန်းအပေါ် အခြားသူများရဲ့ စောင့်ကြည့်ခံနေမှု၊ ဥပမာ - ဖုန်းထဲက ဒေတာတွေကို မိမိမသိရှိပဲ ဝန်ဆောင်မှု ပံ့ပိုးတဲ့ ဌာနဆီ ပေးပို့ခြင်း စတာတွေကို အတိုင်းအတာတစ်ခု အထိ လျှော့နည်းပေးနိုင်တယ်။
နောက်ပြီး၊ Cyanogenmod ကို ပုံမှန်အားဖြင့် OpenVPN လုပ်ငန်းသုံး ကိရိယာနဲ့အတူ တင်ပို့လေ့ရှိတယ်။ ၄င်းကို စက်ထဲ ထည့်သွင်းရာမှာ ငြီးငွေ့စရာ ကောင်းနိုင်တယ်။ VPN (Virtual Private Network) ဟာ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်း (အောက်မှာ ဖတ်ရှုပါ) ကို လုံလုံခြုံခြုံ ကြားခံပေးတဲ့ နည်းလမ်း တစ်ခု ဖြစ်တယ်။


ပံ့ပိုးပေးထားပြီး မိမိရဲ့ စမတ်ဖုန်းထဲက ဆက်သွယ် စကားပြောဆိုချက် မှတ်တမ်းတွေကို သိမ်းဆည်းထားခြင်း မပြုဘူး။

Cyanogenmod မှာ တခြား အင်္ဂါရပ် အများအပြား ရှိတယ်။ သို့သော်၊ အဲဒါကို Android ဖုန်းအားလုံးက ပံ့ပိုးမှု မပေးတဲ့အတွက်၊ ရှေ့ဆက်မသွားခင်၊ ပံ့ပိုးမှု ပေးထားတဲ့ ဖုန်းအမျိုးအစား စာရင်း ကို စစ်ဆေးလိုက်ပါ။

Volumes တစ်ခုလုံး စာဝှက်ခြင်း

အကယ်လို့ မိမိရဲ့ ဖုန်းကို rooted လုပ်ထားတယ် ဆိုရင်၊ ဖုန်းထဲမှာ ရှိတဲ့ သတင်း အချက်အလက်တွေကို ကာကွယ်ဖို့ ဒေတာ သိမ်းဆည်းခန်း တစ်ခုလုံးကို စာဝှက်ဖို့ စဉ်းစားထားပါ (သို့) စမတ်ဖုန်းထဲမှာ volume တစ်ခု ဖန်တီးလိုက်ပါ။

Luks Manager ဟာ သုံးစွဲရ လွယ်ကူတယ်။ သုံးစွဲသူက မှတ်မိလွယ်တဲ့ မျက်နှာပြင်တစ်ခု ပါဝင်ပြီး volumes တွေကို လုံလုံခြုံခြုံနဲ့ လက်ငင်း စာဝှက်ပေးနိုင်တယ်။ မိမိရဲ့ Android ဖုန်းထဲမှာ အရေးကြီးတဲ့ ဒေတာတွေကို သိမ်းဆည်းမထားမီ၊ အဲဒီ ကိရိယာကို အရင် ထည့်သွင်းထားဖို့ အထူး အကြံပြုလိုတယ်။ Luks Manager က မိမိရဲ့ ဒေတာ အားလုံးကို သိမ်းဆည်းနိုင်အောင် ပေးအပ်တဲ့ စာဝှက်ထားတဲ့ Volumes တွေကို အသုံးပြုပါ။


Whisper Systems ပရောဂျက်ဟာ WhisperCore လုပ်ငန်းသုံး ကိရိယာကို ပြင်ဆင်နေဆဲ ဖြစ်တယ်။ ၄င်းကို အသုံးပြုပြီး မိမိရဲ့ Android ဖုန်းကို အပြည့်အဝ စာဝှက်နိုင်တယ်။

Virtual Private Network (VPN)

VPN ဟာ မိမိရဲ့ ဖုန်းနဲ့ VPN ဆာဗာတို့ အ​ကြား အင်တာနက်ကတဆင့် စာဝှက်ထားတဲ့ လမ်းကြောင်း တစ်ခုကို ပံ့ပိုးပေးထားတယ်။ အဲဒီကို tunnel လို့ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့၊ တခြား စာဝှက်ထားတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ https တို့နဲ့ မတူပဲ၊ ဝန်ဆောင်မှုတွေ၊ ပရိုတိုကောတွေနဲ့​အကြောင်းအရာတွေကို ဖျောက်ထားပေးတယ်။ VPN ဆက်သွယ်ရေးစနစ်ကို တစ်ကြိမ်သာ တပ်ဆင်ရမှာ ဖြစ်ပြီး၊ မိမိလိုချင်တဲ့အခါ ရပ်ဆိုင်းထားနိုင်တယ်။


အင်တာနက် စီးဆင်းမှု အားလုံးဟာ proxy (သို့) VPN ဆာဗာကတဆင့် ဖြတ်သန်းသွားလေ့ရှိတာကို သတိပြုပါ။ ကြားလူတစ်ဦးဟာ မိမိရဲ့ လုပ်ဆောင်မှုတွေကို စိစစ်နိုင်ဖို့ proxy ထဲကို ဝင်ရောက်ရမှာ ဖြစ်တယ်။ ဒါကြောင့် proxy ဝန်ဆောင်မှုနဲ့ VPN ဝန်ဆောင်မှုတို့ထဲက တစ်ခုခုကို ဂရုတစိုက် ရွေးချယ်ဖို့ အရေးကြီးတယ်။ မိမိရဲ့ ဒေတာ စီးဆင်းမှုတွေကို ဖြန့်ဝေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုခုရဲ့ တိုက်ခိုက်လာမှုကို လျှော့နည်းစေတဲ့အတွက်၊ proxies (သို့) VPNs အမျိုးမျိုးကို အသုံးပြုဖို့ အ​ကြံပြုလိုတယ်။
Credit :https://securityinabox.org

0 comments:

sithulann@gmail.com

King Root Setup v 2.2.1 ……. For Window

0
Wednesday, September 03, 2014


Root tool တော်တော်များများ ရှိတဲ့ အထဲ က မှ Vroot လို အသုံးဝင်တဲ့
Root tools လေး ၁ခုပါ  China ဖုန်းတွေတော်တော် များများ ကို Root ပေးနိုင်ပါတယ်
တော်ရုံ vroot မပေါက်တာတောင် ဖောက်ပေးနိုင်ပါတယ်
အသုံးပြုလိုတယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်

ဇူးနစ်

0 comments:

sithulann@gmail.com

Galaxy Note2 Korea SHV-E250XXX DN3 Ported S5 Rom Android 4.4.2

0
Wednesday, September 03, 2014


Galaxy Note2 Korea SHV-E250XXX
DN3 Ported S5 Rom Android 4.4.2
 
Downloads
————-
E250 S5 Ported DN3-
 
E250X DN3 SystemUI -
 
LGU+ E250L S5 Icon -
 
S5Browser Fix -
 
အသုံးပြုပုံ
———
1. Default System ဖြစ်စေရန် .. Offical Firmware 4.4.2 ကို PC မှ Odin ဖြင့်တင်ပါ ..
2. CWM recovery ကို firmware တင်သလိုထပ်တင်ပါ..
နောက် ဖုန်းကို cwm recovery mode ဝင်၍ .. download ဆွဲထားသော E250 S5 Ported DN3 zip ကို install ပေးပါ..
A. SK / KT အတွက် E250X DN3 SystemUI ထပ် install ပါ ..
B. LGU+ အတွက် E250L S5 Icon ထပ် install ပါ ..
3. မြန်မာစာ .. မြန်မာဘာသာ .. Samsungမြန်မာ ကီးဘုတ် အတွက်
FinalSolution zip ကို cwm recovery မှ install ပေးပါ..
4. S5Browser Fix ကို cwm recovery မှ install ပေးပါ..
CWM Recovery
—————-
Font Zip ( FinalSolution 1.1)
———————–
Odin3.09
———–
SamsungUSB Driver
————-
 
 
 
Credit ; Ko Aung Thura { Original Uploader }

0 comments:

sithulann@gmail.com

မကြာခင် ထွက်ရှိလာမယ့် Moto X+1 ဟန်းဆက်

0
Tuesday, September 02, 2014
  ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းနဲ့အတူ မကြာမီ အချိန်အတွင်းမှာ ထွက်ရှိလာမယ့် Moto X+1 စက်အသစ်တစ်ခုရဲ့ ဓါတ်ပုံတွေ အင်တာနက်အွန်လိုင်း စာမျက်နှာပေါ် ထွက်ရှိလာခဲ့ပါတယ်။ တကယ်တော့ ၎င်းဖုန်းရဲ့ နောက်ကျော Moto လိုဂိုဟာ အခြားသော အလွယ်သုံးခလုတ်တွေအတွက် စီစဉ်ဆောင်ရွက်ထားတဲ့ ပါဝါခလုတ်လေး တစ်ခုဖြစ်နိုင်ကြောင်း အမည်မသိ သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ၎င်း Moto app ကို ဟန်းဆက်ရဲ့ ပင်မ မျက်နှာပြင်ပေါ်မှာ မြင်တွေ့နိုင်ပြီး အချို့သောနောက်ထပ် ဆော့ဖ်ဝဲလ်အသွင်သဏ္ဍာန်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မျက်နှာပြင်ကို အာရုံခံကိရိယာ လေးမျိုးနဲ့ လှဆင်ထားတယ်။ 3D ရနိုင်တဲ့ မျက်နှာပြင်တစ်ခုအတွက် အထူအပါး တိုင်းတာပေးတဲ့ ကိရိယာအနေနဲ့ လုပ်ဆောင်စေနိုင်မှာလည်း ဖြစ်ပါတယ်။ (သို့) Moto app ကို လက်ဟန်ကိုယ်ဟန်နဲ့ ထိန်းချုပ်မှုအဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီသတင်းအရင်းအမြစ်က တချို့ အတွင်းပိုင်း အတည်တပ်ဆင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ Moto X+1 အလူမီနီယမ်ဘောင်တစ်ခုကိုလည်း တိုးမြင့်လုပ်ဆောင်ထားပြီး နောက်ကျောပြင်ကို သစ်သား၊ ပလပ်စတစ်၊ သားရေ၊ ဂျင်းစနဲ့ ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်နိုင်ချေရှိတယ်။ သစ်သားနဲ့ သားရေ ပုံစံတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ကြပြီး သတင်းဖော်ပြချက်အရ ကာဗွန်ဖိုင်ဘာနဲ့ ဟာကိုတော့ ရှေ့လာမယ့်လတွေမှာပြုဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အားလုံးသိရှိထားတဲ့အတိုင်း Moto X+1 ကို စက်တင်ဘာ (၄) ရက်နေ့မှာ ထုတ်ဖော်ကြေငြာဖွယ်ရှိပြီး နှစ်ပတ်အကြာ စက်တင်ဘာ (၁၇) ရက်နေ့မှာ Verizon သို့ ဖုန်းရောက်ရှိလာဖို့ အလားအလာရှိပါတယ်။ တကယ်လို့ ဒီသတင်းမှန်ကန်ခဲ့မယ်ဆိုရင် သေသပ်လှပတဲ့ Moto X ရဲ့ မျိုးဆက်သစ်နဲ့ ပတ်သက်ပြီး မကြာခင် စုံစုံလင်လင် လေ့လာသိရှိခွင့်ရရှိမှာဖြစ်တယ်။
Source: PhoneArena

0 comments:

sithulann@gmail.com

keylogger ရန် ကာကွယ်နည်း (Ebook)

0
Monday, September 01, 2014

 
ဂျီမေးကို Password မသုံးပဲဝင်ကြရအောင် အင်တာနက်ဆိုင်ကနေ ဂျီမေးလ်တွေသုံးရင် keylogger ရန်က လွတ်အောင်လို့  ဒီနည်းလေးသုံးလိုက်ရင် တော်တော်အဆင်ပြေသွားမှာပါ။ အောက်က ပေးထားတဲ့ ကုတ်တွေ ကို notepad ထဲမှာ copy ကူးယူပြီး USERNAME နဲ့  PASSWORD နေရာမှာ ကိုယ့် username နဲ့  Password ထည့်ပါ။ User Name မှာ @gmail ထည့်စရာမလိုပါ။ ဆက်လက်ဖတ်ရန် Download ယူလိုက်ပါနော်။
Credit to ==> Red Skull



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

0 comments:

sithulann@gmail.com

V-Root Mobiles v1.0.5.1 APK (8.1.2014) PC မလိုဘဲ Root ဖောက်နိုင်ပြီ

0
Monday, September 01, 2014

Android ဖုန်းကို Root ဖောက်တဲ့ Tools အမျိုးအစားတွေထဲမှာ VRoot ကတော့ နာမည်ကြီးပါဘဲ။ သာမန် User တွေတောင် ကိုယ်တိုင် Root ဖောက်နိုင်လောက်အောင်လွယ်ကူပါတယ်။ အခုကျွန်တော်တင်ပေးလိုက် တာလေးကတော့ VRoot APK ပါ။ ကွန်ပြူတာနဲ့ချိတ်စရာမလိုဘဲ ဖုန်းထဲမှာတင်ဘဲ Root ဖောက်နိုင်မယ့် Android Application လေးဖြစ်ပါတယ်။ မနေ့ညကမှအသစ်ထွက်တဲ့ Version လေးပါ ကျွန်တော်လည်း ရတာ နဲ့ တစ်ခါထဲတန်းပြီးတင်ပေးလိုက်တာဆိုတော့ ကိုယ်တိုင်မစမ်းရသေးပါဘူးဗျာ။ Android OS 2.0 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

vRoot - screenshot

vRoot - screenshot

vRoot - screenshot
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

0 comments:

sithulann@gmail.com

MSN Messenger ကို အောက်တိုဘာလတွင် အပြီးတိုင် ရပ်ဆိုင်းမည်

0
Monday, September 01, 2014



Windows Live Messenger ဟု လူသိများသည့် MSN Messenger ကို အောက်တိုဘာလ ၃၁ ရက်တွင် အပြီးတိုင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း Microsoft မှ ကြေညာလိုက်သည်။

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်နှစ်က Microsoft မှ ကြေညာခဲ့ပြီး Skype ကို ပြောင်းလဲသုံးစွဲ စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံတွင်မူ MSN Messenger ကို ဆက်လက်သုံးစွဲခွင့်ပေးခဲ့သည်။ ထို့နောက် အောက်တိုဘလာ ၃၁ ရက် နောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ MSN Messenger သုံးစွဲသူများ အနေဖြင့် Skype ကို ပြောင်းလဲသုံးစွဲရန် လိုအပ်မည် ဖြစ်သည်။

Microsoft သည် MSN Messenger ကို AOL ၏ AIM ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်ရန် ၁၉၉၉ ခုနှစ်က စတင်ခဲ့သည်။ MSN Messenger သည် AIM ကို အသုံးပြုနိုင်ရန် အထောက်အပံ့ ပေးခဲ့သော်လည်း AOL က Microsoft ကို ဆက်လက် တားမြစ်ရန် ကြိုးပမ်းခဲ့သည်။ MSN Messenger ကျော်ကြားလာချိန်တွင် Microsoft က custom emoticon များ၊ ဂိမ်းများနှင့် chat window ကို တုန်ခါစေနိုင်သည့် featureျားကို ဖန်တီး ထည့်သွင်းပေးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် Microsoft က MSN Messenger ကို Windows Live Messenger ဟု အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် Windows Live Messenger ကို လစဉ်သုံးစွဲသူ သန်း ၃၃၀ ကျော် ရှိလာခဲ့သည်။

Microsoft သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် MSN Messenger အသုံးပြုခွင့် ရပ်ဆိုင်းပြီး Skype ကို ပြောင်းလဲအသုံးပြုရန် စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံရှိ သုံးစွဲသူများအတွက် ၎င်းဝန်ဆောင်မှုကို တရုတ်မီဒီယာကုမ္ပဏီ TOM Group နှင့် ပူးပေါင်းကာ ဆက်လက် အသုံးပြုခွင့်ပေးခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က TOM Group နှင့် Skype တို့အကြား အငြင်းပွားဖွယ် ဖြစ်ပွားခဲ့ပြီးနောက် MSN Messenger အသုံးပြုခွင့် အပြီးတိုင် ရပ်ဆိုင်းရန် Microsoft က ကြေညာခဲ့ခြင်း ဖြစ်သည်။

Ref: Forbes

0 comments:

sithulann@gmail.com

Ashampoo Snap 7.0.4 + Crack (Final Version)

0
Monday, September 01, 2014


မိမိကွန်ပြူမှာလုပ်ဆောင်သမျှတွေကို screenshots လုပ်ချင်သူတွေအတွက် images and videos က
အစရုပ်သံကြည်လင်စွာဆောင်ရွက်ပေးနိုင်တဲ့ Ashampoo Snap 7 ကိုလူတိုင်းသိကြပါတယ်။အားလုံး
အဆင်ပြေစေရန်အတွက်ဒေါင်းလော့စ်ဖိုင်ထဲမှာ Crack ဖိုင်လေးပါထည့်သွင်းပေးထားပါတယ်။အမြဲတန်း
Full Version အဖြစ်အသုံးပြုနိုင်ပါပြီ။ဝင်းဒိုး (32bit/64bit) အားလုံးအသုံးပြုနိုင်ပါတယ်။


Ashampoo Snap 7 is the smartest way to capture screenshots, add notes and annotations and share them with your friends. With Ashampoo Snap 7 you capture images and videos right from your screen in seconds, capture rectangular regions, use free form capture for maximum flexibility, use timers for interval capturing.

New in Ashampoo Snap 7

Smoother workflow
Ashampoo Snap 7 uses optimized drawing routines to provide a smoother, rounder look and feel that you will simply love.

Less complexity
With Ashampoo Snap 7, it takes less clicks to achieve your goals. Save time and boost your productivity.

Smarter work environment
Ashampoo Snap 7 employs smart background versioning so your original image is never lost and all modifications remain editable. Want to start over? Revert to the original at the click of a button.
 Sharing has never been easier
You no longer require an installed application to email your work, thanks to the integrated support for browser-based email clients. The integration with common file hosting services has also been greatly improved with integrated support for Dropbox, Google Drive and Microsoft Sky Drive. Need an even easier way to share your work? Upload it to Ashampoo Webspace, now with HTML 5 video support, and share a unique Internet link with your friends. Furthermore, Ashampoo Snap 7 features JXR and PSD export with layers for easy processing, e.g. with Adobe Photoshop, for power users.

Operating System: Windows® XP, Windows Vista® (32bit/64bit), Windows® 7 (32bit/64bit), Windows® 8 (32bit/64bit)


home Page - www.ashampoo.com


http://bc.vc/wUUvxJ 
(or)

http://adfoc.us/14251337811845 
(or)

http://adfoc.us/14251337811838 
★★နည်းပညာမြို့တော်★★
 

0 comments:

sithulann@gmail.com

website တွင် download ဆွဲလိုသော ipa များအား မိမိ IOS devices မှ တိုက်ရိုက် download and install လုပ်နည်း အဆင့်ဆင့်

0
Monday, September 01, 2014


ဒီကောင်လေးကတော့ အားလုံးနဲ့ အဆင်ပြေတဲ့နည်းလေးပါခင်ဗျာ…..
ကျွန်တော်တို့ ယခင်က မိမိ လိုချင်သော ဖိုင်ကို ဒေါင်းလုပ်ဆွဲရာတွင် safari မှာ safari download manager ကို သုံးပြီး အလွယ်တကူ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ယခု ios 7 တွင် safari download manager အဆင်မပြေသေးပါ။ ထို့ကြောင့် အလွယ်တကူ download and install လုပ်နိုင်ရန် ဤနည်းကို share လိုက်ပါသည် ခင်ဗျားးးး
လိုအပ်သောဖိုင်များ
1.    maxthon browser ( app store မှ ဒေါင်းလုပ်ပါ။ free ပေးပါတယ်။  သိုမဟုတ့် ဒေါင်းလုပ်
         အခက်အခဲ ရှိပါက  အောက်ကလင့်ကနေ ipa ယူနိုင်ပါတယ်ခင်ဗျား )
2.    crack app and games သွင်းဖို့အတွက်   Appsync 7+ ကို install ထားပါ ။ မရှိသေးရင်
       ( cydia.myrepospace.com/kyawzinthet) မှ install ပါ။
3.   App Center ( မရှိသေးပါက  အောက်ပါလင့်မှ  ipa ဖိုင်ကို install ပါ။)
      For Ipad
      ( Vshare ရှိလဲရပါသည် . vshare ရှိပါက အဆင့် (၈) တွင် vshare ကိုရွေးပေးလိုက်ပါ ။ ဒေါင်းလုပ်
ဖိုင်ကိုမပြပါ…  direct install လုပ်သွားပါသည်၊ တစ်ခါတစ်လေ install မလုပ်ပါ (၂) ခါ(၃) ခါ
ပြန်လုပ်မှ ရပါသည်)  ထို့ကြောင့်  tongbu ကို recommend ပေးပါသည်
ဒီ ၃ ခုရှိတာနဲ့ အဆင်ပြေပါပြီဗျာ… 
အောက်ပါအဆင့်အလိုက် လုပ်သွားပါခင်ဗျား
 ၁။      maxthon browser ကိုဖွင့်ပါ။ မိမိဒေါင်းလိုသော file link အား ဖွင့်ပြီး၊ download နှိပ်ပါ။
 (ပုံတွင်ကြည့်ပါ)     ဥပမာ  ကျွန်တော် mmas က application  ဖိုင်တစ်ဖိုင်၏ download page
 http://www.myanmarmobileapp.com/2013/10/05/ifunface-pro-create-funny-hd-videos-from-photos-fun-face-for-iphone-ipad-and-ipod-21mb/ ) အား အောက်ပါအတိုင်းဖွင့်လိုက်ပါသည်။
၂။    ဒေါင်းလုပ်မလားလို့ မေးရင် download လုပ်ပါ။  (ပုံတွင်ကြည့်ပါ)
၃။   download နှိပ်ပြီးပါက  download  percentage  အား ကြည့်နိုင်ရန် အတွက် maxthon browser ၏ ညာဘက်အောက်ဒေါင့် မျဉ်း ၃ ကြောင်း ပြထားသော နေရာအားနှိပ်ပါ (ပုံတွင်ကြည့်ပါ)
၎။   page တစ်ခုပေါ်လာလိမ့်မည်။ ပေါ်လာသော page မှ  အောက်ကို မြှားစိုက်နေသောပုံအား နှိပ်လိုက်ပါ ။ (ပုံတွင်ကြည့်ပါ)
၅။   ပေါ်လာတော့ page တွင် မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်အား downloading ပြနေလိမ့်မည်။
      ဒီအဆင့်တွင် သတိထားရန် ( ဒေါင်းလုပ်ဆွဲနေပါက maxthon အား ဖွင့်ထားပါ။ home ဖြင့် မထွက်ပါ
      နဲ့။  မိမိ download ဆွဲနေသော ဖိုင်သည် home ဖြင့် ထွက်လိုက်သည်နှင့် pause ဖြစ်သွားလိမ့်မည်)
      (ပုံတွင်ကြည့်ပါ)
၆။   ဒေါင်းလုပ်ပြီးပါက မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်၏ ဘေးတွင် အမှန်ခြစ် ပြနေလိမ့်မည်။
      (ပုံတွင်ကြည့်ပါ)
၇။   မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်သည် အမှန်ခြစ်ပြနေပါက ထိုဖိုင်အား နှိပ်လိုက်ပါ။
      page နောက်တစ်ခုသို့ရောက်သွားပါလိမ့်မည်. ပေါ်လာသော page မှ ညာဘက်အပေါ်ဒေါင့်မှာ ရှိတဲ့
      မြှားအပေါ်ကိုပြနေတာကို နှိပ်ပါ။  (ပုံတွင်ကြည့်ပါ)
၈။  ပေါ်လာသော page မှ  အောက်ပါပုံတွင် မြှားပြထားသော open in ကို နှိပ်ပါ။ (ပုံတွင်ကြည့်ပါ)
၉။     နှိပ်ပြီးပါက tong bu app အား သွားရောက်ဖွင့်နေပြီး အောက်ပါပုံတွင် ပြထားသလို မိမိ ဒေါင်းလုပ်
        လုပ်ထားသော application အား ပုံနှင့်တကွ တွေ့နေလိမ့်မည်။ ဒေါင်းလုပ် လုပ်ထားသော
         application အား  install လုပ်ချင်ပါက  ပုံတွင် မြှားပြထားသော တရုတ်စာအား နှိပ်လိုက်ပါ။
        နှိပ်ပြီးပါက home screen တွင် မိမိ download and install ထားသော app အား ဝမ်းမြောက်
       ဖွယ်ရာ မြင်တွေ့ရပါပြီ။။
       သတိမှတ်ရန်  (  မိမိ  download and install  လုပ်ချင်တော application သည် ios 7 တွင်
                            support လုပ်/ မလုပ် ဦးစွာ စစ်ဆေးသင့်ပါသည် )
မိမိ download လုပ်ပြီး install လုပ်ချင်တော့ app အား IDevices တစ်ခုတည်းမှ အဆင်ပြေစွာ install လုပ်ပြီး ဖြစ်ပါကြောင်း


Thanks to Kyaw Zin Thet (MMUG)

0 comments:

sithulann@gmail.com

Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း

0
Monday, September 01, 2014

အခုရက်ပိုင်းအတွင်း Facebook စာမျက်နှာတော်တော်များများ မှာ နဂါး၊ ဘီလူး စသဖြင့် ကောလဟာလတွေ တော်တော် များနေပါတယ်။ အနုပညာရှင်တွေ နဲ့ပတ်သက်လို့လည်း ဓာတ်ပုံတွေဖြတ်ညှပ်ကပ်လုပ် ခံရတာနဲ့ပတ်သက်ပြီး ဟိုးလွန်ခဲ့သော ၆နှစ်လောက်ကတည်းက ဒါမျိုးတွေ အင်တာနက်မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ သတင်းဌာနက တင်တယ်ဆိုတိုင်းလည်း မျက်စိစုံမှိတ်ယုံ လို့မရပါဘူး။ ကိုယ်တိုင်ဆန်းစစ်ပြီးမှ ယုံကြည်ကြပါ။ Facebook ပေါ်တက်လာတဲ့သတင်းဓာတ်ပုံတွေဟာ အခြေမြစ်ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လိုဆန်း စစ်ကြမလဲ။
အရမ်းကိုရိုးရှင်းပါတယ်။ သင်ကွန်ပျူတာကနေ အင်တာနက် စာမျက်နှာတွေကြည့်ရှူ တဲ့အခါမှာ Chrome Browser အသုံးပြုသူဆိုလျှင် ခြေရာခံရတာပိုလွယ်ကူပါတယ်။ အခြားသော Browser တွေကဆိုရင်လည်း http://www.google.com/imghp ကနေ ခြေရာခံနိုင်ပါတယ်။ Chrome Browser အသုံးပြုနေသူများအတွက် ယခုနည်းလမ်း အတိုင်း လုပ်ဆောင်ကြည့်ပါ။
ပုံ - (၁) ကိုကြည့်ပါ။ ရခိုင်ပြည်က ဘီလူးခေါင်းတစ်ခု ရှာတွေ့နေတဲ့ပုံပေါ်ကို Right Click နှိပ်ပါ။ Search Google for this Image ဆိုတာကို Click ပါ။
ပုံ - (၂) ကိုကြည့်ပါ။ ယခုလို မူရင်းအစစ်အမှန် သတင်းဆောင်းပါး၊ ဓာတ်ပုံတွေကို တွေ့မြင်ရပါလိမ့်မယ်။ ထပ်ပြီးသေချာအောင် အဲဒီ ဆောင်းပါးတွေရေးသား ထားတဲ့ နေ့ရက်တွေကို ကြည့်ရှူပါ။ 2013 ခုနှစ်က တင်ထားတဲ့ ဆောင်းပါးတွေဖြစ်လို့ ပိုလို့တောင် မဖြစ်နိုင်ပါ။
ဒုတိယတစ်နည်း -
ဒီနည်းလမ်းကတော့ Chrome Browser အသုံးမပြုသူများအတွက် Google Image Website - http://www.google.com/imghp ကိုတိုက်ရိုက်သွားပါ။
ပုံ - (၃) ကိုကြည့်ပါ။ ကင်မရာသင်္ကေတလေးကို Click ပါ။
ပုံ - (၁) ကိုပြန်ကြည့်ပါ။ ပုံ - (၁) မှာ Copy Image URL ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီက Copy ကူးလာတာကနေ ပုံ - (၄) မှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး Paste image URL မှာ Paste လုပ်ပါ။ (ဘီလူး၊ နဂါးပုံတွေ မိမိစက်ထဲမှာ ရှိတယ်ဆိုရင် Upload an image ကိုသွားပါ။) ပြီးနောက် Search by image ကို Click ပါ။ ပုံ - (၂) အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးပဲ သတင်းအမှား၊ အမှန် ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။
စာမူရှင် - မိုးလုံးပြည့်လျှံ
‪#‎tech_yyl‬

0 comments:

sithulann@gmail.com

iOS 8 အတွက် သင့်ရဲ့ iPhoneနဲ့ iPadကို ပြင်ဆင်ထားနည်းများ

0
Monday, September 01, 2014


 
Apple က ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ Worldwide Developer Conferenceမှာ iOS 8 ကို ကြေညာခဲ့ပါတယ်။ နောက်ဆုံး iOS Versionမှာ Siri Voice Assistant တိုးတက်ကောင်းမွန်လာပြီး Health and Wellness Appအသစ်နဲ့ Notification များကို ဆန်းသစ်ထားတဲ့အပြင်အခြားအရာများစွာ တိုးတက်ပြောင်းလဲလာပါတယ်။

iOS 8 ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဖြန့်ချီဖို့ ရှိနေတာကြောင့် အခုချိန်ဟာ Updateရယူဖို့ သင့် iPhone, iPad များကို အဆင်သင့်ပြုလုပ်ထားဖို့ အကောင်းဆုံးပါ။ ဒီနည်းလမ်းများက iOS 7ကနေ iOS 8ကို အဆင့်မြှင့်တင်ရာမှာ အချောမွေ့ဆုံး ဖြစ်စေမှာပါ။

Compatibilityကို စစ်ဆေးပါ။

မူလ iPadနဲ့ iPhone 4ကို သုံးနေသေးတယ်ဆိုရင် အဆင့်မြှင့်ဖို့ အချိန်ကျပါပြီ။ Appleရဲ့ Deviceအားလုံးဟာ iOS 8ကို Updateလုပ်လို့ မရပါဘူး။ Appleက အောက်ပါ Deviceများကသာ iOS 8ကို အဆင့်မြှင့်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီ Deviceများကတော့ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, Third-and Fourth-Generation iPad, iPad Air, Fifth-Generation iPod Touch, iPad Mini, iPad Mini with Retina Displayတို့ ဖြစ်ပါတယ်။

နေရာလွတ်တွေ ရှင်းလင်းပါ။


iOS 7ကို အင်တာနက်ကနေ Updateလုပ်ခဲ့ရတဲ့ ပမာဏဟာ 700MBလောက်ရှိပါတယ်။ ဒါပေမယ့် Updateကို အင်စတော လုပ်ဖို့ ဖုန်းမှာ 3GBလောက် နေရာလွတ်ရှိဖို့ လိုခဲ့ပါတယ်။ iOS 8 ထွက်ရှိလာရင်လည်း အဲဒီလိုအပ်ချက်တွေလောက် နေရာလွတ်ရှိဖို့ လိုမှာပါ။ အဲဒီအတွက် နေရာလွတ်တွေကို ရှင်းထားဖို့က အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

အသုံးမပြုတဲ့ Appတွေကို Uninstallလုပ်ထားဖို့ (အိုင်ကွန်ကို ဖိထားပြီး တုန်ခါလာရင် ကြေခြေခတ်ခလုတ်ကို နှိပ်ပါ။)နဲ့ ဓါတ်ပုံများကို iCloud ဒါမှမဟုတ် Dropbox, Google Driveတို့လို အခြား Cloud Serviceများကို ပြောင်းရွှေ့ထားသင့်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို မဖျက်ဘဲ သင့်ကွန်ပျူ တာကို ကူးပြောင်းထားရင်လည်း ဖုန်းမှာ နေရာလွတ်များ ရရှိစေမှာပါ။

iPhone, iPadကို USB ကနေ ကွန်ပျူ တာနဲ့ ချိတ်ပါ။ Mac ဒါမှမဟုတ် MacBook မှာ ဆိုရင် iPhoto ကို သုံးပြီး ဓါတ်ပုံအားလုံး ဒါမှမဟုတ် နှစ်သက်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး ကွန်ပျူ တာမှာ သိမ်းနိုင်ပါတယ်။ ဝင်းဒိုးကွန်ပျူ တာမှာ My Computerကို နှိပ်ပြီး Portable Device ကဏ္ဍဍမှ သင့် Deviceကို ရွေးချယ်ပါ။ DCIM Folder ကို နှိပ်ပါ။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Drag and Dropလုပ်ပြီး သင့်ကွန်ပျူ တာကို ကူးပြောင်းပါ။

သင့် iOS Deviceမှာ နေရာဘယ်လောက်ကျန်လဲ သိချင်ရင် Settings>General>Usageမှာ ကြည့်နိုင်ပါတယ်။

Updatesများကို စစ်ဆေးပါ။

နောက်တစ်ဆင့်မှာ သင်သုံးနေတဲ့ Softwareများကို Updateလုပ်ထားဖို့ လိုပါတယ်။ iOS 8 ကို အဆင့်မြှင့်ဖို့ နောက်ဆုံး iOS Versionကို တင်ထားရမှာပါ။ Settings>General> Software Update မှာ Update ရလား စစ်ဆေးပါ။
iOS 8 မှာ သင့်ရဲ့ Appအားလုံး အလုပ်ကောင်းစွာ လုပ်ဖို့ အတွက် iOS 8 ကို Update မလုပ်ခင်မှာ App အားလုံးကို Update လုပ်ထားသင့်ပါတယ်။

သင့် Deviceကို Back Up လုပ်ထားပါ။

Updateလုပ်စဉ်မှာ အဓိက ပြဿ     နာကြီးကြီးမားမား မရှိနိုင်ပေမယ့်လည်း သင့် Deviceကို Backup လုပ်ထားခြင်းက စိတ်ချရစေပါတယ်။
သင့် Deviceကို Backupလုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ ပထမနည်းက သင့်ကွန်ပျူ တာမှာ သိမ်းထားပေးမယ့် iTunesနဲ့ ပြုလုပ်ခြင်းပါ။ အဲဒီနည်းအတွက် နောက်ဆုံး iTunes Version ကို အင်စတော လုပ်ထားသင့်ပါတယ်။ သင့် iPhone, iPadကို USBကြိုးကနေ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပါ။ ပြီးရင် သင့် Device ကို ရွေးချယ်ပြီး အပေါ်ရှိ Menu ကနေ Summary Tab ကို သွားပါ။ သင့်ကွန်ပျူတာကို ရွေးချယ်ထားလားဆိုတာ သေချာအောင် စစ်ဆေးပြီး ညာဘက်ဘေးမှ Back Up Now ကို နှိပ်ပါ။ Apple Cloud Serviceမှာ သိမ်းချင်ရင် ကွန်ပြူတာ Optionရဲ့ အထက်မှ iCloud Optionကို ရွေးချယ်ပါ။

ဒေတာများကို သင့် iOS Deviceကနေ iCloud ကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဝိုင်ဖိုင်ဖွင့်ထားပြီး Settings>iCloud>Storage and Backupကို နှိပ်ပါ။ အဲဒီမှာ ဘယ်ဖိုင်တွေနဲ့ Settingsတွေကို iCloudမှာ သိမ်းမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးရင် Pageအောက်ဆုံးသွားပြီး Back Up Nowကို နှိပ်ပါ။

မှတ်သားစရာအချို့
 
အတိတ်မှာ ကြုံ ခဲ့ရဖူးသလိုပဲ တစ်ခါတစ်လေမှာ Update ကြီးကြီးမားမားတွေက Deviceအဟောင်းတွေမှာ ဆိုရင် ပြဿ     နာဖြစ်စေပါတယ်။ iOS 7ကို အဆင့်မြှင့်ပြီးနောက်မှာ iPhone 4ပိုင်ရှင်တွေဟာ ဘက်ထရီသက်တမ်း တိုးတောင်းသွားမှုနဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတဲ့ ပြဿ    နာများကို ကြုံတွေ့ခဲ့ကြပါတယ်။ iPhone 4S, iPad 2ပိုင်ရှင်တွေအနေနဲ့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာမှ iOS 8ကို အဆင့်မြှင့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့် Deviceကို Updateလုပ်စဉ်မှာ တွေ့ရမယ့် ပြဿ     နာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
 
ref: http://ict.com.mm

0 comments:

sithulann@gmail.com

အချိန်ကုန်သက်သာစေမယ့် Gmail Tricks သုံးခု

0
Monday, September 01, 2014



နေ့စဉ်ဝင်လာတဲ့ အီးမေးတွေကို စီမံခန့်ခွဲရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း သတင်းအချက်အလက် ခေတ်ကြီးထဲမှာ အောင်မြင်ဖို့ ဆိုရင်တော့ အီးမေးနဲ့ ဆက်သွယ်ကြရမှာပါ။အီးမေးကို သုံးပြီဆိုရင်တော့ ဆက်သွယ်မှုတွေ ပိုမိုများပြားလာပြီး ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပါ။ တစ်ပြိုင်နက်ထဲမှာ သင့်ရဲ့ အီးမေး ပမာဏဟာ တိုးပွားလာသလို ဝင်လာတဲ့ အီးမေးတွေကို လျှင်မြန်စွာ တုန့်ပြန်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နေ့စဉ် အလုပ်တစ်ခုပါ။ဒါဟာ C-level အရာရှိတွေနဲ့ ပိုသက်ဆိုင်ပါတယ်။ AdRollမှ ဝင်ငွေဌာန အရာရှိ Suresh Khannaနဲ့ စကားပြောကြည့်တဲ့အခါမှာ သူက “စီမံခန့်ခွဲမှုဟာ ဆုံးဖြတ်ချက်ချရတာပါ။ အလုပ်တွေလုပ်ရတာ မဟုတ်ပါဘူး။ အလုပ်တွေ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့ စီမံခန့်ခွဲရတာပါ။ လက်အောက်ငယ်သားတွေရဲ့ အသံတွေကို နားထောင်ဖို့နဲ့ အားလုံးကို တစ်ညီတစ်ညာတည်း အလုပ်လုပ်စေဖို့ လိုပါတယ်။ စီမံခန့်ခွဲတာတွေကို အီးမေးကနေ ပြုလုပ်မယ်ဆိုရင် အီးမေးတွေကို ကျင်လယ်စွာ ပေးပို့ရယူနိုင်ဖို့နဲ့ တစ်ဆင့်ပြန်ပေးပို့ရတဲ့ အလုပ်တွေပါဝင်လာပါတယ်။” လို့ ပြောပါတယ်။အီးမေးတွေထဲမှာ Gmail ကို အသုံးပြုမှု အများဆုံး ဖြစ်တဲ့အတွက် သင့်ရဲ့ အဖိုးတန်အချိန်တွေကို သက်သာစေမယ့် Gmail နည်းလမ်းသုံးခုကို တင်ပြလိုက်ပါတယ်။၁။ သင်ကြည့်ချင်တာတွေကို ထိပ်ဆုံးမှာ မြင်ရမယ့် One-Page Inbox Viewကို သုံးပါ။ Gmail မှာ Priority Inbox ဆိုတဲ့ Optionတစ်ခုပါရှိပါတယ်။ အဲဒါကိုသုံးရင် Important and Unread အီးမေးများကို ထိပ်ဆုံးမှာ ပြပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ Starredနဲ့ Everything Else ဆိုတဲ့ ကဏ္ဍဍတွေကို အသီးသီး ဖော်ပြပေးမှာပါ။1
အောက်မှာ ပြထားတဲ့ ပုံမှာလိုပဲ ကဏ္ဍဍတစ်ခုရဲ့ ညာဘက်မှ Drop Down Iconကို နှိပ်ပြီး More Optionsကို သွားရင် သီးခြား Labelတစ်ခုကိုသာ ပြသပေးအောင် ရွေးချယ်နိုင်ပါတယ်။
2
သင်ဟာ အရေးကြီး အီးမေးတွေကို Labelများနဲ့ ခွဲခြားထားတယ်ဆိုရင် ဒါဟာ အလွန်ကောင်းတဲ့ ရွေးချယ်နိုင်မှု စွမ်းဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Priority Inboxကို သုံးရင် ပြဿ     နာနှစ်ခုကို တွေ့ရပါမယ်။

ပထမတစ်ခုက Labelတစ်ခုကို ရွေးချယ်တဲ့အခါမှာ ဖတ်ပြီးသားအီးမေးတွေကိုပါ ကဏ္ဍဍမှာ ပြသပေးတာပါ။ ဒါဟာ Inboxကို ရှုပ်ထွေးမှုမရှိအောင် ပြုလုပ်နေတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ဆန့်ကျင်နေပါတယ်။

ဒုတိယတစ်ခုက Priority Inboxမှာ Labelနှစ်ခုသာ အသုံးပြုလို့ရတာပါ။ နောက်ထပ် Labelတစ်ခုထပ်အသုံးပြုဖို့ Drop Down Arrowမှ Add Sectionကို နှိပ်ရင် Remove Sectionဆိုတာသာ ပေါ်လာမှာဖြစ်ပါတယ်။

အဲဒီပြဿ     နာနှစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ ပထမပြဿ     နာကို ဖြေရှင်းဖို့အတွက် More Optionsကို နှိပ်ပြီး Label Textနေရာမှာ Left Clickမနှိပ်ဘဲ Right Clickနှိပ်ပြီး Chrome Browserမှာ ဆိုရင် Inspect the elementကို နှိပ်ပါ။ Source Codeတွေပေါ်လာရင် Label Nameရဲ့ အရှေ့မှာ “^u”ကို ထည့်ပေးပါ။ ပြီးရင် Labelကို Left Clickနှိပ်ရင် အဲဒီ Labelမှာ မဖတ်ရသေးတဲ့ အီးမေးတွေကိုသာ ပြသပေးမှာပါ။

ဒီနည်းလမ်းရဲ့ ကောင်းမွန်တဲ့အချက်က တစ်ခါသာ ဒီလိုပြုလုပ်ပေးဖို့လိုပါတယ်။ အခြား ကွန်ပျူတာတွေကနေ မတူညီတဲ့ ဘရောက်စာတွေကို သုံးရင်တောင် ဒီပြောင်းလဲမှုက အသက်ဝင်နေပါတယ်။

ဒုတိယပြဿ     နာကို ဖြေရှင်းဖို့အတွက် Remove Sectionမှ Inspect elementကို နှိပ်ပါ။ ကုဒ်တွေထဲမှာ act=”z”ကို act=”n”လို့ ပြောင်းပေးပါ။ အောက်မှာ ပြထားတဲ့ပုံမှာလို ပြောင်းရမှာပါ။ ပြီးရင် Remove Sectionကို နှိပ်ရင် နောက်ထပ် ကဏ္ဍဍတစ်ခုကို ပြုလုပ်နိုင်ပါပြီ။

ဒီပြောင်းလဲမှုကလည်း Unread နည်းလမ်းလိုပဲ အခြားကွန်ပျူ တာတွေမှာတောင် အကျိုးသက်ရောက်စေပါတယ်။  

0 comments:

sithulann@gmail.com

insecure boot 1Click Tool

0
Wednesday, August 20, 2014


ခုနောက်ပိုင်းမှာ insecure boot.img ရိုက်မှပဲ root ပေါက်တဲ့
ဖုန်းတွေ build number တွေ ပေါ်ထွက်လာပါတယ်
ခဏခဏကြုံနေရတာက
insecure boot လေးလုပ်ပီးရိုက်လိုက်ဗျာ ဆိုရင်
မလုပ်တတ်လို... ဆိုတာတွေလာလာပြောကြလို.ပါ
ခု ကျနော် သုံးနေတာလေးတင်ပေးလိုက်မယ်
1 Click လေးပေါ.
sh doboot လို.ပဲ ရိုက်ပေးလိုက်ပါ
Script ကပဲလိုတာ အကုန်လုပ်ပေးသွားပါလိမ်.မယ်
ဘာတွေလိုအပ်မလဲ
၁. Android Kitchen သွင်းထားပါ
၂. WORKING_ ဖိုဒါတည်ဆောက်ထားပီး ဖြစ်နေပါစေ
၃. ကိုယ် insecure boot.img ပြောင်းချင်တဲ့ " boot.img " ကို WORKING_ ဖိုဒါထဲမှာထည်.ပါ
ခုပေးလိုက်တဲ့ဖိုင်တွေကို
C:\cygwin\home\your_username\kitchen အောက်မှာကူးထည်.လိုက်ပါ
{ ဟိုအရင်က
sh menu သို.မဟုတ် ./menu ရိုက်သလိုမျိုး
sh doboot
လို.ရိုက်ပေးလိုက်ပါ
WORKING_/bootimg ကို ဖြည်ချခြင်း insecure code သွင်းပေးခြင်း adbd binary file လဲလှည်ပေးခြင်း boot.img ပြန်ပေါင်းခြင်း စတာတွေကို အကုန် auto လုပ်သွားပါလိမ်.မယ်
-----------------------
ခုဆိုရင် insecure boot.img လေးရလာပါပီ
SP Flash Tool ကနေ အရံသင့်သွင်းရုံပါပဲ
-------------------------------------
မှတ်ချက် ၊ forum.xda မှာ မတင်လိုက်ပါနဲ့နော်
အားလုံးက copy code တွေမလို.ပါ
copy and paste လုပ်ထားတာပါ



Credit - Ko Phyo Nyi Nyi

0 comments:

sithulann@gmail.com

Home Screen တွင် App များ ပျောက်ဆုံးခြင်း

0
Wednesday, August 20, 2014

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။

အကယ်၍ ယခုလိုအဖြစ်အပျက်မျိုး မိမိဆီမှာ တွေ့ကြုံရလာတဲ့အခါ အောက်ပါအတိုင်း ရှင်းလင်းခြင်းဖြင့် သွင်းယူထားသော App တွေ ပြည်လည် ပေါ်လာမှာဖြစ်ပါတယ်..

၁) iFile ကို ဖွင့်ပါ။ (မရှိသေးပါက Cydia မှ သွင်းယူပါ)
၂) /var/mobile/Library/Caches လမ်းကြောင်းအတိုင်းသွားပြီး "com.apple.mobile.installation.plist" ကို Delete လုပ်ပါ။
၃) iPhone, iPad ကို Power button အသုံးပြု၍ Power Off လုပ်ပါ။
၎) Power ပြန်ဖွင့်၍ တက်လာသောအခါ ပုံမှန်အတိုင်း သွင်းယူထားသော App များအားလုံးကို မြင်တွေ့ရပါမည်။


အကယ်၍ မမြင်တွေ့ရသေးပါက အဆင့် (၂) အတိုင်း ပြန်သွား၍ "com.apple.mobile.installation_backup.plist" ကိုပါ Delete လုပ်ပါ။
Reboot ပြန်လုပ်သောအခါတွင် အားလုံးပုံမှန် ပြန်လည်၍ အလုပ်လုပ်ပါလိမ့်မည်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား 

0 comments:

sithulann@gmail.com

Sapphire screen နှင့် iPhone model...?

0
Wednesday, August 20, 2014


Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။


Sapphire screen တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်က $16 လောက်ရှိပြီး လက်ရှိ Gorilla Glass ရဲ့ ထုတ်လုပ်မှုစရိတ် $3 နဲ့ ယှဉ်ရင် အလွန်ဈေးမြင့်ပါတယ်။
Apple အနေနဲ့ ထုတ်လုပ်မှုစရိတ် မြင့်တာရယ်၊ ကုန်ကြမ်း ရှားပါးတာရယ်ကြောင့် Sapphire screen ပါရှိမယ့် iPhone model အတွက် သီးသန့်ဈေးနှုန်းတစ်ခု သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီထက်အရင်က ကောလဟာလ သတင်းတစ်ခုမှာတော့ Sapphire screen ကို 64GB iPhone model မှာပဲ တပ်ဆင်လိမ့်မယ်လို့ ထွက်ခဲ့ဖူးပါတယ်။ အခုနောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက၊ Sapphire screen ကို လုံလောက်အောင် စီစဉ်ပြီးမှ iPhone 6s နဲ့မှ တစ်ပါတည်း ပွဲထုတ်လိမ့်မယ်လို့လည်း ပြောဆိုနေပါတယ်။

အကြမ်းခံတဲ့ Sapphire crystal ကို iPhone 5s (ယခုမော်ဒယ်လ်)ရဲ့ Home button နဲ့ Rare Camera lens အတွက် အသုံးပြုထားပါတယ်၊ သို့သော် iPhone မျက်နှာပြင် screen တစ်ခုလုံးအတွက် ဆိုရင်တော့ ကုန်ကျစရိတ် မြင့်လွန်းပါတယ်။

Sapphire screen တွေကို ပိုပြီး အကြမ်းခံစေဖို့ မှန်အပေါ်ကို ထပ်ပြီး laminate လောင်းနိုင်မယ့် စက်အသစ် တစ်မျိုးကို GT Advanced Technologies ကုမ္ပဏီက တီထွင်နိုင်ခဲ့ပေမယ့် ဒီစက်တွေကို စတင် လည်ပါတ်နိုင်စေဖို့ ဆိုရင် နောက်ထပ် လအနည်းငယ် အချိန်ယူရပါလိမ့်ဦးမည်... 


Credit >>> မိုးသိကြား

0 comments:

sithulann@gmail.com

HTC ရဲ့ Feature တစ်ခုဖြစ်တဲ့ HTC Zoe ……For Android 4.4 and Up Devices

0
Wednesday, August 20, 2014


unnamed
HTC ရဲ့ Feature တစ်ခုဖြစ်တဲ့ HTC Zoe Beta apk လေးပါ
Android version 4.4 အထက်တွေမှာ အသုံးပြုနိုင်မှာပါ
သူကတော့ Video တွေကို Facebook , Twitter အစရှိတဲ့ Social Web တွေမှာ တခါတည်း Share ပြုလုပ်နိုင်ပါတယ်
သူရဲ့ အသုံးဝင်ပုံလေးတွေကို Play store မှာကြည့်ရှုနိုင်ပါတယ်
unnamed1 unnamed3
HTC Zoe apk  ကိုအောက်က Playstore link ရယူနိုင်ပါတယ်
OR
Credit Myanmarmobileapp

0 comments:

sithulann@gmail.com

Android OS Updates မရဘူလား? Google က ဒီနည်းလမ်းများနဲ့ သင့်ရဲ့ Android Device ကို Update လုပ်ပေးနေပါတယ်။

0
Wednesday, August 20, 2014



Android OS Updates များဟာ အရင်လိုတော့ အရေးမကြီးတော့ပါဘူး။ Android Device အများစုဟာ Operating System Update ထွက်ရှိတာနဲ့ မရရှိကြပါဘူး။ ဒါပေမယ့် Google က Android Operating System ကို နောက်ကွယ်မှာ Update ပြုလုပ်ပေးနေပါတယ်။
Device ထုတ်လုပ်သူနဲ့ Carrier များကနေ မဟုတ်ဘဲ Google က Operating System နဲ့ သူ့ရဲ့ Apps များကို သီးခြား Update ပြုလုပ်ပေးနေပါတယ်။ ဒါဟာ Android Fragmentation ပြဿနာကို ဖြေရှင်းနေတဲ့ Google ရဲ့ အစီအစဉ်ပါ။ အဲဒီအတွက် Android Device အဟောင်းတွေဟာလည်း Update များကို ပုံမှန်ရရှိနေကြပါတယ်။
Android 4.2, 4.3, 4.4 ဟာ Minor Updates များဖြစ်ပါတယ်။
--------------------------------------------------------
Android Updates များဟာ တစ်ချိန်ကတော့ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် Android 4.0 Ice Cream Sandwich ထွက်ရှိလာတဲ့ အချိန်မှာ User Interface တစ်ခုလုံးကို ပြောင်းလဲပေးလိုက်သလို စွမ်းဆောင်ရည်လည်း ကောင်းမွန်လာပါတယ်။ APIs အသစ်ကိုတောင် ထုတ်လုပ်ပေးလိုက်တာပါ။ အချို့ Apps များဟာ Android 4.0 မှာသာ အသုံးပြုလို့ရပါတယ်။ Google Chrome ဟာ Android 4.0 နဲ့ သူ့အထက်မှာသာ အလုပ်လုပ်ပါတယ်။ အဲဒီအတွက် Android 2.3 Gingerbread ကနေ Android 4.0 မတိုင်မီ အထိ ဗားရှင်းများဟာ 4.0 ကို Upgrade မလုပ်ထားရင် ဒီနေ့အထိ Chrome ကို အသုံးပြုလို့မရသေးတာပါ။ Android 4.0 နဲ့ အတူတူပဲ Android 4.1 မှာလည်း ပိုမိုကောင်းမွန်တဲ့ User Interface ကို အသုံးပြုထားပြီး ပိုမိုလျှင်မြန်လာတဲ့အတွက် အရေးကြီးပါတယ်။
Android 4.0 , Android 4.1 နောက်ပိုင်းထွက် Android Version များကတော့ အရေးသိပ်မကြီးတဲ့ Minor Updates များပါ။ Android 4.4 မှာ Memory အသုံးပြုမှုကို သိသာစွာ လျှော့ချပေးထားတဲ့အတွက် အရေးအကြီးဆုံး Update ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အရင်ထွက်ရှိတဲ့ ဗားရှင်းများကို သုံးနေသူများအတွက်လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပါတယ်။
Google Play Services Updates
---------------------------------------
Google က Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ သင့်ရဲ့ Android Device ကို Update ပြုလုပ်ပေးနေပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက Android Device တစ်ခု ထုတ်လုပ်ချင်ရင် သူတို့ရဲ့ ဖုန်းများမှာ Google Play Store နဲ့ Google Apps များထည့်သွင်းဖို့ Google နဲ့ သဘောတူညီမှု ပြုလုပ်ရပါတယ်။ သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအရ Google က ထုတ်လုပ်သူများရဲ့ Android Device များမှာ Google Play Service များကို ထည့်သွင်းဖို့ အခွင့်ရပါတယ်။ အဲဒီ Google Play Service များက သင့်ဖုန်းကို နောက်ကွယ်မှာ အလိုအလျှောက် Update ပြုလုပ်ပေးနေတာပါ။
Google က Google Play Service များကနေ Android မှာ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးနေပါတယ်။ အဲဒီ Update များကို ၂၀၁၀ က ဖြန့်ချီတဲ့ Android 2.2 Froyo နဲ့ Android 2.3 Gingerbread များမှာတောင် ရရှိကြပါတယ်။
ဥပမာ အနေနဲ့ Google က Google Play Service များကနေ Android Device ကို ခြေရာခံနိုင်တဲ့ Android Device Manager ကို Android Device အားလုံးမှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ သင့် ဖုန်းမှာ အရင်က မရှိတဲ့ Google Settings App ဟာ အလိုအလျှောက် ရောက်ရှိနေတာ သင်တွေ့ရမှာပါ။ အဲဒီ App ကနေ Android Device Manager ကို အသုံးပြုနိုင်ပါတယ်။ Google Play Store ကနေ အင်စတော လုပ်တာမဟုတ်တဲ့ App များမှာ Malware ကို စစ်ဆေးပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း ဒီနည်းအတိုင်းထည့်သွင်းပေးထားတာပါ။ အဲဒီစွမ်းဆောင်ချက်ကြောင့် ဖုန်းအဟောင်းများမှာတောင် Malware လုံခြုံစေပါတယ်။


Google က ဘက်ထရီ အသုံးပြုမှုနည်းပါးတဲ့ တည်နေရာ လမ်းညွှန်တဲ့ API အပါအ၀င် APIs အသစ်များကို Developer များအတွက် ဖြန့်ချီပေးထားပါတယ်။ နည်းလမ်းဟောင်းတွေမှာတော့ သင့်တည်နေရာကို သိနိုင်ဖို့ အတွက် GPS Hardware ကို လှုပ်နှိုးဖို့ ဆိုရင် သီးခြား App တစ်ခုလိုအပ်ပါတယ်။
ဒီလို Updates များကို ဖြန့်ချီဖို့ဆိုရင် အခြား Platform များမှာ Operating System တစ်ခုလုံးကို Update ပြုလုပ်ပေးမှသာ ရတာပါ။ ဒါပေမယ့် Google ကတော့ Android Device အားလုံးမှာ Update ပြုလုပ်ပေးနေပါတယ်။ သင့် Device မှာ Play Store ရှိနေရင် Google က Update လုပ်ပေးနေတာပါပဲ။


Official Google Apps in Google Play
-------------------------------------------
Google က Android ကနေ Apps များကို ခွဲထုတ်ပြီး Play Store မှာ သီးခြား Apps အနေနဲ့ တင်ပေးထားပါတယ်။ ဒါ့ကြောင့် Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ App များကို Update လုပ်နိုင်တာပါ။ ဒါ့အပြင် ဖုန်းအဟောင်းများမှာလည်း App များကို အင်စတော လုပ်နိုင်မှာပါ။
Gmail, Google Calendar, Google Keyboard, Hangouts, Chrome, Google Maps, Drive, YouTube, Keep, Google Plus, Google Search စတဲ့ Apps များကို Google Play မှာ ပုံမှန် Update လုပ်ပေးနေပြီး ဖုန်းအဟောင်းများမှာ အင်စတော လုပ်နိုင်ပါတယ်။ Apple ရဲ့ iOS မှာတော့ Mail, Calendar, Messages, Safari တို့လို System Apps များရဲ့ Update ကို လိုချင်ရင် iOS Operating System တစ်ခုလုံးကို Update လုပ်မှရမှာပါ။ Android မှာတော့ အားလုံးကို အလိုအလျှောက် Update လုပ်ပေးနေပါတယ်။
Nexus 5 နဲ့ အတူ မိတ်ဆက်ခဲ့တဲ့ Google Now Launcher ဟာလည်း Nexus နဲ့ Google Play Edition များမှာသာ ရရှိနေရာကနေ အခုဆိုရင် Android 4.1 နဲ့ သူ့အထက်မှာ သုံးနိုင်ပါပြီ။



Operating System Updates လိုအပ်နေသေးတဲ့ အရာများ
---------------------------------------------------
အချို့ အရာတွေက Operating System တစ်ခုလုံးကို Update ပြုလုပ်မှရမှာပါ။ Multiple User Accounts , Memory လျှော့ချမှုနဲ့ Bluetooth 4.0 လို Hardware စံနှုန်း အသစ်များကို ထောက်ပံ့ပေးဖို့တို့လို Operating System အဆင့် စွမ်းဆောင်ချက်များကိုတော့ နောက်ကွယ်ကနေ Update လုပ်ပေးလို့မရပါဘူး။ သူတို့ကို ရရှိဖို့အတွက် ပင်မ Operating System အသစ်လိုအပ်ပါတယ်။
ဒါပေမယ့်လည်း Operating System အသစ်များဟာ တစ်ဖြည်းဖြည်း အရေးမကြီးတော့ပါဘူး။ Google က စွမ်းဆောင်ချက်အသစ်များကို Play Service နဲ့ App Updates များကနေ တတ်နိုင်သလောက် Update လုပ်ပေးနေလို့ပါပဲ။ Google က Android Operating System ကနေ Apps များကို တစ်ဖြည်းဖြည်းခွဲထုတ်နေတဲ့အတွက် Device တိုင်းဟာ Google Play Store ကနေ Update လုပ်နိုင်မှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ Android Operating System များဟာ တစ်ဖြည်းဖြည်း အရေးမပါတော့ပါဘူး။ သင့်မှာ Android 4.1 ဒါမှမဟုတ် 4.2 ရှိနေပြီဆိုရင် နောက်ဆုံးထုတ် စွမ်းဆောင်ချက်များပါတဲ့ Android ဖုန်းတစ်လုံး ရှိနေတာပါပဲ။ Google က နောက်ဆုံးထုတ် APIs ကို ဖြန့်ချီပေးနေတဲ့အတွက် သင်ဟာ နောက်ဆုံးထွက် Apps များကို အသုံးပြုနိုင်မှာပါ။ Operating System များရဲ့ ဗားရှင်းနံပါတ်များဟာ အရေးမကြီးတော့ပါဘူး။ Android Fragmentation ပြဿနာကို တစ်ဖြည်းဖြည်းချင်း ဖြေရှင်းပေးနေပါတယ်။
ဒါဟာ Developer များအတွက်ရော User များအတွက်ပါ Android Fragmentation ကို တိုက်ခိုက်ဖို့ Google ရဲ့ စီမံကိန်းပါ။ Developer များက Android Device အားလုံးမှာ တူညီတဲ့ APIs ကို သုံးနိုင်မှာ ဖြစ်သလို User များအနေနဲ့လည်း စွမ်းဆောင်ချက်များနဲ့ Apps အသစ်များကို ထိတွေ့ခံစားနိုင်မှာပါ။ Google ရဲ့ စီမံကိန်းက အလုပ်ကောင်းကောင်း ဖြစ်နေပါတယ်။
Credit Myanmar Digital Life 

0 comments:

sithulann@gmail.com

Blue screens of death ပြဿနာများ ဖြစ်ပွားခြင်းကြောင့် Windows 8.1 update များကို uninstall လုပ်ရန် Microsoft အကြံပြု

0
Wednesday, August 20, 2014


လွန်ခဲ့သည့် ရက်သတ္တပတ်က Windows 8.1 patch ကို download ပြုလုပ်ပြီး အသုံးပြုသူများသည် blue screens of death နှင့် restart ထပ်ခါတလဲလဲ ဖြစ်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် Windows Update မှ patch များကို uninstall ပြုလုပ်ရန် Microsoft မှ အကြံပြုခဲ့သည်။
အဆိုပါ ပြဿနာများသည် patch လေးခုနှင့် သက်ဆိုင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။ ၎င်း patch များသည် system ကို တည်ငြိမ်မှု မရှိစေဘဲ ကွန်ပျူတာရှိ မည်သည့် font များတွင်မဆို ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။
Microsoft ၏ အဆိုအရ %windir%\fonts\ မှလွဲ၍ အခြားမည်သည့် နေရာတွင်မဆို install လုပ်ထားသည့် font များကို ပြောင်းလဲနိုင်ခြင်း မရှိကြောင်း၊ ပြောင်းလဲရန် ကြိုးပမ်းသည့်အခါ “File in use” error message နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။
ပြဿနာများ ဖြစ်ပွားစေသည့် patch လေးခုမှာ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် 2982791 MS14-045, 2970228 Update, 2975719 August 2014 update နှင့် 2975331 August 2014 update တို့ဖြစ်သည်။
အကယ်၍ အဆိုပါ patch များကို Windows 8.1 တွင် install လုပ်ခဲ့ပါက Programs > Programs and Features သို့သွားပြီး ၎င်း Programs and Features ၏ ဘယ်ဘက်ခြမ်းတွင် View installed updates ကိုနှိပ်ကာ install လုပ်ထားသည့် update များကို ကြည့်ရှုနိုင်သည်။



အဆိုပါ update များကို uninstall ပြုလုပ်ရန်အတွက် ၎င်းတို့ကို click နှိပ်ပြီး uninstall ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Ref: DigitalTrends


Credit Internet Journal

0 comments:

sithulann@gmail.com

Modern Combat 5: Blackout v1.0.1c APK

0
Wednesday, August 20, 2014


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
--------------------------------------------------------
မသိတဲ့သူမရှိလောက်ပါဘူးနော် ။ ပစ်ချင်ခတ်ချင်တဲ့ ဘော်ဘော်တွေ အတွက်
ရုပ်ထွက်ကလဲမိုက် ၊ လက်နက်တွေကလဲ စုံစုံလင်လင် နဲ့ ကစားရမှာပါ ။
July 30 ရက်နေ့ပမှထွက်ရှိထားတဲ့ New Update ပါ ။
ဒီဂိမ်းကို Google Play Store  မှာဆို  $6.99 တောင်ပေးဝယ်ရမှာပါ ။
ဂိမ်းအကြောင်း အသေးစိတ်ကို  ဒီမှာ လေ့လာနိုင်ပါတယ် ။
အရေးကြီးတာကတော့ ဒီဂိမ်းကိုဆော့မယ်ဆိုရင် Internet Connection လိုအပ်ပါတယ် ။
Android  4.0  နဲ့ အထက်မှာ ဆော့ကစားနိုင်ပါတယ် ။
1  2
3  5


Direct Download Link
Sharing Aung Tay Zar Phyo 
(Myanmar Mobile App)

0 comments:

sithulann@gmail.com