Showing posts with label window Phone. Show all posts

Windows Phone 8.1 Version အတွက် Official File Manager

0
Wednesday, July 09, 2014
Microsoft သည် Windows Phone8.1 အတွက် Official File Manager အား ထုတ်ပေးခဲ့ ပါတယ် ။
ဒီ File Manager Application ကတော့ သင့်ဖုန်းတွင် နောက်ဆုံးအသုံးပြုခဲ့သော နေ့ ရက်များကို ပါ ပြန်လည် ဖော်ပြပေးမှာပါ ။ အခြားဖိုင်မန်နေဂျာများနည်းတူ  copy, move, paste, rename နှင့် delete files လုပ်နိုင်သော Feature များလည်း ပါဝင်ပါတယ် ။

Files
Files1Files2 You can also organize the files by creating new folders. There is also an in-built search for locating your files. You can also share files from the app.
By using this app you can:
  • Access files stored on your phone and SD card
  • Browse, search and launch files
  • Easily share one file or multiple files
  • Create folders to organise your files
  • Copy, move, rename and delete files
Files is free app for all Windows Phone 8.1 users and you can download it from the store link below.
 
 Download @
 WP8 Store
Price: Free 
 
 Ref >>> Squad
Continue reading →

Windows Phone ပေါ်တွင် မက်ဆေ့ခ်ျမှဓာတ်ပုံများကို သိမ်းဆည်းခြင်း

0
Sunday, June 15, 2014

Windows Phone အသုံးပြုတဲ့သူတွေအနေနဲ့ Windows Phone ပေါ်ကနေ သူငယ်ချင်း အပေါင်းအသင်းများနဲ့ မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ကြတယ်။ ပေးပို့ထားတဲ့ မက်ဆေ့ခ်ျတွေထဲမှာ အမှတ်တရ ဓာတ်ပုံလေးပါဝင်လို့  သိမ်းဆည်းထားချင်တယ်ဆိုရင် မက်ဆေ့ခ်ျထဲက ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အပြင်ရောက်နေတဲ့အချိန်မှာ အကြောင်းအရာတစ်ခုခုကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့အချိန်မှာ အဲဒီဓာတ်ပုံကို သင့်ရဲ့ မိုဘိုင်းဖုန်းထဲထည့်သွင်း သိမ်းဆည်းထားနိုင်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဦးဆုံး သင်သိမ်းဆည်းမယ့် မက်ဆေ့ခ်ျကို အရင်ဆုံး ဖွင့်ဖို့အတွက် Message Box ကို အရင်သွားရမှာဖြစ်ပါတယ်။ Box ထဲကိုရောက်ပြီဆိုရင် သင့်ကို ဓာတ်ပုံပေးပို့ထားတဲ့ Message ကိုဖွင့်ရပါမယ်။ Message ကိုဖွင့်ပြီးပြီဆိုရင်တော့ ဓာတ်ပုံကို Tab လုပ်လိုက်ပါ။ ဒါဆိုရင်ဓာတ်ပုံရဲ့ မြင်ကွင်းအနေအထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ မြင်ကွင်းအနေအထား ပြောင်းလဲသွားတဲ့ ဓာတ်ပုံရဲ့မြင်ကွင်းအနေအထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ မြင်ကွင်းအနေအထား ပြောင်းလဲသွားတဲ့ ဓာတ်ပုံနေရာရောက်ပြီဆိုရင် More ဆိုတာကိုနှိပ်လိုက်ပါ။ More ကိုနှိပ်ပြီးရင် Save to Phone ဆိုတာကို ရွေးချယ်ပေးလိုက်ရင် သင်လိုချင်တဲ့ဓာတ်ပုံကို ဖုန်းထဲကိုထည့်သွင်း သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ အကယ်၍ ဓာတ်ပုံကို Lock Screen ပဲထားချင်တယ်ဆိုရင်တော့ Set as Lock Screen ဆိုတာကို ရွေးချယ်ပြီးထားနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မက်ဆေ့ခ်ျထဲကပုံကို ဖုန်းထဲကိုထည့်သွင်းသိမ်းဆည်းခြင်း အဆင့်ပြီးဆုံးပြီဖြစ်ပါတယ်။

Credit >> Internet Journal

Facebook Messenger မှတစ်ဆင့် ၁၅ စက္ကန့်စာ ဗီဒီယိုများ ဝေမျှနိုင်

Sat, 06/14/2014 - 11:09
ကမ္ဘာ့ဖလားတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံသည့် ဗီဒီယိုများကဲ့သို့ ဗီဒီယို အပိုင်းငယ်များကို ယခုအခါ Facebook Messenger မှတစ်ဆင့် ဝေမျှနိုင်ပြီဖြစ်ကြောင်း CultofMac မှ ဖော်ပြခဲ့သည်။

Facebook မှ အသစ် ဖြန့်ချိလိုက်သည့် Mesenger app update တွင် အခြားမည်သည့် app များ မလိုအပ်ဘဲ ၁၅ စက္ကန့်စာ ဗီဒီယိုများကို ရိုက်ကာ ဝေမျှနိုင်သည့် feature ကို ထည့်သွင်းပေးခဲ့သည်။ အဆိုပါ update သည် iOS 8 အတွက် video messaging feature သစ်ကို Apple က မိတ်ဆက်ပေးခဲ့ပြီး နှစ်ပတ်အကြာတွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

Facebook Messenger တွင် ဗီဒီယို ပေးပို့သည့်အခါ keyboard ပေါ်တွင်ရှိသည့် ကင်မရာ icon ကိုနှိပ်ပြီး ဓာတ်ပုံဝေမျှသည့် နည်းလမ်းအတိုင်း ပေးပို့နိုင်သည်။ သို့ရာတွင် ဓာတ်ပုံရိုက်ကူးရာတွင် Send ခလုတ် ကို နှိပ်ရမည့်အစား အဆိုပါ ခလုတ်ကို နှိပ်ကာ ဖိထားခြင်းဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပြီး ဖိထားသည့် လက်ကို လွှတ်လိုက်သည့်အခါ ဗီဒီယိုကို ပေးပို့ပေးမည် ဖြစ်သည်။ ၎င်းတွင် cancel လုပ်သည့် option မပါဝင်သောကြောင့် send ခလုတ်ကို နှိပ်ပြီး ဖိထားသည့်နောက် cancel လုပ်နိုင်မည် မဟုတ်ပေ။

၎င်း Facebook Messenger update ကို iPhone အတွက်သာ ဖြန့်ချိထားသည်။

Ref: CultOfMac
- See more at: http://www.myanmarinternetjournal.com/content/13010#sthash.W1WkFkPy.dpuf