Showing posts with label IOS Downgrade ဆင်းနည်းများ. Show all posts

Semi Restore ဖြင် .Restore ပြန်လုပ် နည်း

0
Friday, June 20, 2014


 



Semi Restore ဆိုတာ သင့်ရဲ့ iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေသို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။
 Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။
 
Download Here


Credit to Ko Min
Continue reading →

How to Downgrade from iOS 8 Beta To iOS 7

0
Friday, June 06, 2014











      Apple က iOS 8 Beta 1 ကို Developer တွေ အတွက် ထုတ်ပေးလိုက်ပြီးသည်.နောက်ပိုင်းတွင် ကျွန်တော်တို. iOS User တွေကလည်း iOS 8 ၏ ထူးခြား ချက်တွေကို ကြိုက်နှစ်သက်ပြီး Jailbreak အပျက်ခံကာ iOS 8 ကို install လုပ်ကြပါတယ်.....ထိုသို. Upgread လုပ်ပြီး နောက် အကြာင်းအမျိုးမျိုးကြောင့် Downgread လုပ်ချင်သူတွေအတွက် Downgread လုပ်နည်းကို ပြန်၇ှယ်ပေးလိုက်ပါတယ်....

     Downgread လုပ်ရာတွင် Apple ၏ နောက်ဆုံး Version ဖြစ်သော iOS 7.1.1 ကိုသာ install လုပ်ခွင်ပြုပါလိမ်မည်။အောက်ကလင်.တွင် IPSW 7.1.1 ကို ဒေါင်းပါ။


                     iOS 7.1.1 Download Here



( 1 ) iTunes ကို Run လိုက်ပါ။ပြီးလျှင် iDevice ကို USB ကြိုးဖြင် PC တွင် ချိတ်ပေးပါ။

( ၂ ) မိမိ တို. ၏ အရေးကြီးသော Data တွေ ရှိပါက Backup လုပ်ပေးပါ။






 


( 3 ) မိမိ တို. ၏  iDevice ကို DFU mode ဝင်ပေးပါ။DFU mode ရန်   Home button နှင့် Sleep/Wake (Power)button နှစ်ခုကို ပြိုင်တူ ဖိထားပေးပါ။အောက်ကပုံလေးအတိုင်ပါ။









10 seconds လောက်ကြာအောင် ဖိထားပြီး (ပန်းသီး logo လေးပေါ်လာပြီးပြန်ပျောက်သွားလျှင်) Sleep/Wake (Power) button ကို လွတ်ပေးပြီး Home button ကိုမလွတ်ဘဲးဆက်ဖိထားပေးပါ။ iTunes တွင်  iPhone in recovery mode လိုပေါ်လာသည့်အထိ Home button ကိုဖိထားပေးပါ။ပေါ်လာလျှင် DFU Mode ဝင်လို.ပြီးပါပြီ။


( 4 ) ကွန်ပျူတာက Shift Key ကို ဖိထားပြီး iTunes က Restore ကို ကလစ် ပေးပါ။










( 5 ) မိမိ တို. ဒေါင်းထားသော ipsw ဖိုင်သိမ်းထားသောနေရာကိုသွားပြီး iOS 7.1.1 ဖိုင်ကိုရွေးပေးပါ။





Restore လုပ်နေပါလိမ်မည်.....ပြီးအောင်စောင်.ပေးပြီး.....ခဏကြာလျှင် မိမိ တို. ၏ iDevice ကို iOS 7.1.1 ကို Downgread လုပ်လို. ပြီးပါပြီ ခင်ဗျ။








Credit >> Ko Min 

Post By >> Zuu Continue reading →