iPhone App Store မှာ ထိပ်ဆုံးရောက်လာတဲ့ ဆေးခြောက်ဂိမ်း Weed Firm ကို Apple ဖယ်ရှားပစ်

0
Friday, May 30, 2014


App Store မှာ ထိပ်ဆုံးနေရာရောက်လာတဲ့ Weed Firm ဂိမ်းကို Apple ဟာ မကြာသေးမီက ဖယ်ရှားလိုက်ပါပြီ။ ဒီဂိမ်းမှာ ကစားသူဟာ Mr.Ted Growing လို့ ခေါ်တဲ့ ဇာတ်ကောင်ကို ကိုင်တွယ်ရမှာဖြစ်ပြီး ဆေးခြောက်ပင်တွေစိုက်ပျိုး၊ မူးယစ်ဆေးဝယ်သူတွေနဲ့ ဆက်ဆံ၊ ရဲတွေလူဆိုးတွေကို လာဘ်ထိုးပြီး ကိုယ့်ရဲ့ ဆေးခြောက်လုပ်ငန်းကို အဆင့်မြှင့်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Weed Firm ဂိမ်းဟာ App Store ရဲ့ အမျိုးအစားအတန်းအားလုံးမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂါနေ့ က Apple ဟာ ဒီဂိမ်းကို သူ့ ရဲ့ App Store ကနေဖယ်ရှားလိုက်ပါတယ်။
Apple ဟာ Weed Firm အလားတူ Herb Converter ဆိုတဲ့ ဂိမ်းကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။
ဒါပေမယ့် Weed Strains 3D၊ Weed Tycoon နဲ့ Weed Memory Game တို့ လို ဆေးခြောက် အခြေပြုဂိမ်းတွေ App Store မှာ လက်ရှိ အများအပြားကျန်ရှိနေပါသေးတယ်။
ဂိမ်း developer Manitoba က သူတို့ ဝက်ဘ်ဆိုဒ်မှာ Apple ရဲ့ ဖယ်ထုတ်မှုကို အခုလို အကြောင်းပြန်ခဲ့ပါတယ်။
“ Apple App Store မှာ ဒီဂိမ်းကို ခင်ဗျားတို့ ထပ်မမြင်ရတော့ဘူးဆိုတာ သတိပြုမိတာနဲ့ ဒါဟာ Apple ရဲ့ ဆုံးဖြတ်ချက်ပါလို့ ခင်ဗျားတို့ သိစေချင်ပါတယ်။ ကျွန်တော်တို့ ကြောင့်မဟုတ်ပါဘူး။”
“ ဂိမ်းနဲ့ ပတ်သက်ပြီး ပြဿနာကတော့ ဒါက အရမ်းကောင်းနေလို့ ပါပဲ” လို့ သရော်ပြီး ပြောခဲ့ပါတယ်။
ဒီဂိမ်းကို Google ရဲ့ Play Store ကနေလည်း ပိတ်ပင်ခံခဲ့ရပြီး Google ကတော့ ဒီဂိမ်းဟာ ပြဿနာတစ်ခု ဖြစ်လို့ ပိတ်ပင်ခဲ့တာမဟုတ်ဘူးလို့ အကြောင်းပြခဲ့ပါတယ်။
Apple ဟာ ဒီလိုမူးယစ်ဆေးဝါးဂိမ်းတွေမှာတင် သည်းသည်းလှုပ်ဖြစ်နေတာမဟုတ်ပါဘူး။ နာမည်ကြီးပုဂ္ဂိုလ် အကြောင်း၊  ဟိုဖော်ဒီဖော်ဂိမ်းတွေ နဲ့ ဓာတ်ရောင်ခြည်စမ်းသပ်တဲ့ Application တွေကိုပါ ပိတ်ပင်ခဲ့ဖူးပါတယ်။

Ref: Dailymail.co.uk

0 comments:

sithulann@gmail.com

သာမန်ထက်ပိုတဲ့ Logitech K830 ကီးဘုတ်

0
Friday, May 30, 2014

acerICONIAa1-830
ပုံမှန် ဂိမ်းဆော့သူတွေနဲ့ Desktop အသုံးပြုသူတွေအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကြိုးမဲ့ ဖြစ်ပြီး လက်နဲ့ အသာလေးကောက်မကာ ဆိုဖာမှာ ထိုင်နေတဲ့အခါမှာတောင် PC ဆီကို လှမ်းဆက်သွယ်လို့ အသုံးပြုနိင်ပါတယ်။ မောက်စ် အတွက်လည်း ထပ်ပြီး ပူစရာမလိုပါဘူး။ ထို ကီးဘုတ်မှာပဲ တပါးတည်း Touch ကီးပတ်ကို ထည့်သွင်းပေးထားတာကို တွေ့မြင်နိင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ထို ကီးဘုတ်မှာရှိတဲ့ ခလုတ်တိုင်းမှာ အလင်းပြန်ပြီး အမှောင်ထဲမှာ မြင်နေစေတဲ့ Backlit ခလုတ်လိုမျိုးပါဝင်နေတာပဲ ဖြစ်ပါတယ်။ ထို ခလုတ်လေးတွေမှာ အာရုံခံ ဆင်ဆာပါဝင်တဲ့ အတွက် မိတ်ဆွေတည်ရှိနေတဲ့ အခန်းထဲမှာ ရှိတဲ့ အလင်းအရောင် အလင်းအမှောင် အပေါ်မူတည်ပြီး Backlight ရဲ့ သိပ်သည်းမူ အလင်းတောင်ပမူကို ပြောင်းလဲနိင်တဲ့ အစိတ်အပိုင်းတောင် ပါဝင်ပါသေးတယ်။ wireless ဆက်သွယ်မူ က 33 ပေထိ ရရှိနိင် ပြီး သေးငယ်တဲ့ receiver လေးနဲ့ အတူ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ဖြစ်ပါတယ်။ 
Aung Heine ( www.smart.com.mm )

0 comments:

sithulann@gmail.com

Linux သမားများအတွက် Ubuntu-12.04.1 32 X 64 (Latest version ပါ)

0
Friday, May 30, 2014

ကဲ ဖုန်းနဲ့ပါတ်သက်တာတွေ လုပ်ချင်တယ်။ Network ပိုင်းနဲ့ ပါတ်သက်တာတွေ လုပ်မယ်။ server တွေနဲ့ပါတ်သက်တာတွေ လုပ်မယ် ဆိုရင်တော့ linux ဟာ အကောင်းဆုံးပါပဲ။ လုံခြုံမှု့လည်း ရှိသလို၊ အရမ်းကောင်းမွန်တဲ့ O/S တစ်ခုပါ။ အထူးခြားဆုံးကတော့ Linux O/S ဟာ open source ဖြစ်ပြီး ငွေကြေးပေးစရာ မလိုဘဲနဲ့ အခမဲ့ သုံးစွဲလို့ရတဲ့ O/S တစ်ခုဖြစ်ပါတယ်။ အရင်က တောင်းထားတဲ့ ညီလေးတစ်ယောက် ရှိလို့ တင်ပေးလိုက်ပါတယ်။ သူ့မူရင်းဆိုက်မှာ လည်း ရှိပါတယ်။ ခုဟာကတော့ application တွေ တစ်ခါတည်း ပါပြီးသားပါ သုံးယုံပါပဲ။ ကဲအဆင်ပြေကြပါစေဗျာ။


Title: Ubuntu
Version: 12.04.1 LTS
Latest version: 12.04.1 LTS
Architecture: i386 + x86-64
Disc type: DVD

Download Mirrorcreator
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9 | Part10 | Part11 | Part12 | Part13 | Part14 | Part15 | Part16 | Part17
ညီနေမင်း

0 comments:

sithulann@gmail.com

မြန်မာဘာသာစကားနဲ့ မြန်မာကီးဘုတ် ပါဝင်သော S3 (GT-I9300) 4.2.2 Firmware

0
Friday, May 30, 2014


20130731_153514  Screenshot_2013-08-01-15-56-09

Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။

 သာမန် အသုံးပြုသူတွေအတွက်ရော Service သမားအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီးသုံးလို့ရပါတယ်။

Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသားထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါတယ်။

 Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့အဆင်မပြေတော့မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။

Firmware တင်ပုံတင်နည်း

(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။

(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။

(4) ဖုန်းကို power ပိတ်ပါ။

(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။

(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။

(7) Start ကို နှိပ်ပါ။

(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။

(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။

(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။ 

S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။

 Screenshot_2013-08-01-15-22-54  Screenshot_2013-08-01-15-23-11

Special Thanks to Sayar Phyo Nyi Nyi
Frozen Keyboard – Ko Thiha Aye Kyaw
Font – Zawgyi Team
Mediafire transload – Sayar Phyo Nyi Nyi
Dev-host transload – စက်ရုပ်များကြီးစိုးချိန်

Download Link များ

Mediafire Download

Dev-host Download

Credit : http://www.myanmarmobileapp.com

0 comments:

sithulann@gmail.com

Proxy တွေကို Auto ချိန်းပေးမဲ့ Jordy Proxy Changer 1.05

0
Friday, May 30, 2014


 
ဒီ Software လေးကတော့ အရမ်းအသုံးဝင်ပါတယ်.... ပိတ်ထားတဲ့ Website တွေကို ဝင်ချင်လို့ပဲဖြစ်ဖြစ် မိမိ IP ကို မသိစေချင်လို့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်...
 

Jordy Proxy Changer is a proxy server software that automatically finds proxies and uses them in order to keep your privacy safe. This software includes a proxy management tool that allows you to find the best and reliable proxies so you can enjoy the best anonymously internet experience.

Key Features:
- Hides your IP address in order to keep your privacy safe.
- Removes bans and blocks on forums, classifields and download sites (rapidshare, hotfile, fileserve etc.)
- Works with all Browsers and all system configurations.
- Automatic proxy server switching for improved anonymous surfing.
- Has proxy management control that automatically downloads proxy, checks them and select the best for you.
Download Here




Link 1 | Link 2 | Link 3





အဆင်ပြေပါစေ




Credit >> ဇူးနစ်(နည်းပညာ)
Post By Zuu

0 comments:

sithulann@gmail.com

တစ်ချိန်တည်း တစ်ထိုင်တည်း နဲ့ Facebook Account ပေါင်းမြောက်မြားစွာကို လွယ်လွယ်ကူကူနဲ့ ကိုယ်ကိုယ်တိုင် ဖွင့်လို့ရဖို့အတွက်

0
Friday, May 30, 2014


 
လုပ်ပုံ လုပ်နည်း အဆင့်ဆင့် သေချာ ရှင်းပြချက် ဓာတ်ပုံပေါင်း 26 ပုံ နဲ့ စာမျက်နှာ အရေအတွက် 20 တိတိ ရှိတဲ့ PDF File လေး တစ်ခု ကို Tutorial လေး အနေနဲ့ ရေးသားပေးထားပါတယ် ။ အလွယ်ကူ ဆုံး အရှင်း လင်း ဆုံး ဖြစ်အောင် တတ်နိုင်သလောက် တစ်ဆင့်ချင်းစီ Step by Step ရေးသားပေးထားပါတယ် ။ တစ်ဆင့်ချင်းစီ ကို သေချာ လိုက်လုပ်ကြည့်ပါ ။ Account ဖွင့်ဖို့ အတွက် ဘယ်လောက် လွယ်ကူတယ် ဆိုတာ တွေ့ရမှာပါ ။

အဲ့တော့ ... အကောင့် ဖွင်ဖို့ တောင်းဆိုထားတဲ့ သူတွေ အကုန်လုံး တစ်ချက်လောက် ကိုယ်တိုင် ကိုယ်ကျ လုပ်ကြည့်စေချင်ပါတယ် ။ လုပ်ကြည့်ပြီးလို့မှ အဆင်မပြေတဲ့ နေရာ တစ်ခုခု ( အဆင့်တစ်ဆင့်ဆင့် ) ရှိနေ ခဲ့မယ် ဆိုရင် ဆက်သွယ်ပါ ။ message ပို့ပါ ။ လုပ်လို့ မရတဲ့ နေရာကို ပြောပါ ။

ကျွန်တော်တို့ ဖွင့်ပေးတာ ထက်စာရင် ကိုယ်ကိုယ်တိုင် ဖွင့်လို့ အောင်မြင်သွားတဲ့ အရသာ က ပိုပြီး ကောင်းမယ် ထင်ပါတယ် ။ တကယ်လို့ ဖွင့်တတ် သွားရင် ...... Account တစ်ခု ကို 2000 ကနေ စပြီး တောင်းလို့ ရပါပြီ ။ အဲ့ဒါကြောင့် ... ကိုယ်ကိုယ်တိုင် လေး တစ်ချက်လောက် လုပ်ကြည့်ကြပါ .... ။

လိုအပ်ချက်တွေ တစ်ခု ချင်းစီ ကို အရင် Download ဆွဲပါ ။ PDF File လေးကို ဆွဲပါ ။ ပြီးရင် တစ်ဆင့်ချင်း စီ ဖတ်ပြီး လိုက်လုပ်ကြည့်ကြပါ ။ PDF File အဆင်မပြေတဲ့ သူတွေ အတွက် စာမျက်နှာ 20 စလုံး ကို Screen Shot ရိုက်ပြီး တစ်ခါတည်း ဓာတ်ပုံ အနေနဲ့ တင်ပေးထားပါတယ် ။ တစ်ပုံချင်းစီ ကို သေချာ ကြည့်ပြီး တစ်ဆင့်ချင်းစီ လိုက် လုပ်ကြည့်ပါ ။

ကိုယ်ကိုယ်တိုင် ဖွင့်လို့ အဆင်ပြေတယ် ၊ အောင်မြင် တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပေးပါ ။ ဒီ Page လေးကို ထပ်ပြီး Share ပေးကြပါ ။ ဒီ Post လေးကိုလည်း Like and Share လုပ်ပေးကြပါ ။

အားလုံး ပဲ အဆင်ပြေပြေ နဲ့ Facebook Account တွေ ဖွင့်နိုင်ကြပါစေ ခင်ဗျာ ... ။ အချိန်တို အတွင်းမှာ ကျွန်တော့် Page လေးကို Like and Share လုပ်ပေးတဲ့ သူတွေ ၊ Facebook Account တွေကို Message ပို့ပြီး ဖွင့်ခိုင်းတဲ့ သူတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ ... ။

နောက်လည်း အမြဲ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တဲ့ Update ဖြစ်တဲ့ သတင်းများ ၊ နည်းပညာနဲ့ ပတ်သတ်သော သတင်းများကို အမြဲတင်ပေးရင်း အားလုံး အဆင်ပြေစေ ရန် အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီ အားဖြည့်ပေးနေမှာ ဖြစ်ပါကြောင်းးး ပြောကြားရင်းးးးး

လိုအပ်တဲ့ File များကို Download အရင် ဆွဲပါ ။

UC Browser --> http://www.mediafire.com/download/w8u23y176j6y1cg/UC_Browser_Mini_for_Android_9_0_2_(_facebook_acc_open_yan).apk

ဖုန်းထဲမှာ PDF File ဖတ်ဖို့အတွက် အောက်မှာ ပေးထားတဲ့ application 2 ခုထဲက တစ်ခုကို ဒေါင်းလုပ် ဆွဲပြီး ထည့်ပါ ။ ( moon reader က နည်းနည်း ဆိုဒ်သေးပါတယ် ။ သူ့ ကို ဆွဲပါ ။ အဆင်မပြေမှ Office Suite ကို ထပ်ဆွဲပါ ။ )

Moon Reader Pro --> http://www.mediafire.com/download/4719cph7m75eb23/Moon+_Reader_Pro.apk

Office Suite --> http://www.mediafire.com/download/73ai8r93fn3wr9j/OfficeSuite.apk

အရေးအကြီး ဆုံး ဖြစ်တဲ့ Tutorial PDF File ကို Download ဆွဲပါ ။ ပြီးရင် အပေါ် က application 2 ခုထဲက တစ်ခုကိုအသုံးပြု ပြီး ဖွင့်ပါ ။

Tutorial PDF --> https://www.mediafire.com/?5n3hs58fv6vuk0m

Tutorial Photo Screen Shot Album --> https://www.facebook.com/media/set/?set=a.711139945591223.1073741829.694959360542615&type=1

တစ်ဆင့်ချင်းစီ ဖတ်ပြီး လိုက် လုပ်ဆောင် ကြည့်ပါ ။ ( တင်ပေးတာ နည်းနည်း နောက်ကျသွားလို့ အားလုံး ကို တောင်းပန်ပါတယ် ... ။ ဆိုင်မှာ Customer တွေ များနေတာရယ် ၊ မြန်မာ့ဆက်သွယ်ရေး ရဲ့ Connection အခြေအနေရယ်ကြောင့် နည်းနည်း နောက်ကျသွားတာပါ ... ။ )

The Last Mobile Service & Training Centre
FB သုံးသူတိုင်း သိထားသင့်သည့် အရာများ
------------------------------------------------- 
Credit >> ကိုမျိုး 
 
Post By Zuu

0 comments:

sithulann@gmail.com

ကျပ် ၁၅ဝဝ ထက် မပိုသည့် မိုဘိုင်းဆင်းမ်ကတ်များ ကို အော်ရီဒူးက အစောဆုံး ဇူလိုင်နှင့် နောက်အကျဆုံး စက်တင်ဘာ အတွင်း ရောင်းချမည်

0
Thursday, May 29, 2014



ရန်ကုန်၊ မေ ၂၅- ကျပ် ၁၅၀၀ ထက်မပိုသည့်နှုန်းဖြင့် အင်တာနက် ပါဝင်ပြီး 3G ကွန်ရက်စနစ်သုံး မိုဘိုင်း ဆင်းမ်ကတ်များကို ယခုနှစ်တွင် အစောဆုံးအနေဖြင့် ဇူလိုင်လနှင့် နောက် အကျဆုံး အနေဖြင့် စက်တင် ဘာလအတွင်း အကန့်အသတ်မဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ 3G ကွန်ရက်သုံး စွဲနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့်မြို့ကြီးများ တွင် ဒေတာစင်တာများတည်ဆောက် ပြီးဖြစ်ကာ ဆက်သွယ်ရေးအတွက် အခြေခံ အဆောက် အအုံများဖြစ်သည့် တာဝါတိုင် ၄ဝဝကျော်စိုက်ထူသွား မည်ဖြစ်ပြီး ယင်းနှင့်ချိတ်ဆက်မည့် ဖိုက်ဘာလိုင်း ၁၂ဝဝကီလိုမီတာကျော် ချခြင်းများ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း မေ၂၅ရက် Sule Shangri-La တွင် မွန်းလွဲ၂နာရီမှ ၄ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာ ရှင်းလင်းပွဲတွင် အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack  က ပြောကြားခဲ့သည်။
ယင်းက''ဆင်းမ်ကတ်ရောင်းချမယ့်ဈေး၊ ဖုန်းပြောဆိုခ၊ အင်တာနက်နှုန်း စတာတွေကို ရက်အတိအကျကိုတော့ထပ်ကြေညာပါ့မယ်။ ပြိုင်ဘက်အော်ပ ရေတာတွေကလဲ ရှိနေတော့ သေချာမ ပြောပါရစေနဲ့ဦး။ တတိယသုံးလပတ်လို့ပဲ အကြမ်းဖျင်းပြောထားပါရစေ။ ဆင်းမ်ကတ် စရောင်းတဲ့အချိန်မှာ အရေအ တွက် ဘယ်လောက်စချမယ်ဆိုပြီး ကန့်သတ်ထားတာ မျိုးမရှိ ဘူး။ မှတ်ပုံတင် ပြတာနဲ့ ဝယ်နိုင်မယ်''ဟုပြောသည်။

TPM Ooredoo 1
အော်ရီဒူး (မြန်မာ)မှ  အလုပ်အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ရှင်းလင်းပြောကြားစဉ်။
နှစ်တစ်နှစ်တွင် ပထမသုံးလပတ်ဆိုသည်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် တို့ကိုဆိုလိုခြင်းဖြစ်ပြီး၊ ဒုတိယ သုံးလပတ်ဆိုသည်မှာ ဧပြီ၊ မေနှင့် ဇွန်လတို့ ကိုဆိုလိုခြင်းဖြစ်ကာ တတိယ သုံးလပတ် ဆိုသည်မှာ ဇူလိုင်၊ ဩဂုတ်နှင့်စက် တင်ဘာလတို့ကိုဆိုလိုခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)မှ သိရသည်။ ယင်းသို့ 3G ကွန်ရက်ဖြင့် စတင်အသုံးပြုနိုင်ရန်အတွက် ဇန်နဝါရီလ လယ်က ဖုန်းစမ်းသပ်ခေါ်ဆိုမှုများ ဆောင်ရွက်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖိုက်ဘာ လိုင်းများကိုလည်း ကွန်ရက်ဖြန့်ကြက် မှုနှင့် အညီ ကီလိုမီတာ ထောင် နှင့်ချီ၍ လိုင်းချသွား မည်ဖြစ် ကြောင်း သိရသည်။

အော်ရီဒူး(မြန်မာ)အနေဖြင့် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက် များအား ကာကွယ်ပေးခြင်းများနှင့်ပတ်သက်၍ Mr.Ross Cormack   က ''ဒေတာစင်တာတွေ နက်ဝေါ့ခ်တွေက အော်ရီဒူး က ပိုင်ဆိုင် တာ တွေဖြစ်တယ်။ သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်မယ်။
 
 ကမ္ဘာ အနှံ့မှာဆောင်ရွက်နေတဲ့နည်းဥပဒေအတိုင်း အစိုးရက အချက် အလက် တွေ တောင်း တိုင်း ပေးမှာမဟုတ်ပါဘူး '' ဟု ယင်းကဆက်လက်ပြောသည်။

အော်ရီဒူး (မြန်မာ)သည် ဖေဖော်ဝါရီလ ၅ရက်တွင် တယ်လီကွန် လိုင်စင်ရရှိခဲ့ပြီး မြန်မာဝန်ထမ်းများ ဆက်တိုက်ခန့်အပ်လျက်ရှိကာ ကျန်းမာရေး၊ ပညာရေးနှင့်အားကစား အစရှိသည့် ကဏ္ဍ များ တွင် လည်း ပံ့ပိုးကူညီပေးလျက် ရှိကြောင်း သိရသည်။    

PPT [--Democracy today Daily Newspaper--]

0 comments:

sithulann@gmail.com

စတီးဂျော့ဗ် Sony VAIOs ကို Mac Operating စနစ်ပြောင်းလဲချင်ခဲ့သည်လို့ ဆို

0
Thursday, May 29, 2014


စတီးဂျော့ဗ်သာ VAIOs ဆိုနီရဲ့ PC လိုင်းကို ရရှိသွားပါမူ မိတ်ဆွေတို့ရဲ့ လက်ရှိဆိုနီ PC တွေဟာ OSX ကို ဆက်လက် run နိင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ ထိုးဇာတ်တစ်ခု လည်း ဖြစ်နိင်ပါတယ်။ ထို့ သတင်းရဲ့ အရင်းအမြစ်က ၂၀၁၁ခုနှစ်လောက်မှာ အင်တာဗျူးခဲ့တဲ့ ဂျပန် ဂျာနယ်လစ်တစ်ယောက်ရဲ့ မသိစေချင်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ စတီးဂျော့ဗ်နဲ့ Sony’s co-founder Akio Morita တိုရဲ့ ဆက်ဆံရေးမှာ ၂၀၀၁ ခုနှစ်တုန်းက ဟာတိုင်အီကို ဂေါ့ဖ်ရိုက် ခရီးသွားခဲ့တဲ့အထိရှိခဲ့ပြီး ဆိုနီရဲ့ VIAO ပေါ်မှာ Mac OS X ကို run ဖို့ ဗားရှင်းတစ်ခုနဲ့အတူ ဆိုနီ စီမံသူတို့ အံ့သြစေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Ando ရဲ့ အဆိုအရ သိရပါတယ်။
ကျတော်တို့ အားလုံးသိတဲ့အတိုင်း Apple နဲ့ ဆိုနီဟာ မိတ်ဖက်တွေ မဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ ဆိုနီရဲ့ VISO လိုင်းမှာ အောင်မြင်ဖို့ကို ဆိုးရွားတဲ့ အနေအထားမှာ ရောက်ရှိနေခဲ့လို့ ဆိုနီရဲ့ အဆိုပြုချက်များဟာ သာမန် ကိစ္စလေးတစ်ခု သာ ဖြစ်ခဲ့ရပါတယ်။ မကြာသေးမီကလည်း ဆိုနီဟာ ၀င်းဒိုးအတွက် VIAO ပေါ်မှာ Optimizing လုပ်ဖို့ အချိန်တွေအများကြီး ဖြန်းတီးခဲ့ပါတယ်။ Ando ရဲ့ ပြောကြားချက်အရ လမ်းကြောင်းပြောင်းလဲမူတစ်ခု အနေနဲ့ ဆိုနီရဲ့ VIAO တွေပေါ်မှာ OSX တွေကို ဆိုနီရဲ့ အင်ဂျင်နီယာအသင်းက တွေ့ရှိခဲ့ရပြီး ကန့်ကွက်မူတွေ့လုပ်ခဲ့တယ်လို့ သိရပါတယ်။ ထို ကဏ္ဍနှစ်ရပ်ကြောင့် ဆိုနီဟာ ထိုထက်တစ်စုံတစ်ရာပိုပြီး အလားအလာရှိသော Mac ကို လက်တွဲဖို့ ပြုလုပ်မှာ မဟုတ်ပါဘူး။ မကြာသေးမီကလည်း ဆိုနီရဲ့ PC လုပ်ငန်းကို ရောယင်းချတော့မည့်ဆိုသော သတင်းစကားများကို လည်း တိတိကျကျ ပြန်လည်ချေပ ပြောဆိုခြင်းမရှိသေးပါဘူး။ လောလောဆယ် အလားအလားရှိသော ရောင်းချမူတွေအဖြစ် ဆိုနီဟာ အိမ်တွင်း ဖျော်ဖြရေးတွေနဲ့ ဂိမ်းတွေမှာ အဓိက သော့ချက်တွေအနေနဲ့ တိုးတက်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Aung Heine ( www.smart.com.mm )
Ref:Smart Pro Journal

0 comments:

sithulann@gmail.com

ကုမ္ပဏီပိုင် app store ကိုပိတ်သိမ်းရန် Intel စီစဉ်နေ

0
Thursday, May 29, 2014


ချစ်ပ်ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် Netbook ခေတ်ကရေပန်းစားခဲ့သည့် ၎င်း၏ AppUpstore ကိုပိတ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
Intel သည်အဆိုပါ app store ကိုမူလက Netbook များအတွက်သာ ရည်ရွယ်ထားခဲ့ပြီး နောက်ပိုင်းတွင် ultrabook များကဲ့သို့သော အခြားထုတ်ကုန်များအတွက် ထောက်ပံ့ရန်စီစဉ်ခဲ့သည်။
Intel AppUp Center သည်မတ်လ ၁၁ ရက်တွင်ပိတ်သိမ်းမည် ဖြစ်ကြောင်း Intel ၏ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
ယခုကဲ့သို့ store ကိုပိတ်သိမ်းခြင်းကြောင့် Intel အနေဖြင့်မျိုး ဆက်သစ် platform တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရန်အတွက် အာရုံစိုက်လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း အထက်ပါ ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။
ထို့အပြင် ဈေးကွက်အနေအထားက ပြောင်းလဲလျက်ရှိပြီး သုံးစွဲသူများ၏ လိုအပ်ချက်သည်လည်း ပြောင်းလဲနေကြောင်း၊ ထို့အတွက် ကုမ္ပဏီအနေဖြင့် Cloud အခြေခံဝန်ဆောင် မှုများအပေါ် အာရုံစိုက်ပြီး
ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း Intel မှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Intel သည် AppUp စတိုးကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလက မိတ်ဆက်ပေးခဲ့ပြီး ၎င်း store ကို Netbook များအတွက် ရည်ရွယ်ထားကြောင်း ထိုစဉ်က ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ တီဗီများနှင့်အခြား ထုတ်ကုန်များအတွက် ပြောင်းလဲထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ခဲ့ကြောင်း သိရသည်။
နောင်နောင်
Ref: CNET
Internet Journal

0 comments:

sithulann@gmail.com

ios user တွေ blogger ရေးချင်သူတွေအတွက်

0
Thursday, May 29, 2014


Apple ကထုတ်ကုန်ဖြစ်တဲ့ iphone iPad တွေနဲ့ ဘလော့ကာ ရေးသူတွေအတွက် ပါ











 
 
Credit >> Ko Min
 
Post By Zuu

0 comments:

sithulann@gmail.com

မီဒီယာအများစု အသိမှတ်ပြုလိုက်ပြီ ဖြစ်တဲ့ ထွက်ရှိလာသော iPhone 6 ဒီဇိုင်း

0
Thursday, May 29, 2014
မီဒီယာအများစု အသိမှတ်ပြုလိုက်ပြီ ဖြစ်တဲ့ ထွက်ရှိလာသော iPhone 6 ဒီဇိုင်း
ပြင်သစ် အခြေဆိုက် nowhereelse.fr က စလို့၊ ထိုင်ဝမ်၊ ဂျပန် သတင်း မီဒီယာ နဲ့ တရုတ်ပြည် ဆိုရှယ် မီဒီယာတွေပေါ်မှာ ဖော်ပြ ချက်များအရ ယခု ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းဟာ iPhone 6 ဖြစ်ပါတယ်။ ၄.၇ လက်မ အရွယ် iPhone 6 ဖြစ်ပြီး ၅.၅ လက်မ အရွယ်လည်း ထွက်ရှိ အုံးမှာ ဖြစ်ပါတယ်။
iPhone 5S ထက် ပါးလွှာပြီး iPod Touch နဲ့တောင် ဒီဇိုင်း သိပ်မကွာ ဘူးလို့ ဝေဖန် ထားကြ ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာ iPhone 6 အလုံးရေ သန်း ၈၀ ထုတ်လုပ် သွားမှာ ဖြစ်ပြီး သြဂုတ်လမှာ ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း ဆိုပါတယ်။ စက်တင်ဘာလ အရောက် မှာတော့ အရွယ် ပိုကြီးတဲ့ ၅.၅ လက်မ iPhone 6 ကို ဈေးကွက် ဖြန့်ချိ မှာ ဖြစ်ပါတယ်။ ကင်မရာ 10 Megapixel pixel ရှိပြီး မှန်ဘီလူး အရည်အသွေး ပိုမို ကောင်းလာမယ် ဖြစ်ကြောင်း ဆိုပါတယ်။ Display အတွက် ဂျပန် ကနေ မှာယူထားကြောင်း ဆိုပါတယ်။
တရုတ်ပြည် Foxconn စက်ရုပ်မှ ထွက်ရှိလာတဲ့ Leak ဖြစ်တာ ကြောင့် ယခု ဖော်ပြပါ ဒီဇိုင်းက မှန်ကန်နိုင်ချေ ပိုများ ကြောင်း ဆိုပါတယ်။ ပိုမို ပါးလွာ မှု အတွက် မျက်နှာပြင် touch နည်းပညာ အပြောင်းအလဲ ရှိကြောင်း ဆိုပါတယ်။ ဒါ့အပြင် iPad ကို အီလက်ထရောနစ် နှင့် ဒီဂျစ်တယ် ပစ္စည်း အားလုံးကို ထိန်းချုပ်လို့ရတဲ့ Universal Remote အဖြစ် အသုံးပြု လာနိုင်တော့မှာ ဖြစ်ပြီး iPhone 6 မှာလည်း ပါဝင်နိုင်ချေ ရှိမယ်လို့ ခန့်မှန်း ထားကြ ပါတယ်။
iPhone 6 ဒီဇိုင်းအား ပြသနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/0mUdILvB4Qg
အောင်ခမ်း (ရိုးရာလေး)
Ref:YoYarLay,Myanmar Mobile App

0 comments:

sithulann@gmail.com

IT နယ်ပယ်တွင် ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် အထောက်အကူပြု ပညာဒါနဖွင့်လှစ်မည်

0
Thursday, May 29, 2014


Photo: IT နယ်ပယ်တွင် ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် အထောက်အကူပြု ပညာဒါနဖွင့်လှစ်မည်

IT နယ်ပယ်တွင် လူငယ်တိုင်း ပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ Data World Computer သင်တန်းကျောင်းမှ ပညာဒါန သင်တန်းများဖြစ်သည့် Computer Basic နှင့်A+ Hardware Engineering Course သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ ၂၈  ရက် အထိ လျှောက်လွှာ ပုံစံ ဖြည့်သွင်း၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားနေသော သင်တန်းများကို အလှည့်ကျ စနစ်ဖြင့် လစဉ်ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယခုမေလတွင် ဖွင့်လှစ် သင် ကြားပေးမည့် အလှည့်ကျ သင်တန်း ကို ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းနှင့် လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ဇေယျာသီရိလမ်းရှိ Data World Computer Cebter အသီးသီးတွင် လျှောက်ထားနိုင်သည်။ တစ်ဦး လျှင် တစ်ဘာသာစီသာ လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ယခုလ၏ အလှည့်ကျ Course များအတွက် ရွေးချယ်မခံရသူများကို နောင်ထပ်မံ ဖွင့်လှစ်မည့် Basic Course နှင့် A+ Hardware Engineering Course ၏ ပညာဒါနသင်တန်းများတွင် ထပ်မံထည့်သွင်း ရွေးချယ်ပေးမည်ဖြစ်သည်။ လျှောက်လွှာ တစ်ကြိမ် တင်ထားရုံနှင့် ပညာဒါန တက်ရောက်နိုင်မည့် အခွင့်အရေးကို အကြိမ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြားသော သင်တန်းများကိုလည်း အထက်ပါ အစီအစဉ်အတိုင်း အလှည့်ကျ စနစ်ဖြင့် လစဉ် ပညာဒါနသင်တန်းများ ဆက်လက် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက Data World Computer ကျောက်တံတား၊ ဖုန်း-၀၉-၃၃၀၉၄၆၆၇၊ လှည်းတန်း၊ ဖုန်း ၀၉၂၅၄၀၆၅၅၀၇ သို့ဆက်သွယ် စုံစမ်း တက်ရောက်နိုင်သည်။

Credit to Internet Journal

Aung Min Han
IT နယ်ပယ်တွင် လူငယ်တိုင်း ပညာရှင် အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်၍ Data World Computer သင်တန်းကျောင်းမှ ပညာဒါန သင်တန်းများဖြစ်သည့် Computer Basic နှင့်A+ Hardware Engineering Course သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက် အထိ လျှောက်လွှာ ပုံစံ ဖြည့်သွင်း၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားနေသော သင်တန်းများကို အလှည့်ကျ စနစ်ဖြင့် လစဉ်ပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ယခုမေလတွင် ဖွင့်လှစ် သင် ကြားပေးမည့် အလှည့်ကျ သင်တန်း ကို ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းနှင့် လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ဇေယျာသီရိလမ်းရှိ Data World Computer Cebter အသီးသီးတွင် လျှောက်ထားနိုင်သည်။ တစ်ဦး လျှင် တစ်ဘာသာစီသာ လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ယခုလ၏ အလှည့်ကျ Course များအတွက် ရွေးချယ်မခံရသူများကို နောင်ထပ်မံ ဖွင့်လှစ်မည့် Basic Course နှင့် A+ Hardware Engineering Course ၏ ပညာဒါနသင်တန်းများတွင် ထပ်မံထည့်သွင်း ရွေးချယ်ပေးမည်ဖြစ်သည်။ လျှောက်လွှာ တစ်ကြိမ် တင်ထားရုံနှင့် ပညာဒါန တက်ရောက်နိုင်မည့် အခွင့်အရေးကို အကြိမ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ Data World Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြားသော သင်တန်းများကိုလည်း အထက်ပါ အစီအစဉ်အတိုင်း အလှည့်ကျ စနစ်ဖြင့် လစဉ် ပညာဒါနသင်တန်းများ ဆက်လက် ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက Data World Computer ကျောက်တံတား၊ ဖုန်း-၀၉-၃၃၀၉၄၆၆၇၊ လှည်းတန်း၊ ဖုန်း ၀၉၂၅၄၀၆၅၅၀၇ သို့ဆက်သွယ် စုံစမ်း တက်ရောက်နိုင်သည်။

Credit to Internet Journal

0 comments:

sithulann@gmail.com