Samsung galaxy S5 ကို Root လုပ်ကြမယ်

0
Friday, June 20, 2014


Samsung galaxy S5 ကို Root လုပ်နည်းလေးပါ။root လုပ်ပြီးရလာမဲ့ အကျိုးကျေးဇူးတွေကိုဒီမှာ ဝင်ဖတ်ပေးပါခင်ဗျာ။သဘောတူရင်တော့ စလိုက်ကြတာပေါ့ နော်။
မိမိတို့ ဖုန်းမှာ battery ဟာ 70 % or 80% နှုန်းလောက်တော့ ရှိရမယ်နော်။
ပြီးတော့ ဖုန်းက dataတွေကိုလည်းback-up လိုလိုမယ်မယ်ဆွဲထားပါ။


(အဆင့် -၁) လိုအပ်တဲ့  samsung usb  driver ကို ဒီမှာ ယူလိုက်ပါ။ 


(အဆင့် -၂) လိုအပ်တဲ့ c auto root ဖိုင်ကို ဒီမှာ ယူလိုက်ပါ။ဒီဖိုင်ကို destop ပေါ်မှာ exctract မလုပ်ပါနှင့် သိမ်းထားပေးပါ။


(အဆင့် -၃) လိုအပ်တဲ့  odin ဖိုင်ကို ဒီမှာ ယူလိုက်ပါ။


(အဆင့်-၄)  power ကိုပိတ်ပါ။power on + volume up ကီးနှင့် download mode ထဲကိုဝင်ပါ။pc နှင့် မချိတ်ပါနှင့် ။

Volume Up key + Power ON key
Volume Up key + Power ON key
(အဆင့် -၅)  odin ဖိုင်ကို run ပါ။ပြီးရင် usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။
(အဆင့် -၆) odin မှာ  အဝါရောင်လေးပေါ်လာပြီ ဆိုရင် ။စလို့ ရပါပြီ
(အဆင့် -ရ) PDA Button ကိုနိပ်ပြီး cf-auto-root-Tar.Md5
ဖိုင်ကိုရွေးပေးလိုက်ပါ။


CF-Auto-Root-espressorf-espressorfxx-gtp3100.zip” #sthash.xuGQMS8T.dpuf
Volume Up key + Power ON key
(အဆင့် ရ)Repartition မလုပ်ပါနှင် အမှန်ခြစ်ရှိမရှိ ကိုစစ်ဆေးပေးပါ။အမှန်ခြစ်ဖြုတ်ပါ။

 (အဆင့် -၈ ) ပြီးရင် start button ကိုနိပ်ပြီးလုပ်ငန်းစပါ။စောင့် ပေးပါစိတ်ရှည်ပါ။

(အဆင့် ၉) ဒီအဆင့် မှာအစိမ်းရောင်လေးနဲ့  pass ဆိုတဲ့ စာသားလေးထွက်လာမှာဖြစ်ပါတယ်။

(အဆင့် -၁၀) ဒီအဆင့် မှာတော့ အားလုံးပြီးပါပြီ။တကယ်လို့  auto reboot ပြန်မလုပ်ရင်ဘက်ထရီဖြုတ်ပြီးVolUp+Home+Power ကိုဖွင့်ပြီး recovery mode ထဲသို့ ဝင်ရောက်ပါ။  root ပြီးသွားရင်ဘာလုပ်လို့ ရမလဲဆိုတာဒီမှာ ဝင်ကြည့် နိုင်ပါတယ်။နောက်မမေးရအောင်လို့ေိေိ။



အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။



စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )


www.saithu102.blogspot.com

0 comments:

sithulann@gmail.com

Semi Restore ဖြင် .Restore ပြန်လုပ် နည်း

0
Friday, June 20, 2014


 



Semi Restore ဆိုတာ သင့်ရဲ့ iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေသို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။
 Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။
 
Download Here


Credit to Ko Min

0 comments:

sithulann@gmail.com

Huawei ဖုန်း၇၀ကျော်Root လုပ်နည်းFirmwareတင်နည်း ပြုပြင်နည်းနှင့်hardware specificationများ PDF

0
Friday, June 20, 2014



  Ray Electronic မှာဆရာ ရဲမင်းအောင်ရဲ့ Huawei Mobile Phone မျိုးစုံ Root လုပ်၊ ပြုပြင်နည်းစာအုပ်ကို PDF အဖြစ်ရယူနိုင်ဖို့ပါ။
ထိုစာအုပ်တွင် ဖုန်းအမျိုးအစားပေါင်း 70 ကျော်ခန့်ကို Root လုပ်နည်းများ၊ Firmware ပြန်ရေးနည်းများသာမက ဖုန်းတစ်လုံးစီတွင် ပါဝင်သော Hardware Specification များအကြောင်းကိုပါ ဖော်ပြပေးထားပါသည်။

ထိုစာအုပ်ကိုဖတ်ရှုရန် အောက်ပါ Link မှ Download ပြုလုပ်နိုင်ပါတယ်ခင်ညာ့
ပို့စ်ရေးသားသူ hanwai Linn

DOWNLOAD ON MEDIAFIRE

0 comments:

sithulann@gmail.com

CyberLink PowerDirector Ultra 10.0.0.2023 FullVersion

0
Friday, June 20, 2014



Video Edition ကိုအပျော်တန်းပဲဖြစ်ဖြစ်၊စီးပွားရေးအတွက်ပဲဖြစ် အသုံးလိုတဲ့ ကိုကို၊မမတွေအတွက် CyberLink.PowerDirector.Ultra 10.0.0.2023 Final. ကိုတင်ပေးလိုက်ပါတယ်။ 

ဖိုင်ဆိုဒ်က715MB လောက်ရှိလို့ နဲနဲကြီးတဲ့အတွက် 4ပိုဒ်လောက်ခွဲတင်ပေးလိုက်ပါတယ်။Download ကို Zippshare ကနေတင်ပေးထားပါတယ်။အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲ အောက်မှာ Direct Link ကနေ နေ Direct နှိပ်ပြီးတော့ Download လုပ်ယူနိုင်ပါပြီ။ 
 


PowerDirector 10 now has even more powerful features and one-click fixes that help you to edit & enhance your footage and produce stunning video effortlessly. For advanced users, PowerDirector 10’s huge set of editing tools let you control everything from keyframe to audio.
 Download |Part1  |  Part2  |  Part3  |  Part4

 
ညီနေမင်း

0 comments:

sithulann@gmail.com

How to root LG G3 (All Variant)

0
Friday, June 20, 2014


လွယ်လွန်းလို့ အောက်မှာ ပုံလေးတွနဲပြထားပါတယ်

၁။ ပထမဆုံးအနေနဲ့ လိုအပ်မယ့် USB Driver ကိုအောက်ကလင့်မှာ အရင်ဒေါင်းယူလိုက်ပါ


၂။ Enable USB Debugging on your smartphone. To Enable: Settings > Developer Options > USB Debugging. လေးကို အမှန်ခြစ်လေးပေးထားပါ
 LG USB Debugging

 
ဒေါင်းလို့ရလာတဲ့ ဖိုင်ကို ဖြည်ချပါ USB ထိုးပါ ပုံမှာပြထားတဲ့ root.bat ဖိုင်ကို Run ပေးလိုက်ပါ 
Phone restart ကျသွားရင် Root ရပါပြီ 
ioroot files

root.bat ioroot files
ioroot launched
LG Root Process Continue
LG Root Warning

SuperSu installed on Lg
 
အဆင်ပြေပါစေ
 
 
ဇူးနစ်(နည်းပညာ)

0 comments:

sithulann@gmail.com

Cinema Movie HD for Android App

0
Friday, June 20, 2014


image 
Android ဖုန်းတွေကနေ အသစ်ထွက် နိုင်ငံခြားဇာတ်ကားတွေကိုကြည့်ရှုနိုင်ဖို့အတွက် Cinema Movies HD for Android ကိုရေးသားပေးလိုက်ပါတယ်။ Watch32 ကို application အနေနဲ့ပြုလုပ်ပေးထားပြီး ဒီဆော့ဝဲလေးကိုထည့်သွင်းထားခြင်းအားဖြင့် အသစ်ထွက် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားကြီးများကို ဖုန်းထဲမှာတင်ကြည့်ရှုနိုင်မှာပါ။ နိုင်ငံခြားဇာတ်ကားပေါင်းစုံကိုလည်းရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုရန် ဖုန်းကိုအင်တာနက်ချိတ်ထားဖို့တော့လိုပါမယ်။ Cinema Movie HD for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Credit To Myanmar mobile App Store
အဆင်ပြေပါစေ

0 comments:

sithulann@gmail.com

အောက်တိုဘာမှာ ထွက်ရှိနိင်တဲ့ iWatch

0
Friday, June 20, 2014



ထိုင်ဝမ် ကွန်ပျူတာကုမ္ပဏီတစ်ခုရဲ့ သတင်းကို Reuter က နောက်ဆုံးအနေနဲ့ ပြန်လည် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အဆိုပါသတင်းဆိုဒ်ရဲ့ အဆိုအရ ထွက်ရှိလာမဲ့ iWatch ဟာ ၂.၅ လက်မ မျက်နှာပြင်နဲ့ဖြစ်ပြီး ပေါ့ပါးစွာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ လက်ပတ်အကွင်းကို အနည်းငယ်အပြင်ဘက်ကို ထွက်နေသဟောင် ရှိမှာ ဖြစ်ကာ Touch Screen နဲ့ ဖြစ်ပါမယ်။ နောက်ပြီး ၀ိုင်ယာလစ် (ကြိုးမဲ့)လည်း အားသွင်းနိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Apple ဟာ သူရဲ့ iWatch ကို ပထမဆုံးထုတ်လုပ်မူနှစ်ထဲမှာ အရေအတွက် သန်း ၅၀ ထုတ်လုပ်ရောင်းချဖို့ မျှော်လင့်ထားပါတယ်လို့ သိရပါတယ်။
ထို ထိုင်ဝမ်ကကွန်ပျူတာ ကုမ္ပဏီ Quanta ဟာ iWatch တွေကို ထုတ်လုပ်နိင်ရန် စမ်းသပ်မူများကိုလည်း
ပြုလုပ်ထားခဲ့ပြီးဖြစ်ပြီး အောက်တိုဘာမှာ ထက်စောစီးစွာ ထွက်ရှိနိင်ဖို့ ထုတ်လုပ်မူများကို ဂျူလိုင်လတွင် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

iWatch ထဲမှာ ကျန်းမာရေး ကဏ္ဍတွေကိုပံ့ပိုးပေးနိင်တဲ့ အာရုံခံ Sensor တွေကို Built-in ပါဝင်လာနိင်ဖို့ မျှော်လင့်ရပြီး ပါရှိလာပါက iOS 8ကိုပါရှိလာတဲ့ HealthKit SDK နဲ့ Health app တွေနဲ့ သိပ်ကို လိုက်ဖက်မှာ ဖြစ်ပါတယ်.

Aung Heine ..
Smart Pro Journal

0 comments:

sithulann@gmail.com

သက်တမ်း ၅၆နှစ်ရှိပြီးဖြစ်တဲ့ ပထမဆုံး မိုက်ခရိုလ်ချိစ် လေလံတင်

0
Friday, June 20, 2014


ပေါင်းထည့်ပါဝင်နေတဲ့ IC ဆားကဒ်တွေ မရှိပဲ နည်းပညာတွေနဲ့ ဘ၀မှာ မတည်ရှိနိင်ပါဘူး။ စမတ်ဖုန်း၊ လပ်တော့၊ တပ်ပလပ်မှ မဟုတ်ပါဘူး။ တီဗီ
မိုက်ခရိုဝေ့လ် နဲ့ စီးနေတဲ့ ကားတွေတွေတောင် မိုက်ခရ်ုလ်ချိပ်နဲ့ အတူ ပါဝင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ထိုသို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို တည်ထွင်ခဲ့တဲ့ တည်ဆောက်ခဲ့တဲ့ သူကတော့ Jack Kilby လို့ခေါ်တဲ့ အမေရိက လျှပ်စစ် အင်ဂျင်နီယာတစ်ဦးပါ။

သူဟာ ၁၉၅၈ ခုနှစ် အမေရိကန်၊ တက္ကဆက်ပြည်နယ်မှာ အလုပ်လုပ်နေစဉ်အတွငင်း ပထမဦးဆုံး ဆားကဒ်ကို တည်ဆောက်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရူပဗေဒနဲ့ဆိုင်ရာမှာ နိုဗယ်ဘွဲ့ကို လည်းပိုင်းဆိုင်ထားပြီးပါပြီ။ Christie လို့ခေါ်တဲ့ လေလံမှာတော့ ကွန်ပျူတာ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေခဲ့တဲ့ ထို ပထမဦဆုံး ဆားကဒ်ကို ဒေါ်လာ ၁ သန်း (သို့) ၂ သန်းလောက်နဲ့
ရရှိနိင်မယ်လို့ မျှော်မှန်းရပါတယ်။

Aung Heine ...
 
Smart Pro Journal

0 comments:

sithulann@gmail.com

iPhone များထက် Samsung Phone များကို ခိုးယူမှုများပြား

0
Friday, June 20, 2014








iPhone များသည် ပြန်လည်ရောင်းချလျှင် ငွေကြေးများစွာ ရရှိသည့်အတွက် သူခိုးများအကြိုက်ဖြစ်သည်ဟု သိရပါသည်။ နယူးယောက်ရဲဌာနက နယူးယောက်တွင် ဖြစ်ပွားသည့် ရာဇ၀တ်မှုအားလုံး၏ ၁၄ ရာခိုင်နှုန်းမှာ iPhone ခိုးယူမှုများဖြစ်သည်ဟု ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့ပါသည်။ 

သို့သော် မကြာမီက ထွက်ပေါ်လာသော သုတေသနစစ်တမ်းအရ ဖုန်းသူခိုးများသည် iPhone ထက် Samsung ဖုန်းများကို ပိုမိုအကြိုက်တွေ့လာကြသည်ဟု သိရပါသည်။ ၂၀၁၄ ခုနှစ်၏ ပထမငါးလတွင် နယူးယောက် ၌ iPhone ခိုးယူမှုများမှာ ၁၉ ရာခိုင်နှုန်းကျဆင်းသွားပါသည်။ ထိုသို့ကျဆင်းသွားခြင်းသည် Apple ၏ Activation Lock စွမ်းဆောင်ချက်ကြောင့်ဖြစ်ပါသည်။ အဆိုပါစွမ်းဆောင်ချက်သည် Apple ID နှင့် Password မရှိဘဲ iPhone ကို အသုံးပြု၍မရ၊ ဒေတာများကို ဖျက်ဆီး၍မရ၊ Reactivate ပြုလုပ်၍မရဟု သိရပါသည်။ Apple က Activation Lock ကို iOS7 တွင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ရာဇ၀တ်မှုနှိမ်နင်းသူများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါသည်။ 

iPhone ခိုးယူမှုများကျဆင်းသွားသော်လည်း နယူးယောက်ရဲဌာနသည် Samsung ဖုန်းခိုးယူခံရသည့် ရာဇ၀တ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ၂၀၁၄ ခုနှစ်ပထမငါးလတွင် Samsung ဖုန်းခိုးယူမှုများသည် လေးဆယ်ရာခိုင်နှုန်းမြင့်တက်လာပါသည်။ 

နယူးယောက်တွင်သာမက ဆန်ဖရန်စစ္စကိုမြို့တွင်လည်း Activation Lock ကို မိတ်ဆက်ပြီး ခြောက်လအကြာတွင် iPhone ခိုးယူမှု ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Samsung ဖုန်းခိုးယူမှု ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ 

အာဏာပိုင်များက စမတ်ဖုန်းများတွင် Kill Switch နည်းပညာကို ထည့်သွင်းရန် စမတ်ဖုန်းထုတ်လုပ်သူများကို ဖိအားပေးလျှက်ရှိပါသည်။ Kill Switch သည် Apple ၏ Activation Lock နှင့် ဆင်တူသည့် လုံခြုံရေး နည်းပညာဖြစ်ပါသည်။ Apple နှင့် Samsung က သူတို့၏ စမတ်ဖုန်းများတွင် Kill Switch ကို ထည့်သွင်းရန် ငြင်းဆန်နေကြပြီး Microsoft နှင့် Google က ၀င်းဒိုးဖုန်းများနှင့် Android ဖုန်းများတွင် Kill Switch ကို ထည့်သွင်းရန် ဇွန်လ(၁၉) ရက်နေ့တွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပါသည်။ 

Kill Switch ကို စမတ်ဖုန်းအားလုံးတွင် ထည့်သွင်းရန် စီမံကိန်းမှာ အချိန်ကြာမြင့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ ၂၀၁၄ ခုနှစ်၏ ပထမလများတွင် ဆန်ဖရန်စစ္စကိုမြို့တွင် ဖြစ်ပွားသည့် ရာဇ၀တ်မှုများ၏ ၆၇ ရာခိုင်နှုန်းမှာ စမတ်ဖုန်းခိုးယူမှုများဖြစ်သည်ဟု သိရပါသည်။

Credit >>>Myanmar Digital Life Journal

0 comments:

sithulann@gmail.com

Hardware နှင့် Networking အတွက်ဖတ်သင့်သည့်စာအုပ်(၁၀)အုပ်

0
Friday, June 20, 2014



Top 10 Hardware and Networking များဖြစ်ပါတယ်။လွယ်ကူရှင်းလင်းတဲ့အင်္ဂလိပ်အရေးအသားဖြစ်ပါတယ်။နားလည်လွယ်ပါတယ်။
networking နဲ့ A+သမားတွေဆောင်ထားသင့်ပါတယ်။mediafire မှာတင်ပေးထားပါတယ်။ဒေါင်းလုပ်ယူပါခင်ည။


Recommend Us On Google For More Books ;) !!
 
 
 
ပို့စ်ရေးသားသူ ဆေးရိုးသည်

0 comments:

sithulann@gmail.com

Root မရ ပဲ တင်းခံ နေ တဲ့ android ဖုန်းတွေအတွက် root apk

0
Thursday, June 19, 2014

Root မရ ပဲ တင်းခံ နေ တဲ့ android ဖုန်းတွေအတွက် root apk
======================================
android version 4.3 တွေအထက် မှာ root မရ တာ တွေ ကို အဆင်ပြေ နိုင် မဲ့  apk လေးပါ။အသုံးပြု မယ် ဆို ရင်အောက်မှာ ဒေါင်း ယူပါ။ဖုန်းအားလုံးနဲ့ ကိုက် ညီ မှူ့ ရှိ မရှိ ဆို တာ တော့  ကိုယ် တိုင် ကိုယ် ကျ စမ်းသပ် ကြည့် စေလို ပါတယ်။

အသုံးပြု နည်းကတော့  APK လေးကို ဖုန်းထဲ ကိုထည့် ပြီး ROOT လုပ်ရုံပါ။ပုံအကူအညီရယူပြီး လိုက်လုပ်ကြည့် ပေးပါ။








ဒေါင်းရန် = LINK 1   , LINK 2



အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။



စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )


www.saithu102.blogspot.com


0 comments:

sithulann@gmail.com

ရွေးကောက်ပွဲရလဒ်ကို မိုဘိုင်းဖုန်းမှတိုက်ရိုက်ကြည့်ရှုနိုင်မည်

0
Thursday, June 19, 2014




လာမည့်ရွေးကောက်ပွဲအတွင်း မသမာမှုများနှင့် အနိုင်အရှုံးရလဒ်များကို မိုဘိုင်းဖုန်းမှတစ်ဆင့်ကြည့် ရှုနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Myanmar ICT for Development Organizaiton (MIDO) မှ Admin and Logistics Manager မရတနာထွန်းကပြောသည်။

MIDO အဖွဲ့သည် အခြားသော အဖွဲ့နှစ်ခုနှင့် ပူးပေါင်း၍ နည်းပညာကို အသုံးပြုကာ ရွေးကောက်ပွဲ မသမာမှုနှင့် ရွေးကောက်ပွဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် စီစဉ်နေခြင်းဖြစ်သည်။ “Mobile Platform တင်မဟုတ်ဘူး။ Web Platform အနေနဲ့ပါ ကြည့်လို့ရအောင် စီစဉ်ထားတာပါ” ဟု မရတနာထွန်းကပြောသည်။

ရွေးကောက်ပွဲ မသမာမှုများနှင့် ရွေးကောက်ပွဲရလဒ်များ အချိန်နှင့် တစ်ပြေးညီ အင်တနက်ပေါ်၌ တင်ဆက်နိုင်ရန် MIDO အဖွဲ့သည် ရွေးကောက်ပွဲ လ့လာစောင့်ကြည့်ရေး အဖွဲ့များနှင့်ပူးပေါင်းသွားမည်ဟု သိရသည်။ လက်ရှိအချိန်၌ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် ညှိနှိုင်းထားခြင်း မရှိသေးသော်လည်း အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနိုင်ရန် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ အကူအညီများစွာ လိုအပ်ကြောင်း မရတနာထွန်းက ဆိုသည်။

“လောလောဆယ် လုပ်ထားတာကတော့ အကြမ်းပဲရှိသေးတယ်။ စိတ်ပါဝင်စားသူတွေကလည်း ရွေးကောက်ပွဲ မဲပေးနေချိန်တွေမှာ မရိုးသာမှုတွေ ၊ မသမာမှုတွေ ကြုံတွေ့ရတယ်ဆိုရင် ပူးပေါင်းပါဝင်ပြီး Report လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ညနေပိုင်းဆိုရင်တော့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြမှပါ” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရိုးသားမှုများနှင့် ရလဒ်များကို အခမဲ့ကြည့်ရှုနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းကို အခမဲ့ဒေါင်းလုဒ်ပေးသွားမည်ဖြစ်ပြီး အင်တာနက်ပေါ်၌ တင်ဆက်ပေးမည့် ဝက်ဘ်ဆိုက်လိပ်စာကိုလည်း အချောသပ်ပြီးစီသည့်အခါ သတင်းထုက်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်များကို တင်ဆက်ပေးရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာရှိ မဲရုံများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားပြီး မြို့နယ်အလိုက် အနိုင်အရှုံးရလဒ်များကို တင်ဆက်ပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ မြို့နယ်အလိုက် အနိုင်အရှုံးရလဒ်များကို တင်ဆက်နိုင်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ၏ မဲအရေအတွက် ကိုကြေညာသည့်အခါ အမှားအယွင်းပြန်လည် တွက်ချက်နိုင်ကြောင်း သိရသည်။

Hackathon ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့်အဖွဲ့နှင့် MIDO အဖွဲ့သည်လက်ရှိ၌ အထက်ပါပရောဂျက်ကို ပူးပေါင်းထားကြောင်း၊ အဓိကရည်ရွယ်ချက်သည်ရွေးကောက်ပွဲ ရလဒ်နှင့်ရွေးကောက်ပွဲမသမာမှုများကို နည်းပညာအကူအညီဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ဖြစ်သည်။ ယခင်ကရွေးကောက်ပွဲနှင့် ပတ်သက်၍ တစ်နေရာတည်း၌ သတင်းအချက်အလက် ဖော်ပြနိုင်ခြင်းမရှိသည့်တွက် လူမှုကွန်ရက်အင်တာနက် စာမျက်နှာ၌ပြည်သူတို့က သတင်းအချက်အလက် တင်ဆက်ခဲ့သည်ဟု သိရသည်။
·                   
Credit >>> Internet Journal

0 comments:

sithulann@gmail.com

Band of Heroes

0
Thursday, June 19, 2014





iPhone, iPad နှစ်မျိုးစလုံးမှာ ဆော့ကစားနိုင်မယ့် ဂိမ်းလေးဖြစ်ပြီး Version 1.1.2 အမျိုးအစားဖြစ်ပါတယ်။ အစွမ်းထက်မှော်ဆရာ၊ ရဲရင့်တဲ့သူရဲကောင်းစတဲ့ သူရဲကောင်းအမျိုးအစား ၈ မျိုးနဲ့ ကိုယ်ပိုင်တပ်ဖွဲ့စည်းပြီး ရန်သူ့ရဲတိုက်တွေကို ချေမှုန်းတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲပုံစံ ၉ မျိုးဆော့ကစားနိုင်မှာဖြစ်ပြီး တိုက်ပွဲမှာအသုံးပြုမယ့် လက်နက်တွေကို အဆင့်မြှင့်တင်ကာ ဆော့ကစားနိုင်မှာ လည်းပါတယ်။ တချို့လက်နက်နဲ့ မှော်စွမ်းတွေကိုတော့ ပိုက်ဆံနဲ့ဝယ်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ ဒီ App လေးရဲ့အရွယ်အစား 147 MB ရှိပြီး iOS 5.0 နဲ့အထက်မှာထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iTunes ကနေအခမဲ့ ရယူဆော့ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

0 comments:

sithulann@gmail.com