အောက်တိုဘာမှာ ထွက်ရှိနိင်တဲ့ iWatch

0
Friday, June 20, 2014



ထိုင်ဝမ် ကွန်ပျူတာကုမ္ပဏီတစ်ခုရဲ့ သတင်းကို Reuter က နောက်ဆုံးအနေနဲ့ ပြန်လည် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အဆိုပါသတင်းဆိုဒ်ရဲ့ အဆိုအရ ထွက်ရှိလာမဲ့ iWatch ဟာ ၂.၅ လက်မ မျက်နှာပြင်နဲ့ဖြစ်ပြီး ပေါ့ပါးစွာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ လက်ပတ်အကွင်းကို အနည်းငယ်အပြင်ဘက်ကို ထွက်နေသဟောင် ရှိမှာ ဖြစ်ကာ Touch Screen နဲ့ ဖြစ်ပါမယ်။ နောက်ပြီး ၀ိုင်ယာလစ် (ကြိုးမဲ့)လည်း အားသွင်းနိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Apple ဟာ သူရဲ့ iWatch ကို ပထမဆုံးထုတ်လုပ်မူနှစ်ထဲမှာ အရေအတွက် သန်း ၅၀ ထုတ်လုပ်ရောင်းချဖို့ မျှော်လင့်ထားပါတယ်လို့ သိရပါတယ်။
ထို ထိုင်ဝမ်ကကွန်ပျူတာ ကုမ္ပဏီ Quanta ဟာ iWatch တွေကို ထုတ်လုပ်နိင်ရန် စမ်းသပ်မူများကိုလည်း
ပြုလုပ်ထားခဲ့ပြီးဖြစ်ပြီး အောက်တိုဘာမှာ ထက်စောစီးစွာ ထွက်ရှိနိင်ဖို့ ထုတ်လုပ်မူများကို ဂျူလိုင်လတွင် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

iWatch ထဲမှာ ကျန်းမာရေး ကဏ္ဍတွေကိုပံ့ပိုးပေးနိင်တဲ့ အာရုံခံ Sensor တွေကို Built-in ပါဝင်လာနိင်ဖို့ မျှော်လင့်ရပြီး ပါရှိလာပါက iOS 8ကိုပါရှိလာတဲ့ HealthKit SDK နဲ့ Health app တွေနဲ့ သိပ်ကို လိုက်ဖက်မှာ ဖြစ်ပါတယ်.

Aung Heine ..
Smart Pro Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com