Showing posts with label Mobile Knowledge. Show all posts

စမတ်ဖုန်းကို မိမိစိတ်​ကြိုက် သုံးစွဲခြင်း

0
Wednesday, September 03, 2014


စမတ်ဖုန်း အများစုဟာ သူတို့အထဲမှာ ထည့်သွင်းထားတဲ့ လည်ပတ်မှု စနစ်၊ ထုတ်လုပ်သူတွေရဲ့ ဆော့ဗ်ဝဲ (firmware)၊ (သို့) လက်ကိုင်ဖုန်း အော်ပရေတာတွေရဲ့ ပရိုဂရမ်တွေက ခွင့်ပြုထားတာထက် ပိုပြီး စွမ်းဆောင်ရည် ရှိကြတယ်။ အပြန်အလှန်​အနေနဲ့၊ တချို့ လုပ်ဆောင်ချက်တွေကို ပိတ်ထားတဲ့အတွက် အဲဒါတွေကို သုံးစွဲသူတွေက ထိန်းချုပ်လို့ (သို့) ပြင်လို့ မရတော့ဘူး။


ဒါကြောင့် အသုံးမပြုလိုက်ရပဲ ချန်ထားရတယ်။ ကိစ္စအတော်များများမှာ အဲဒီ လုပ်ဆောင်ချက်တွေဟာ စမတ် သုံးစွဲသူတွေအတွက် အသုံးမလိုအပ်ပါဘူး။ သို့သော် တချို့ လုပ်ငန်းသုံး ကိရိယာတွေ၊ လုပ်ဆောင်ချက်တွေဟာ စမတ်ဖုန်းရဲ့ ဒေတာ လုံခြုံရေး၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို တိုးမြှင့်စေတယ်။ လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေ ရှောင်ရှားတဲ့အနေနဲ့ ဖယ်ရှားလို့ရတဲ့ လုပ်ဆောင်ချက် တချို့လည်း ရှိတယ်။


ဒီအတွက်ကြောင့်သာမက၊ အခြား အကြောင်းတွေကြောင့် တချို့ စမတ်ဖုန်း သုံးစွဲသူတွေဟာ ဆော့ဗ်ဝဲနဲ့ ပရိုဂရမ် အမျိုးမျိုးကို စမတ်ဖုန်းထဲမှာ လက်တည့်စမ်း သုံးစွဲတတ်ကြတယ်။ ဒီနည်းနဲ့ ဖုန်းထဲက လုပ်ဆောင်ချက်တွေ တိုးမြှင့်လို့ ရအောင်၊ ဖယ်ရှားလို့ ရအောင် (သို့) တချို့ကို လျှော့ချလို့ ရအောင် သင့်လျှော်တဲ့ လုပ်ပိုင်ခွင့်တွေ ရရှိလာနိုင်မှာ ဖြစ်တယ်။


လက်ကိုင်ဖုန်း ဝန်ဆောင်မှု ဌာနတွေ၊ စမတ်ဖုန်းထဲက စက်လည်ပတ်မှု စနစ်ကို ထုတ်လုပ်သူတွေက ပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားတဲ့ လုပ်ငန်းစဉ်ကို (Android ဖုန်းမှာ) rooting ၊ သို့မဟုတ် (iOS ဖုန်းတွေဖြစ်တဲ့ iPhone သို့မဟုတ် iPad မှာ ) jailbreaking လို့ ခေါ်တယ်။ ပုံမှန်အရ၊ rooting (သို့) jailbreaking ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တာနဲ့ နောက်ထပ် လုပ်ငန်းသုံး ကိရိယာတွေကို ထည့်သွင်းပြီး သုံးစွဲနိုင်တယ်။ တခြား ပြုပြင်ဖန်တီးချက်တွေကို ပြင်ဆင်နိုင်တယ်၊ စမတ်ဖုန်းရဲ့ ဒေတာ သိမ်းဆည်းမှုနဲ့ မှတ်ဉာဏ်တွေကို စိတ်ကြိုက် ထိန်းချုပ်ထားနိုင်တယ်။


သတိပေးချက် - Rooting (သို့) jailbreaking ပြုလုပ်ခြင်းဟာ နောက်ပြန်လှည့်လို့ ရနိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ချင်မှ ဖြစ်မယ်။ ဆော့ဗ်ဝဲ ထည့်သွင်းမှု၊ ပြုပြင်ဖန်တီးမှု အတွေ့အကြုံတွေ လိုအပ်တယ်။ အောက်ပါ အချက်တွေကို စဉ်းစားပါ -

  • စမတ်ဖုန်းကို လုံးဝ အသုံးပြုလို့ မရနိုင်တော့တဲ့ အန္တရာယ် ရင်ဆိုင်ရနိုင်တယ်။
  • ထုတ်လုပ်သူ (သို့) လက်ကိုင်ဖုန်း ဝန်ဆောင်မှု ဌာနတွေရဲ့ အာမခံလက်မှတ် ဆုံးရှုံးသွားနိုင်တယ်။
  • တချို့နေရာတွေမှာ၊ ဒီလုပ်ရပ်တွေဟာ တရားမဝင်ဘူး။
ဒါပေမဲ့ သတိထားမိမယ် ဆိုရင်၊ rooted လုပ်ထားတဲ့ စက်ဟာ စမတ်ဖုန်းကို ပိုပြီး လုံခြုံမှု ရှိလာအောင် စိတ်ကြိုက် ထိန်းချုပ်စေနိုင်တဲ့ ရိုးရှင်းတဲ့ နည်း တစ်ခု ဖြစ်တယ်။

တခြား ရွေးချယ်နိုင်တဲ့ Firmware

Firmware ဆိုတာ သီးခြား စက်တစ်ခုခုနဲ့ အနီးကပ် ဆက်စပ်မှုရှိတဲ့ ပရိုဂရမ်တွေကို ဆိုလိုတယ်။ သူတို့ဟာ စက် လည်ပတ်မှု စနစ်နဲ့ အတူတကွ အလုပ်လုပ်နေကြပြီး၊ စမတ်ဖုန်းရဲ့ စက်ကိုယ်ထည်မှာ အခြေခံ လည်ပတ်နေတဲ့ စပီကာ၊ မိုက်ခရိုဖုန်း၊ ကင်မရာ၊ ထိတွေ့မျက်နှာပြင်၊ မှတ်ဉာဏ်၊ ကီးတွေ၊ အင်တင်နာတွေ အလုပ်လုပ်နိုင်အောင် တာဝန်ယူကြရတယ်။


အကယ်လို့ Android ဖုန်း တစ်လုံး ရှိထားမယ် ဆိုရင်၊ ဖုန်းကို ပိုပြီး ထိန်းချုပ်နိုင်အောင် တခြား firmware တစ်ခုခုကို ထည့်သွင်းဖို့ စဉ်းစားထားပါ။ တခြား firmware ကို ထည့်သွင်းနိုင်ဖို့အတွက်၊ မိမိရဲ့ ဖုန်းကို root လုပ်ထားဖို့တော့ လိုအပ်တယ်။


Android ဖုန်းအတွက် တခြား firmware နမူနာကတော့ Cyanogenmod ပဲ ဖြစ်တယ်။ ဥပမာအားဖြင့်၊ ဖုန်းရဲ့ လည်ပတ်မှုစနစ်ထဲက (ဖုန်းထုတ်လုပ်သူ သို့မဟုတ် မိုဘိုင်း ကွန်ရက် အော်ပရေတာက ထည့်သွင်းထားတဲ့) လုပ်ငန်းသုံး ကိရိယာတွေကို ဖယ်ထုတ်ပေးနိုင်တယ်။ ဒီနည်းနဲ့ မိမိ ဖုန်းအပေါ် အခြားသူများရဲ့ စောင့်ကြည့်ခံနေမှု၊ ဥပမာ - ဖုန်းထဲက ဒေတာတွေကို မိမိမသိရှိပဲ ဝန်ဆောင်မှု ပံ့ပိုးတဲ့ ဌာနဆီ ပေးပို့ခြင်း စတာတွေကို အတိုင်းအတာတစ်ခု အထိ လျှော့နည်းပေးနိုင်တယ်။
နောက်ပြီး၊ Cyanogenmod ကို ပုံမှန်အားဖြင့် OpenVPN လုပ်ငန်းသုံး ကိရိယာနဲ့အတူ တင်ပို့လေ့ရှိတယ်။ ၄င်းကို စက်ထဲ ထည့်သွင်းရာမှာ ငြီးငွေ့စရာ ကောင်းနိုင်တယ်။ VPN (Virtual Private Network) ဟာ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်း (အောက်မှာ ဖတ်ရှုပါ) ကို လုံလုံခြုံခြုံ ကြားခံပေးတဲ့ နည်းလမ်း တစ်ခု ဖြစ်တယ်။


ပံ့ပိုးပေးထားပြီး မိမိရဲ့ စမတ်ဖုန်းထဲက ဆက်သွယ် စကားပြောဆိုချက် မှတ်တမ်းတွေကို သိမ်းဆည်းထားခြင်း မပြုဘူး။

Cyanogenmod မှာ တခြား အင်္ဂါရပ် အများအပြား ရှိတယ်။ သို့သော်၊ အဲဒါကို Android ဖုန်းအားလုံးက ပံ့ပိုးမှု မပေးတဲ့အတွက်၊ ရှေ့ဆက်မသွားခင်၊ ပံ့ပိုးမှု ပေးထားတဲ့ ဖုန်းအမျိုးအစား စာရင်း ကို စစ်ဆေးလိုက်ပါ။

Volumes တစ်ခုလုံး စာဝှက်ခြင်း

အကယ်လို့ မိမိရဲ့ ဖုန်းကို rooted လုပ်ထားတယ် ဆိုရင်၊ ဖုန်းထဲမှာ ရှိတဲ့ သတင်း အချက်အလက်တွေကို ကာကွယ်ဖို့ ဒေတာ သိမ်းဆည်းခန်း တစ်ခုလုံးကို စာဝှက်ဖို့ စဉ်းစားထားပါ (သို့) စမတ်ဖုန်းထဲမှာ volume တစ်ခု ဖန်တီးလိုက်ပါ။

Luks Manager ဟာ သုံးစွဲရ လွယ်ကူတယ်။ သုံးစွဲသူက မှတ်မိလွယ်တဲ့ မျက်နှာပြင်တစ်ခု ပါဝင်ပြီး volumes တွေကို လုံလုံခြုံခြုံနဲ့ လက်ငင်း စာဝှက်ပေးနိုင်တယ်။ မိမိရဲ့ Android ဖုန်းထဲမှာ အရေးကြီးတဲ့ ဒေတာတွေကို သိမ်းဆည်းမထားမီ၊ အဲဒီ ကိရိယာကို အရင် ထည့်သွင်းထားဖို့ အထူး အကြံပြုလိုတယ်။ Luks Manager က မိမိရဲ့ ဒေတာ အားလုံးကို သိမ်းဆည်းနိုင်အောင် ပေးအပ်တဲ့ စာဝှက်ထားတဲ့ Volumes တွေကို အသုံးပြုပါ။


Whisper Systems ပရောဂျက်ဟာ WhisperCore လုပ်ငန်းသုံး ကိရိယာကို ပြင်ဆင်နေဆဲ ဖြစ်တယ်။ ၄င်းကို အသုံးပြုပြီး မိမိရဲ့ Android ဖုန်းကို အပြည့်အဝ စာဝှက်နိုင်တယ်။

Virtual Private Network (VPN)

VPN ဟာ မိမိရဲ့ ဖုန်းနဲ့ VPN ဆာဗာတို့ အ​ကြား အင်တာနက်ကတဆင့် စာဝှက်ထားတဲ့ လမ်းကြောင်း တစ်ခုကို ပံ့ပိုးပေးထားတယ်။ အဲဒီကို tunnel လို့ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့၊ တခြား စာဝှက်ထားတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ https တို့နဲ့ မတူပဲ၊ ဝန်ဆောင်မှုတွေ၊ ပရိုတိုကောတွေနဲ့​အကြောင်းအရာတွေကို ဖျောက်ထားပေးတယ်။ VPN ဆက်သွယ်ရေးစနစ်ကို တစ်ကြိမ်သာ တပ်ဆင်ရမှာ ဖြစ်ပြီး၊ မိမိလိုချင်တဲ့အခါ ရပ်ဆိုင်းထားနိုင်တယ်။


အင်တာနက် စီးဆင်းမှု အားလုံးဟာ proxy (သို့) VPN ဆာဗာကတဆင့် ဖြတ်သန်းသွားလေ့ရှိတာကို သတိပြုပါ။ ကြားလူတစ်ဦးဟာ မိမိရဲ့ လုပ်ဆောင်မှုတွေကို စိစစ်နိုင်ဖို့ proxy ထဲကို ဝင်ရောက်ရမှာ ဖြစ်တယ်။ ဒါကြောင့် proxy ဝန်ဆောင်မှုနဲ့ VPN ဝန်ဆောင်မှုတို့ထဲက တစ်ခုခုကို ဂရုတစိုက် ရွေးချယ်ဖို့ အရေးကြီးတယ်။ မိမိရဲ့ ဒေတာ စီးဆင်းမှုတွေကို ဖြန့်ဝေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုခုရဲ့ တိုက်ခိုက်လာမှုကို လျှော့နည်းစေတဲ့အတွက်၊ proxies (သို့) VPNs အမျိုးမျိုးကို အသုံးပြုဖို့ အ​ကြံပြုလိုတယ်။
Credit :https://securityinabox.org
Continue reading →

Android Root ရှိတဲ့ ဖုန်းတွေ အတွက် Internal Memory ထပ်တိုးနည်း

0
Friday, August 15, 2014








တ ချို့ Android ဖုန်း တွေ မှာ ဖုန်း တွင်း Memory အ ရမ်း နည်း နေ တတ် ပါ တယ် 256MB လောက် ပဲ ပါ ပဲ တဲ့ Version
နိမ့် Android ဖုန်း မျိုး မြင် ဖူး ပါ တယ်... ခု Memory နည်း လို့ စိတ် ညစ် နေ သူ များ ဒါ မှ မ ဟုတ် အ တော် သင့် ရှိ ပါ ရဲ့
နဲ့ App တွေ များ များ သုံး ချင် သူ များ အ တွက် ( တစ် ချို့ ဖုန်း တွေ မှာ default stroage location) ပြောင်း တာ မ ပါ ဘူး
လေ :D) SD ကတ် မှ Memory တစ် ချို့ တစ် ၀က် ကို ဖုန်း တွင်း Internal Memory နဲ့ ချိတ် ဆက် ပုံ ကို ပြော ပြ ပါ မယ်။

ဖုန်း က နေ ပဲ လုပ် မှာ မို့ အ ဆင့် တွေ တော့ များ တယ် နော် ပြိး တော့ ဒီ ဆော့ ၀ဲ က App 2SD ရဲ့ သ ဘော နဲ့ တူ တယ်
ဒါ ပေ မယ့် သူ့ လောက် Error မ ရှိ ပါ ဘူး App2SD သုံး ရင် imei ပျောက် သွား တာ တို့ Internal Memory လုံး ၀ သုံး မ
ရ တာ တို့ ဖြစ် တတ် ပါ တယ်။

ခု ပြော ပြမယ့် ကောင် က သ ဘော ချင်း တူ ပေ မယ့် အ လုပ် လုပ် ပုံ ချင်း မတူ ပါ ဘူး ဒီ တော့ ဒီ ကောင် က Error ကင်း
တယ် လေ တော် တော် များ များ လဲ သိ ပြိး သား ဖြစ် မှာ ပါ ဒါ ပေ မယ့် မ သိ သေး သူ များ အ တွက် ပြော ပြ မယ် နော် ။

လို အပ် တာ က တော့ အ နည်း ဆုံး 4GB ရှိ တဲ့ microSD ကတ် လို ပါ တယ် အကြံ ပေး ချင် တာက တော့ တတ် နိုင် ရင်
8GB သုံး စေ ချင် ပါတယ် ပြီး တော့ 8GB ဆို ရင် Classes 6 လောက် ရရင် ပို ကောင်း တာ ပေါ့ နော် ပြိး တော့ Data တွေ
ရှိ ရင် လဲ တစ် ခု ခု မှာ သိမ်း ထား ပေါ့ SD ကတ် ကို အဲ app လေးက format ချ သွား မှာ မို့ ပါ ။

ဟုတ် ပြိး တော့ ဒီ အောက် က Software တွေ ကို ဒေါင်း လိုက် ပါ ။

Download - Aparted
Download - Link2SD
Link2SD ဒီကောင်က (plus) နော် Update ပေးရင်လဲ မလုပ်နဲ့

၁ ။ Sotware တွေ Install လုပ် ပြီး ရင် အ ရင် ဆုံး အဲ ဒီ Software တွေ မ သုံး ခင် ဖုန်း Setting ထဲ ကို သွား လိုက်
ပါ Storage ဆို ပြိး ပါ ပါ တယ် အဲ မှာ SD card ဒါမှ မ ဟုတ် external SD ဆို ပြိး ပါ ပါတယ် အဲ SD ကို Unmount
SD card လုပ် လိုက် ပါ

၂ ။ Ok လား Cancel လား မေး ရင် Ok ပေး လိုက် ပါ ။


၃ ။ mount sd card ဆို ပြိး ပြောင်း သွား ရင် ရ ပါ ပြီ အဲ ဒီ Setting ထဲ က ထွက် လိုက် ပါ ။

၎ ။ ခု Install လုပ် ခဲ့တဲ့ app တွေ ထဲက Aparted ဆို တဲ့ app ကို ၀င်ပါ ပြီး ရင် အ စိမ်း ရောင် အ ပေါင်း လက္ခဏာ
လေး ပါ ပါတယ် အဲ ဒီ ကောင် ကို တစ် ချက် စီ ၃ ခေါက် နှိပ် လိုက် ပါ ။


၅ ။ နှိပ် ပြီး ပါ က Part1 ၊ Part2 ၊ Part3 ဆို ပြီး သုံး ခု တွေ့ ရ မှာ ပါ ပြီး ရင် Internal Memory ကို ဘယ် လောက်
GB ထိ တိုး မှာ လဲ 1GB လား 2GB လား 4GB လား !

ဟုတ် ဘယ် လောက် ပဲ တိုး တိုး အဲ ဒီ တိုး မယ့် GB ကို Part2 မှာ သွား သတ် မှတ် ရ မှာ ပါ Part1 နဲ့ မ ဆိုင် ပါ ဘူး

၆ ။ ဒါ ဆို Part2 ကွင်း ထဲ က fat32 ကို သွား နှိပ် လိုက် ပါ ။


၇ ။ နှိပ် တာ နဲ့ Format တွေ အ များ ကြီး ပေါ် လာ မှာ ပါ ext2, ext3, ext4, fat32 / fat16, f2fs, swap အဲ ဒီ
Format များ ထဲ က အ နိမ့် ဆုံး ext2 ကို တော့ ဖုန်း တော် တော် များ များ support ပေး ပါ တယ် ဒါ ပေ မယ့်
နောက် ပိုင်း huawei model မြင့် တစ် ချို့ နဲ့ ဈေး ကွက် မှာ နာ မည် သိပ် မ ထင် ရှား တဲ့ ဖုန်း အ ချို က တော့ fat
32 ပဲ support ရ ပါ တယ် huawei အ စော ပိုင်း တွေ က ထွက် ခဲ့ တဲ့ ဖုန်း တွေ က တော့ ext support ရ ပါ
တယ် ext format support လုပ် ရင် Software ရဲ့ အ ရ သာ ကို အ ပြည့် ၀ ခံ စား ရ မှာ ဖြစ် ပြီး fat32 ဆို ရင်
တော့ နည်း နည်း အ ကန့် သတ် ရှိ ပါ တယ် အဲ ဒီ က မိ မိ ဖုန်း နဲ့ ကိုက် ညီ မယ့် format တစ် ခု ရွေး လိုက် ပါ။

၈ ။ ပြီး ရင် Part2 က ပဲ 0MB ဆို တာ Click လိုက် ပါ ။

 

၉ ။ နံ ပါတ် ရိုက် ရ မယ့် Box တစ် ခု ပေါ် လာ ပါ မယ် အဲ ဒီ မှာ Internal အ တွက်
☻ 2GB စဉ်း စား ထား တယ် ဆို ရင် 2044 ရိုက် ပါ
☻ 4GB စဉ်း စား ထား ရင် 4088 ရိုက် ပါ
☻SD ကတ် သာ 4GB ပဲ ရှိ တယ် ဆို ပါ က 1GB ပဲ ရိုက် ပါ 1022 ပေါ့ ပြီး ရင် OK နှိပ်

၁၀ ။ ပြီး ရင် Part3 ကို ဆက် သွား ပါ မယ် Part1 ကို ချန် ထား ခဲ့ ပါ နောက် ဆုံး မှ လုပ် ပါ မယ် ။
☻Part3 မှ fat32 ကို ပဲ Click ပါ


၁၁ ။ Format တွေ အ များ ကြီး ပေါ် လာ ပါ မယ် swap ကို ပဲ ရွေး ပေး ပါ ။

၁၂ ။ ပြီး ရင် Part3 မှာ ပဲ 0MB ကို နှိပ် ပါ ။


၁၃ ။ နံ ပါတ် ရိုက် မယ် box တစ် ခု ပေါ် လာ ပါ မယ် 256 ဟု ရိုက် ပါ 256 ထက် မ ပို ပါ စေ နဲ့ ဒီ Part3 အ သုံး
ပြု နည်း ကို ဒီ ပိုစ့် မှာ မ ရှင်း ပြ သေး ပါ ဘူး ရှုပ် သွား ပါ မယ် သူ က Ram ကို support လုပ် တဲ့ format ဖြစ် ပါ
တယ် ဘာ အ တွက် ဒီ မှာ ခု က တည်း က လုပ် သ လဲ ဆို တော့ နောက် ဒီ ကောင် ကို လုပ် ချင် လာ ရင် ထပ်
Partition ခွဲ ရင် အ ရင်လုပ် ထား တာ တွေ အ ကုန် ပျက် သွား မှာ မို့ ပါ ။

၁၄ ။ Part2 နဲ့ Part3 ပြီး ရင် Part1 ကို ခု မှ သွား လုပ် ပါ မယ် Part1 က တော့ fat32 ပဲ ထား ရ မှာ မို့ fat32 ပဲ
ထား ပါ ပြီး ရင် 0MB ကို နိပ် ပြီး New Partition Table msdos အောက် မှ part2 နှင့် Part3 ကို လုပ် ပြိး ကျန်
သော memory ပမာဏ နံ ပါတ် ကို ရိုက် ထည့် ရ မှာ ပါ ။



၁၅ ။ တစ် ခု နဲ့ တစ် ခု မတူ ပါဘူး ဘာ ပဲ ဖြစ် ဖြစ် Total MB မှ Part2 နင့် Part3 ကို နှုတ် လို့ ရ လာ တဲ့ နံ ပါတ်
ကို ထည့် ရ မှာ ပါ ။

၁၆ ။ ပြီး ရင် အ ပေါ် ထောင့် က Menu ကို နိပ် ပြီး Apply Changes နိပ် ပါ ။


၁၇ ။ ပြီး ရင် ok ကို ထပ် နှိပ် ပါ ။

၁၈ ။ sd card ready ဆို ပြီး ပြ လာ ရင် ထပ် ပြီး ok ကို နှိပ် ပါ ။


၁၉ ။ ပြီး ရင် App ထဲ မှ ထွက် လိုက် ပါ ။

၂၀ ။ ခု Link2SD ဆို တဲ့ software ကို စ ဖွင့် လိုက် ပါ Part2 တွင် မိ မိ လုပ် ခဲ့ သော format ကို ရေး လိုက် ပါ ။


၂၁ ။ reboot ချ လိုက် ပါ ။

၂၂ ။ reboot ပြန် တက် လာ ရင် Link2SD ကို ပြန် ၀င် ပြီး Y ပုံ စံ လေး ကို နှိပ် ပါ ပြီး ရင် user ကို နိပ် ပါ ။

user applications အောက် ရောက် သွား ပါ မည် ။


၂၃ ။ Menu ကို နိပ် ပြီး multi select လုပ် လိုက် ပါ ။

၂၄ ။ အ ပေါ် က select all ကို နိပ် ပါ ။

 

၂၅ ။ Menu ကို ထပ် နိပ် ပြီး crate link ကို နိပ် ပါ ။

၂၆ ။ Link တွေ အ ကုန် အ မှန် ခြစ် ပေး ပါ ။


၂၇ ။ linked-> SDcard ဆို ရင် ထပ် တိုး ထား တဲ့ memory ထဲ ရောက် သွား ပါ ပြီ ။

၃၀ ။ Menu ကို နိပ် ပါ stroage info ဆို ပြီး ပါ ပါတယ် ၀င် လိုက် ပါ ။


၃၁ ။ sdcard 2nd part ဆို တာ ထပ် တိုး ထား တဲ့ memory ပါ ပဲ ။

၃၂ ။ cache တွေ ရှင်း ပေး တဲ့ shortcut တစ် ခု ဒါ မှ မ ဟုတ် widget မှ တ ဆင့် Desktop ပေါ် တင် ရ ပါ တယ်
ပြီး တော့ တ ခြား Tool တွေ လဲ ပါ ပါ သေး တယ် ။


From: ဘလော့ခရီးသည်

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Android Root ရှိတဲ့ ဖုန်းတွေ အတွက် Internal Memory ထပ်တိုးနည်း http://www.simon-vlog.com/2014/08/android-root-internal-memory.html#ixzz3ASVLmoZ7
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
Continue reading →

Apple ID ကို လုံခြုံရေးတိုးမြှင့်နည်း

0
Thursday, August 14, 2014


Apple ရဲ့ product တွေကို အသုံးပြုနေသူများအတွက် မရှိလို့ မဖြစ်တာ/မရတာ က Apple ID ပါ။
Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...

ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...

အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..

ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..

Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။

Apple ID ကို Two-Step Verification ခံထားနည်း

၁) ပထမဦးစွာ My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။


၂) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။


၃) ထို့နောက် Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၎) Apple မှ verification code တစ်ခုကို email ပေးပို့လာပါလိမ့်မည်။ အဆိုပါ code ကို အသုံးပြုပြီး ရှေ့ဆက်လုပ်ဆောင်ရပါမည်။

၅) verification code ကို ရိုက်သွင်းပြီးသွားတဲ့အခါမှာ Sign Up လုပ်သောအဆင့် ပြီးဆုံးသွားပါပြီ၊ အချိန်(၃)ရက်ခန့် စောင့်ရပါမည်။ ထို့နောက် Apple ကနေ email တစ်စောင် ပေးပို့ အကြောင်းကြာလာပါမည်။

၆) ထိုအခါကျမှ နောက်တစ်ကြိမ် My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။

၇) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။

၈) Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၉) မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်သွင်းပေးပါ။ Apple မှ ထိုဖုန်းနံပါတ်သို့ verification code တစ်ခု ချက်ခြင်းပေးပို့ပါလိမ့်မည်။

၁၀) ထို code number ကို ရိုက်သွင်းပေးလိုက်ပါက "Recovery Key" တစ်ခု ရရှိပါလိမ့်မည်။      (Recovery Key ကို စိတ်ချလုံခြုံသောနေရာတွင် သိမ်းထားပါ)

၁၁) Recovery Key ကို confirm လုပ်ပါ။

၁၂) box တွင် အမှန်ခြစ်ရွေးပြီးနောက် "Enable Two-Step Verification" ကို နှိပ်ပါ။


ယခုအချိန်မှစ၍ တစ်ခုခု ဝယ်ယူတော့မည် ဆိုပါက -
ပထမအဆင့် Apple ID နှင့် Password ရိုက်ထည့်ရမည်။

ဒုတိယအဆင့် Apple က သင့်ထံသို့ verification code တစ်ခု အမြဲပို့ပေးမှာဖြစ်ပြီး ထို code ကို ဖြည့်သွင်းရမည်။

တတိယအဆင့် အဖြစ် ကနဦးက သိမ်းထားနှင့်သော "Recovery Key" တို့ကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

အထက်ပါ အဆင့် သုံးဆင့်ကို ကာယကံရှင် မဟုတ်သော သူတစ်ယောက် အနေနှင့် ကျော်ဖြတ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် သင့်ရဲ့ Apple ID ဟာ အလွန် စိတ်ချရသော အနေအထားမှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား
Continue reading →

Nova Thor အကြောင်းတစေ့တစောင်း

0
Sunday, June 15, 2014




Nova Thor ဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Nova Thor ဆိုတာကတော့ မိုဘိုင်းဖုန်းတွေမှာပါဝင်တဲ့ Chipset တစ်ခုပဲဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Chipset စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ကိုတော့ အခြားဖုန်းတွေမှာ မမြင်တွေ့ရဘဲ Sony ရဲ့ Xperia Series ဖုန်းတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် Sony ကနေ ပြုလုပ်ခဲ့တာပါ။ Sony ကနေ ပြုလုပ်ခဲ့တာဆိုပေမယ့်လည်း ဒီစနစ်ကို စတင်ခဲ့တာကတော့ ဆွီဒင်ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ericsson နဲ့ STMicroelectronics ဆိုတဲ့ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တင်ဆက်ခဲ့တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ နည်းပညာပိုင်းအရ စွန့်စားမှုတီထွင်မှု တစ်ခုလည်းဖြစ်ခဲ့ပြီး ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တီထွင်ခဲ့တဲ့အပြင် ဒီစနစ်ကို စတင်ခဲ့တာကတော့ ၂၀၀၉ ဖေဖေါ်ဝါရီမှာ စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းပြီး စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ Chipset စနစ်ကိုတော့ Smart Phone တွေနဲ့ Tablet တွေအတွက် အသုံးပြုနိုင်မှုစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ Modems စနစ်တွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီ Chipset စနစ်ကို တီထွင်ခဲ့တာဟာလည်း Chipset တွေကို စတင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ Qualcomm ရဲ့ Chipset စနစ်ပေါ်မှာပဲ အခြေခံထားခဲ့တာဖြစ်ပြီး Qualcomm Chipset တွေလိုပဲ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ Chipset ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ စနစ်တွေနဲ့ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီ Chipset စနစ်ကိုတော့ Sony ရဲ့ Xperia Sola ဖုန်းမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး ဒီဖုန်းမှာတော့ နည်းပညာ အဆင့်မြှင့်တင်မှုစနစ်တွေအနေနဲ့ Floating Touch ဆိုတဲ့ Touch Screen ကို ထိစရာမလိုအပ်ဘဲနဲ့ Screen ရဲ့အပေါ်ဘက်ကနေပဲ လက်ကိုဖြတ်သန်းရုံနဲ့ Touch စနစ်တွေကို လှုပ်ရှားစေနိုင်မယ့် စနစ်တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

Credit >> Internet Journal
Continue reading →