Facebook ပေါ်တင်ထားသည့် သတင်းဓာတ်ပုံမူရင်းကို ခြေရာခံနည်း

0
Monday, September 01, 2014

အခုရက်ပိုင်းအတွင်း Facebook စာမျက်နှာတော်တော်များများ မှာ နဂါး၊ ဘီလူး စသဖြင့် ကောလဟာလတွေ တော်တော် များနေပါတယ်။ အနုပညာရှင်တွေ နဲ့ပတ်သက်လို့လည်း ဓာတ်ပုံတွေဖြတ်ညှပ်ကပ်လုပ် ခံရတာနဲ့ပတ်သက်ပြီး ဟိုးလွန်ခဲ့သော ၆နှစ်လောက်ကတည်းက ဒါမျိုးတွေ အင်တာနက်မှာ ရှိနေခဲ့တာပါ။ ယခုထိလည်း ရှိနေဆဲပါ။ သတင်းဌာနက တင်တယ်ဆိုတိုင်းလည်း မျက်စိစုံမှိတ်ယုံ လို့မရပါဘူး။ ကိုယ်တိုင်ဆန်းစစ်ပြီးမှ ယုံကြည်ကြပါ။ Facebook ပေါ်တက်လာတဲ့သတင်းဓာတ်ပုံတွေဟာ အခြေမြစ်ရှိ၊ မရှိ၊ မှန်ကန်၊ မမှန်ကန် ဆိုတာ ဘယ်လိုဆန်း စစ်ကြမလဲ။
အရမ်းကိုရိုးရှင်းပါတယ်။ သင်ကွန်ပျူတာကနေ အင်တာနက် စာမျက်နှာတွေကြည့်ရှူ တဲ့အခါမှာ Chrome Browser အသုံးပြုသူဆိုလျှင် ခြေရာခံရတာပိုလွယ်ကူပါတယ်။ အခြားသော Browser တွေကဆိုရင်လည်း http://www.google.com/imghp ကနေ ခြေရာခံနိုင်ပါတယ်။ Chrome Browser အသုံးပြုနေသူများအတွက် ယခုနည်းလမ်း အတိုင်း လုပ်ဆောင်ကြည့်ပါ။
ပုံ - (၁) ကိုကြည့်ပါ။ ရခိုင်ပြည်က ဘီလူးခေါင်းတစ်ခု ရှာတွေ့နေတဲ့ပုံပေါ်ကို Right Click နှိပ်ပါ။ Search Google for this Image ဆိုတာကို Click ပါ။
ပုံ - (၂) ကိုကြည့်ပါ။ ယခုလို မူရင်းအစစ်အမှန် သတင်းဆောင်းပါး၊ ဓာတ်ပုံတွေကို တွေ့မြင်ရပါလိမ့်မယ်။ ထပ်ပြီးသေချာအောင် အဲဒီ ဆောင်းပါးတွေရေးသား ထားတဲ့ နေ့ရက်တွေကို ကြည့်ရှူပါ။ 2013 ခုနှစ်က တင်ထားတဲ့ ဆောင်းပါးတွေဖြစ်လို့ ပိုလို့တောင် မဖြစ်နိုင်ပါ။
ဒုတိယတစ်နည်း -
ဒီနည်းလမ်းကတော့ Chrome Browser အသုံးမပြုသူများအတွက် Google Image Website - http://www.google.com/imghp ကိုတိုက်ရိုက်သွားပါ။
ပုံ - (၃) ကိုကြည့်ပါ။ ကင်မရာသင်္ကေတလေးကို Click ပါ။
ပုံ - (၁) ကိုပြန်ကြည့်ပါ။ ပုံ - (၁) မှာ Copy Image URL ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီက Copy ကူးလာတာကနေ ပုံ - (၄) မှာပြထားတဲ့အတိုင်း Right Click နှိပ်ပြီး Paste image URL မှာ Paste လုပ်ပါ။ (ဘီလူး၊ နဂါးပုံတွေ မိမိစက်ထဲမှာ ရှိတယ်ဆိုရင် Upload an image ကိုသွားပါ။) ပြီးနောက် Search by image ကို Click ပါ။ ပုံ - (၂) အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ အားလုံးပဲ သတင်းအမှား၊ အမှန် ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။
စာမူရှင် - မိုးလုံးပြည့်လျှံ
‪#‎tech_yyl‬

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com