insecure boot 1Click Tool

0
Wednesday, August 20, 2014


ခုနောက်ပိုင်းမှာ insecure boot.img ရိုက်မှပဲ root ပေါက်တဲ့
ဖုန်းတွေ build number တွေ ပေါ်ထွက်လာပါတယ်
ခဏခဏကြုံနေရတာက
insecure boot လေးလုပ်ပီးရိုက်လိုက်ဗျာ ဆိုရင်
မလုပ်တတ်လို... ဆိုတာတွေလာလာပြောကြလို.ပါ
ခု ကျနော် သုံးနေတာလေးတင်ပေးလိုက်မယ်
1 Click လေးပေါ.
sh doboot လို.ပဲ ရိုက်ပေးလိုက်ပါ
Script ကပဲလိုတာ အကုန်လုပ်ပေးသွားပါလိမ်.မယ်
ဘာတွေလိုအပ်မလဲ
၁. Android Kitchen သွင်းထားပါ
၂. WORKING_ ဖိုဒါတည်ဆောက်ထားပီး ဖြစ်နေပါစေ
၃. ကိုယ် insecure boot.img ပြောင်းချင်တဲ့ " boot.img " ကို WORKING_ ဖိုဒါထဲမှာထည်.ပါ
ခုပေးလိုက်တဲ့ဖိုင်တွေကို
C:\cygwin\home\your_username\kitchen အောက်မှာကူးထည်.လိုက်ပါ
{ ဟိုအရင်က
sh menu သို.မဟုတ် ./menu ရိုက်သလိုမျိုး
sh doboot
လို.ရိုက်ပေးလိုက်ပါ
WORKING_/bootimg ကို ဖြည်ချခြင်း insecure code သွင်းပေးခြင်း adbd binary file လဲလှည်ပေးခြင်း boot.img ပြန်ပေါင်းခြင်း စတာတွေကို အကုန် auto လုပ်သွားပါလိမ်.မယ်
-----------------------
ခုဆိုရင် insecure boot.img လေးရလာပါပီ
SP Flash Tool ကနေ အရံသင့်သွင်းရုံပါပဲ
-------------------------------------
မှတ်ချက် ၊ forum.xda မှာ မတင်လိုက်ပါနဲ့နော်
အားလုံးက copy code တွေမလို.ပါ
copy and paste လုပ်ထားတာပါ



Credit - Ko Phyo Nyi Nyi

0 comments:

sithulann@gmail.com

Home Screen တွင် App များ ပျောက်ဆုံးခြင်း

0
Wednesday, August 20, 2014

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။

အကယ်၍ ယခုလိုအဖြစ်အပျက်မျိုး မိမိဆီမှာ တွေ့ကြုံရလာတဲ့အခါ အောက်ပါအတိုင်း ရှင်းလင်းခြင်းဖြင့် သွင်းယူထားသော App တွေ ပြည်လည် ပေါ်လာမှာဖြစ်ပါတယ်..

၁) iFile ကို ဖွင့်ပါ။ (မရှိသေးပါက Cydia မှ သွင်းယူပါ)
၂) /var/mobile/Library/Caches လမ်းကြောင်းအတိုင်းသွားပြီး "com.apple.mobile.installation.plist" ကို Delete လုပ်ပါ။
၃) iPhone, iPad ကို Power button အသုံးပြု၍ Power Off လုပ်ပါ။
၎) Power ပြန်ဖွင့်၍ တက်လာသောအခါ ပုံမှန်အတိုင်း သွင်းယူထားသော App များအားလုံးကို မြင်တွေ့ရပါမည်။


အကယ်၍ မမြင်တွေ့ရသေးပါက အဆင့် (၂) အတိုင်း ပြန်သွား၍ "com.apple.mobile.installation_backup.plist" ကိုပါ Delete လုပ်ပါ။
Reboot ပြန်လုပ်သောအခါတွင် အားလုံးပုံမှန် ပြန်လည်၍ အလုပ်လုပ်ပါလိမ့်မည်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား 

0 comments:

sithulann@gmail.com

Sapphire screen နှင့် iPhone model...?

0
Wednesday, August 20, 2014


Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။


Sapphire screen တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်က $16 လောက်ရှိပြီး လက်ရှိ Gorilla Glass ရဲ့ ထုတ်လုပ်မှုစရိတ် $3 နဲ့ ယှဉ်ရင် အလွန်ဈေးမြင့်ပါတယ်။
Apple အနေနဲ့ ထုတ်လုပ်မှုစရိတ် မြင့်တာရယ်၊ ကုန်ကြမ်း ရှားပါးတာရယ်ကြောင့် Sapphire screen ပါရှိမယ့် iPhone model အတွက် သီးသန့်ဈေးနှုန်းတစ်ခု သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီထက်အရင်က ကောလဟာလ သတင်းတစ်ခုမှာတော့ Sapphire screen ကို 64GB iPhone model မှာပဲ တပ်ဆင်လိမ့်မယ်လို့ ထွက်ခဲ့ဖူးပါတယ်။ အခုနောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက၊ Sapphire screen ကို လုံလောက်အောင် စီစဉ်ပြီးမှ iPhone 6s နဲ့မှ တစ်ပါတည်း ပွဲထုတ်လိမ့်မယ်လို့လည်း ပြောဆိုနေပါတယ်။

အကြမ်းခံတဲ့ Sapphire crystal ကို iPhone 5s (ယခုမော်ဒယ်လ်)ရဲ့ Home button နဲ့ Rare Camera lens အတွက် အသုံးပြုထားပါတယ်၊ သို့သော် iPhone မျက်နှာပြင် screen တစ်ခုလုံးအတွက် ဆိုရင်တော့ ကုန်ကျစရိတ် မြင့်လွန်းပါတယ်။

Sapphire screen တွေကို ပိုပြီး အကြမ်းခံစေဖို့ မှန်အပေါ်ကို ထပ်ပြီး laminate လောင်းနိုင်မယ့် စက်အသစ် တစ်မျိုးကို GT Advanced Technologies ကုမ္ပဏီက တီထွင်နိုင်ခဲ့ပေမယ့် ဒီစက်တွေကို စတင် လည်ပါတ်နိုင်စေဖို့ ဆိုရင် နောက်ထပ် လအနည်းငယ် အချိန်ယူရပါလိမ့်ဦးမည်... 


Credit >>> မိုးသိကြား

0 comments:

sithulann@gmail.com

HTC ရဲ့ Feature တစ်ခုဖြစ်တဲ့ HTC Zoe ……For Android 4.4 and Up Devices

0
Wednesday, August 20, 2014


unnamed
HTC ရဲ့ Feature တစ်ခုဖြစ်တဲ့ HTC Zoe Beta apk လေးပါ
Android version 4.4 အထက်တွေမှာ အသုံးပြုနိုင်မှာပါ
သူကတော့ Video တွေကို Facebook , Twitter အစရှိတဲ့ Social Web တွေမှာ တခါတည်း Share ပြုလုပ်နိုင်ပါတယ်
သူရဲ့ အသုံးဝင်ပုံလေးတွေကို Play store မှာကြည့်ရှုနိုင်ပါတယ်
unnamed1 unnamed3
HTC Zoe apk  ကိုအောက်က Playstore link ရယူနိုင်ပါတယ်
OR
Credit Myanmarmobileapp

0 comments:

sithulann@gmail.com

Android OS Updates မရဘူလား? Google က ဒီနည်းလမ်းများနဲ့ သင့်ရဲ့ Android Device ကို Update လုပ်ပေးနေပါတယ်။

0
Wednesday, August 20, 2014



Android OS Updates များဟာ အရင်လိုတော့ အရေးမကြီးတော့ပါဘူး။ Android Device အများစုဟာ Operating System Update ထွက်ရှိတာနဲ့ မရရှိကြပါဘူး။ ဒါပေမယ့် Google က Android Operating System ကို နောက်ကွယ်မှာ Update ပြုလုပ်ပေးနေပါတယ်။
Device ထုတ်လုပ်သူနဲ့ Carrier များကနေ မဟုတ်ဘဲ Google က Operating System နဲ့ သူ့ရဲ့ Apps များကို သီးခြား Update ပြုလုပ်ပေးနေပါတယ်။ ဒါဟာ Android Fragmentation ပြဿနာကို ဖြေရှင်းနေတဲ့ Google ရဲ့ အစီအစဉ်ပါ။ အဲဒီအတွက် Android Device အဟောင်းတွေဟာလည်း Update များကို ပုံမှန်ရရှိနေကြပါတယ်။
Android 4.2, 4.3, 4.4 ဟာ Minor Updates များဖြစ်ပါတယ်။
--------------------------------------------------------
Android Updates များဟာ တစ်ချိန်ကတော့ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် Android 4.0 Ice Cream Sandwich ထွက်ရှိလာတဲ့ အချိန်မှာ User Interface တစ်ခုလုံးကို ပြောင်းလဲပေးလိုက်သလို စွမ်းဆောင်ရည်လည်း ကောင်းမွန်လာပါတယ်။ APIs အသစ်ကိုတောင် ထုတ်လုပ်ပေးလိုက်တာပါ။ အချို့ Apps များဟာ Android 4.0 မှာသာ အသုံးပြုလို့ရပါတယ်။ Google Chrome ဟာ Android 4.0 နဲ့ သူ့အထက်မှာသာ အလုပ်လုပ်ပါတယ်။ အဲဒီအတွက် Android 2.3 Gingerbread ကနေ Android 4.0 မတိုင်မီ အထိ ဗားရှင်းများဟာ 4.0 ကို Upgrade မလုပ်ထားရင် ဒီနေ့အထိ Chrome ကို အသုံးပြုလို့မရသေးတာပါ။ Android 4.0 နဲ့ အတူတူပဲ Android 4.1 မှာလည်း ပိုမိုကောင်းမွန်တဲ့ User Interface ကို အသုံးပြုထားပြီး ပိုမိုလျှင်မြန်လာတဲ့အတွက် အရေးကြီးပါတယ်။
Android 4.0 , Android 4.1 နောက်ပိုင်းထွက် Android Version များကတော့ အရေးသိပ်မကြီးတဲ့ Minor Updates များပါ။ Android 4.4 မှာ Memory အသုံးပြုမှုကို သိသာစွာ လျှော့ချပေးထားတဲ့အတွက် အရေးအကြီးဆုံး Update ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အရင်ထွက်ရှိတဲ့ ဗားရှင်းများကို သုံးနေသူများအတွက်လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပါတယ်။
Google Play Services Updates
---------------------------------------
Google က Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ သင့်ရဲ့ Android Device ကို Update ပြုလုပ်ပေးနေပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက Android Device တစ်ခု ထုတ်လုပ်ချင်ရင် သူတို့ရဲ့ ဖုန်းများမှာ Google Play Store နဲ့ Google Apps များထည့်သွင်းဖို့ Google နဲ့ သဘောတူညီမှု ပြုလုပ်ရပါတယ်။ သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအရ Google က ထုတ်လုပ်သူများရဲ့ Android Device များမှာ Google Play Service များကို ထည့်သွင်းဖို့ အခွင့်ရပါတယ်။ အဲဒီ Google Play Service များက သင့်ဖုန်းကို နောက်ကွယ်မှာ အလိုအလျှောက် Update ပြုလုပ်ပေးနေတာပါ။
Google က Google Play Service များကနေ Android မှာ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးနေပါတယ်။ အဲဒီ Update များကို ၂၀၁၀ က ဖြန့်ချီတဲ့ Android 2.2 Froyo နဲ့ Android 2.3 Gingerbread များမှာတောင် ရရှိကြပါတယ်။
ဥပမာ အနေနဲ့ Google က Google Play Service များကနေ Android Device ကို ခြေရာခံနိုင်တဲ့ Android Device Manager ကို Android Device အားလုံးမှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ သင့် ဖုန်းမှာ အရင်က မရှိတဲ့ Google Settings App ဟာ အလိုအလျှောက် ရောက်ရှိနေတာ သင်တွေ့ရမှာပါ။ အဲဒီ App ကနေ Android Device Manager ကို အသုံးပြုနိုင်ပါတယ်။ Google Play Store ကနေ အင်စတော လုပ်တာမဟုတ်တဲ့ App များမှာ Malware ကို စစ်ဆေးပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း ဒီနည်းအတိုင်းထည့်သွင်းပေးထားတာပါ။ အဲဒီစွမ်းဆောင်ချက်ကြောင့် ဖုန်းအဟောင်းများမှာတောင် Malware လုံခြုံစေပါတယ်။


Google က ဘက်ထရီ အသုံးပြုမှုနည်းပါးတဲ့ တည်နေရာ လမ်းညွှန်တဲ့ API အပါအ၀င် APIs အသစ်များကို Developer များအတွက် ဖြန့်ချီပေးထားပါတယ်။ နည်းလမ်းဟောင်းတွေမှာတော့ သင့်တည်နေရာကို သိနိုင်ဖို့ အတွက် GPS Hardware ကို လှုပ်နှိုးဖို့ ဆိုရင် သီးခြား App တစ်ခုလိုအပ်ပါတယ်။
ဒီလို Updates များကို ဖြန့်ချီဖို့ဆိုရင် အခြား Platform များမှာ Operating System တစ်ခုလုံးကို Update ပြုလုပ်ပေးမှသာ ရတာပါ။ ဒါပေမယ့် Google ကတော့ Android Device အားလုံးမှာ Update ပြုလုပ်ပေးနေပါတယ်။ သင့် Device မှာ Play Store ရှိနေရင် Google က Update လုပ်ပေးနေတာပါပဲ။


Official Google Apps in Google Play
-------------------------------------------
Google က Android ကနေ Apps များကို ခွဲထုတ်ပြီး Play Store မှာ သီးခြား Apps အနေနဲ့ တင်ပေးထားပါတယ်။ ဒါ့ကြောင့် Android Operating System တစ်ခုလုံးကို Update လုပ်စရာမလိုဘဲ App များကို Update လုပ်နိုင်တာပါ။ ဒါ့အပြင် ဖုန်းအဟောင်းများမှာလည်း App များကို အင်စတော လုပ်နိုင်မှာပါ။
Gmail, Google Calendar, Google Keyboard, Hangouts, Chrome, Google Maps, Drive, YouTube, Keep, Google Plus, Google Search စတဲ့ Apps များကို Google Play မှာ ပုံမှန် Update လုပ်ပေးနေပြီး ဖုန်းအဟောင်းများမှာ အင်စတော လုပ်နိုင်ပါတယ်။ Apple ရဲ့ iOS မှာတော့ Mail, Calendar, Messages, Safari တို့လို System Apps များရဲ့ Update ကို လိုချင်ရင် iOS Operating System တစ်ခုလုံးကို Update လုပ်မှရမှာပါ။ Android မှာတော့ အားလုံးကို အလိုအလျှောက် Update လုပ်ပေးနေပါတယ်။
Nexus 5 နဲ့ အတူ မိတ်ဆက်ခဲ့တဲ့ Google Now Launcher ဟာလည်း Nexus နဲ့ Google Play Edition များမှာသာ ရရှိနေရာကနေ အခုဆိုရင် Android 4.1 နဲ့ သူ့အထက်မှာ သုံးနိုင်ပါပြီ။



Operating System Updates လိုအပ်နေသေးတဲ့ အရာများ
---------------------------------------------------
အချို့ အရာတွေက Operating System တစ်ခုလုံးကို Update ပြုလုပ်မှရမှာပါ။ Multiple User Accounts , Memory လျှော့ချမှုနဲ့ Bluetooth 4.0 လို Hardware စံနှုန်း အသစ်များကို ထောက်ပံ့ပေးဖို့တို့လို Operating System အဆင့် စွမ်းဆောင်ချက်များကိုတော့ နောက်ကွယ်ကနေ Update လုပ်ပေးလို့မရပါဘူး။ သူတို့ကို ရရှိဖို့အတွက် ပင်မ Operating System အသစ်လိုအပ်ပါတယ်။
ဒါပေမယ့်လည်း Operating System အသစ်များဟာ တစ်ဖြည်းဖြည်း အရေးမကြီးတော့ပါဘူး။ Google က စွမ်းဆောင်ချက်အသစ်များကို Play Service နဲ့ App Updates များကနေ တတ်နိုင်သလောက် Update လုပ်ပေးနေလို့ပါပဲ။ Google က Android Operating System ကနေ Apps များကို တစ်ဖြည်းဖြည်းခွဲထုတ်နေတဲ့အတွက် Device တိုင်းဟာ Google Play Store ကနေ Update လုပ်နိုင်မှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ Android Operating System များဟာ တစ်ဖြည်းဖြည်း အရေးမပါတော့ပါဘူး။ သင့်မှာ Android 4.1 ဒါမှမဟုတ် 4.2 ရှိနေပြီဆိုရင် နောက်ဆုံးထုတ် စွမ်းဆောင်ချက်များပါတဲ့ Android ဖုန်းတစ်လုံး ရှိနေတာပါပဲ။ Google က နောက်ဆုံးထုတ် APIs ကို ဖြန့်ချီပေးနေတဲ့အတွက် သင်ဟာ နောက်ဆုံးထွက် Apps များကို အသုံးပြုနိုင်မှာပါ။ Operating System များရဲ့ ဗားရှင်းနံပါတ်များဟာ အရေးမကြီးတော့ပါဘူး။ Android Fragmentation ပြဿနာကို တစ်ဖြည်းဖြည်းချင်း ဖြေရှင်းပေးနေပါတယ်။
ဒါဟာ Developer များအတွက်ရော User များအတွက်ပါ Android Fragmentation ကို တိုက်ခိုက်ဖို့ Google ရဲ့ စီမံကိန်းပါ။ Developer များက Android Device အားလုံးမှာ တူညီတဲ့ APIs ကို သုံးနိုင်မှာ ဖြစ်သလို User များအနေနဲ့လည်း စွမ်းဆောင်ချက်များနဲ့ Apps အသစ်များကို ထိတွေ့ခံစားနိုင်မှာပါ။ Google ရဲ့ စီမံကိန်းက အလုပ်ကောင်းကောင်း ဖြစ်နေပါတယ်။
Credit Myanmar Digital Life 

0 comments:

sithulann@gmail.com

Blue screens of death ပြဿနာများ ဖြစ်ပွားခြင်းကြောင့် Windows 8.1 update များကို uninstall လုပ်ရန် Microsoft အကြံပြု

0
Wednesday, August 20, 2014


လွန်ခဲ့သည့် ရက်သတ္တပတ်က Windows 8.1 patch ကို download ပြုလုပ်ပြီး အသုံးပြုသူများသည် blue screens of death နှင့် restart ထပ်ခါတလဲလဲ ဖြစ်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် Windows Update မှ patch များကို uninstall ပြုလုပ်ရန် Microsoft မှ အကြံပြုခဲ့သည်။
အဆိုပါ ပြဿနာများသည် patch လေးခုနှင့် သက်ဆိုင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။ ၎င်း patch များသည် system ကို တည်ငြိမ်မှု မရှိစေဘဲ ကွန်ပျူတာရှိ မည်သည့် font များတွင်မဆို ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ဆိုသည်။
Microsoft ၏ အဆိုအရ %windir%\fonts\ မှလွဲ၍ အခြားမည်သည့် နေရာတွင်မဆို install လုပ်ထားသည့် font များကို ပြောင်းလဲနိုင်ခြင်း မရှိကြောင်း၊ ပြောင်းလဲရန် ကြိုးပမ်းသည့်အခါ “File in use” error message နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။
ပြဿနာများ ဖြစ်ပွားစေသည့် patch လေးခုမှာ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် 2982791 MS14-045, 2970228 Update, 2975719 August 2014 update နှင့် 2975331 August 2014 update တို့ဖြစ်သည်။
အကယ်၍ အဆိုပါ patch များကို Windows 8.1 တွင် install လုပ်ခဲ့ပါက Programs > Programs and Features သို့သွားပြီး ၎င်း Programs and Features ၏ ဘယ်ဘက်ခြမ်းတွင် View installed updates ကိုနှိပ်ကာ install လုပ်ထားသည့် update များကို ကြည့်ရှုနိုင်သည်။



အဆိုပါ update များကို uninstall ပြုလုပ်ရန်အတွက် ၎င်းတို့ကို click နှိပ်ပြီး uninstall ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Ref: DigitalTrends


Credit Internet Journal

0 comments:

sithulann@gmail.com

Modern Combat 5: Blackout v1.0.1c APK

0
Wednesday, August 20, 2014


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
--------------------------------------------------------
မသိတဲ့သူမရှိလောက်ပါဘူးနော် ။ ပစ်ချင်ခတ်ချင်တဲ့ ဘော်ဘော်တွေ အတွက်
ရုပ်ထွက်ကလဲမိုက် ၊ လက်နက်တွေကလဲ စုံစုံလင်လင် နဲ့ ကစားရမှာပါ ။
July 30 ရက်နေ့ပမှထွက်ရှိထားတဲ့ New Update ပါ ။
ဒီဂိမ်းကို Google Play Store  မှာဆို  $6.99 တောင်ပေးဝယ်ရမှာပါ ။
ဂိမ်းအကြောင်း အသေးစိတ်ကို  ဒီမှာ လေ့လာနိုင်ပါတယ် ။
အရေးကြီးတာကတော့ ဒီဂိမ်းကိုဆော့မယ်ဆိုရင် Internet Connection လိုအပ်ပါတယ် ။
Android  4.0  နဲ့ အထက်မှာ ဆော့ကစားနိုင်ပါတယ် ။
1  2
3  5


Direct Download Link
Sharing Aung Tay Zar Phyo 
(Myanmar Mobile App)

0 comments:

sithulann@gmail.com

Microsoft office ProPlus 2013 (Eng/x86/Aug2014) With KMS Activator Full Version

0
Wednesday, August 20, 2014
Microsoft   office    2013  Professional Plus is the new version of the    microsoft     office   package , also known as   office   15 . Announcements for  Word, PowerPoint, Excel , Outlook, and many OneNotesono , especially  relating to the way in which files are accessed . First, there is the  new Modern UI interface (formerly Metro) . Window display in series (  Ribbon) which was introduced in   office   2007 , it remains , and the  program supports touch functions , to be used in even better on tablets  running Windows OS . The integration with SkyDrive is big news , which  follows a path already taken by Apache OpenOffice.orgda Google Drive,  and Apple iCloud.
All of the applications in   microsoft     office    2013  Professional Plus are  in fact intertwined issues with the cloud from   microsoft   ( but also with  Skype and Bing) , and access to services by ID ensures perfect  synchronization between the different devices you use.
With   microsoft     office    2013  you can also edit the PDF, and Word and  PowerPoint offer a read-only mode that transforms ********s into real  ebook browsable with a touch of your finger.
Not only in   microsoft     office    2013  , Powerpoint also manages multiple screens and offers a very useful dynamic zoom .
Excel is instead added to a method of filling intelligent , called Flash  Fill, which fills the cells automatically , without the use of formulas  .
The suite runs perfectly on Windows 7 and Windows 8, both 32 and 64 bit , it will not work on XP and Vista.
Office  2013  is more ” cloud-based ” than previous versions . For example, SkyDrive is the default save location
Added Feature :
Microsoft Office 2013 Professional Plus

Microsoft Access
Microsoft Excel
Microsoft InfoPath
Microsoft Lync
Microsoft OneNote
Microsoft Outlook
Microsoft PowerPoint
Microsoft Publisher
Microsoft SkyDrive Pro
Microsoft Visio Viewer
Microsoft Word
Office Shared Features
Office Tools

Microsoft Office 2013 Standard
Microsoft Excel
Microsoft OneNote
Microsoft Outlook
Microsoft PowerPoint
Microsoft Publisher
Microsoft SkyDrive Pro
Microsoft Word
Microsoft Visio Professional 2013
Microsoft Visio Standard 2013
Microsoft Proect Professional 2013
Microsoft Proect Standard 2013
Microsoft SharePoint Designer 2013
Microsoft Access 2013
Microsoft Excel 2013
Microsoft InfoPath 2013
Microsoft Lync 2013
Microsoft OneNote 2013
Microsoft Outlook 2013
Microsoft PowerPoint 2013
Microsoft Publisher 2013
Microsoft Word 2013
 
 
 
 
 
 
 
 
 
 

 
 
Credit >>> ဇူးနစ်

0 comments:

sithulann@gmail.com

Wondershare AllMyTube 4.2.0.1 + With Crack

0
Wednesday, August 20, 2014

အင်တာနက်ပေါ်မှ YouTube အပါအဝင် ဗီဒီယို၊ရုပ်ရှင်များကို တိုက်ရိုက် Search,Download
and Convert လုပ်နိုင်တဲ့ Video Downloader ဆော့ဝဲကောင်းလေးတခုပါ။ ဗွီဒီယိုဆိုဒ်ပေါင်း
တစ်ရာကျော်ကနေ ဗွီဒီယိုများကိုရှာဖွေဒေါင်းလုပ်ယူနိုင်ပါတယ်။



Installation Pictures.....






 
 
OR
 
 
 
 
Credit >>> ဇူးနစ်

0 comments:

sithulann@gmail.com

MRTV Channel အပြင် MITV Channel, Hluttaw Channel နှင့် NRC Channel (Android)

0
Wednesday, August 20, 2014


 
MRTV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို Online မှတစ်ဆင့် (Live Streaming) တိုက်ရိုက်ကြည့်ရှုလိုသူများ အောက်ပါ Link များမှ ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည် -
http://www.mrtv.gov.mm/
http://www.mrtv.gov.mm/zg/
https://www.facebook.com/mrtvwebmediaportal/app_142371818162
https://new.livestream.com/accounts/4723117/events/2253791
Android Mobile များမှ တစ်ဆင့် (Live Streaming) တိုက်ရိုက်ကြည့်ရှုလိုသူများ အောက်ပါ Link များမှ App ကို Download ယူ၍ Install ပြုလုပ်ကာ ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ၄င်း App တွင် MRTV Channel အပြင် MITV Channel, Hluttaw Channel နှင့် NRC Channel များပါ ပါဝင်ပါသည်-
https://www.dropbox.com/s/z4s1cp9uvqb15np/MRTVChannels.apk
http://www.mediafire.com/download/d5ic7muwxnjiec8/MRTVChannels.apk
http://www.solidfiles.com/d/7248dad455/
https://play.google.com/store/apps/details?id=com.mrtvseagame.tv&hl=en
 
 
Credit >> Than Toe Aung

0 comments:

sithulann@gmail.com

iTune app store ရဲ့ နံပါတ်(၁) နေရာမှာရှိနေတဲ့ Tom Hanks ရဲ့ Typewriter App

0
Wednesday, August 20, 2014


Tom Hank က လူကြိုက်အများဆုံး Ipad app ကို သူ့ရဲ့အောင်မြင်မှုစာရင်းမှာ မှတ်တမ်းဝင်အောင် ဖန်တီးနိုင်ခဲ့ပါပြီ။ အော်စကာဆုရ ရုပ်ရှင်မင်းသားရဲ့ Hanx Writer app ဟာ iPad အတွက်ပြုလုပ်ထားတဲ့ iTune app store မှာ နံပါတ်(၁) နေရာ ရရှိသွားပါတယ်။
သြဂုတ်လ(၁၄) ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့ Hanx Writer ရဲ့ အသွင်သဏ္ဍာန်နဲ့ လက်ဖြင့်တို့ထိ မျက်နှာပြင်ဟာ ရှေးဟောင်းလက်နှိပ်ပုံစက်တွေနဲ့ တစ်ပုံစံတည်းဖြစ်ပြီး စာကြောင်းတစ်ကြောင်း ရိုက်ပြီးတိုင်း ခေါင်းလောင်းသံလေးနဲ့ အဆုံးသတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်နှိပ်စက်တွေနဲ့ မတူတာက ဒီဗားရှင်းမှာ အလွယ်တကူပြန်ဖျက်လို့ ရတဲ့ ( delete key) တစ်ခုဝင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ စိတ်ကြိုက် အရောင်၊ စာသားနဲ့ ပုံစံ အမျိုးမျိုးနဲ့ ဝယ်ယူလို့ ရနိုင်တယ်ဆိုပေမယ့် ဒီ app ကိုတော့ အခမဲ့အဖြစ်လည်း ရယူနိုင်ပါတယ်။
App ရဲ့ ပထမဆုံး မျက်နှာပြင် welcome screen မှာHanks က “လက်နှိပ်စက်တစ်လုံးကို ထိတွေ့ကိုင်တွယ်ရတာနဲ့ နှိပ်လိုက်ရင်ထွက်လာတဲ့ အသံကို ကြားရတာဟာ ဘာနဲ့မှမတူအောင် စိတ်ကျေနပ်မှုရစေတာကြောင့် စာလုံးတွေကို မလိုအပ်တာထက် ပိုရိုက်နိုပ်မိတာ၊ မှားယွင်းတဲ့ စကားလုံး၊ စကားစုတွေနဲ့ စာလုံးသတ်ပုံအမှားတွေ ဂရုမစိုက်မိပဲ စာရိုက်မိတာ  အခုချိန်ထိပါပဲ" လို့ ဆိုပြီး သူလက်နှိပ်စက်တွေကို စုဆောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး ဘယ်လိုဖြစ်လာခဲ့တဲ့အကြောင်း ရှင်းပြသွားပါတယ်။
Source: TIME

0 comments:

sithulann@gmail.com

InstaFace:face eyes morph အကောင်နဲ့လူမျက်နှာတွဲ APK

0
Tuesday, August 19, 2014


အောက်ပါပြထားတဲ့ပုံများလို လူမျက်နှာကို effect များလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်





  Credit >>> Zealot

0 comments:

sithulann@gmail.com

Facebook messenger for android

0
Tuesday, August 19, 2014


Facebook messenger for android နောက်ဆုံးဗားရှင်းပါ 






Download >>> http://adf.ly/rFxER
 
Credit >>> Dices Man

0 comments:

sithulann@gmail.com

Original ပါသော App: များကိုဖယ်ထုတ်ပေးမယ့် - System App Safe Remover v3.2.1011 Apk

0
Monday, August 18, 2014


Version 3.2.1011နဲ့ ထွက်လာပြီး လုပ်ဆောင်ချက်တွေကလဲ ထပ်တိုးလာပါတယ်။ Samsung တွေမှာ application တွေကို SD cardထဲပြောင်းလို့မရတာကို ဒီကောင်လေးက ဖြေရှင်းနိုင်ပါပြီ။
Move to SD card/Move to Phone ဆိုတဲ့ Systemပါ ပါ ရှိလာပါတယ်။

Original Application တွေကို Error ကင်းကင်းနဲ့ အလွယ်တကူဖျက်နိုင်တဲ့ Application လေးပါ ။ ဒီ App: လေး ကိုအသုံးပြုနိုင်ရန် သင့်ဖုန်းမှာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် သင့်ဖုန်းပာာ Root ဖောက်ပြီး သားဖြစ်ရပါမယ်။တစ်ချို့က ကိုယ့်ဖုန်းမှာပါတဲ့ Original Application တွေကိုဖျက်ချင်ကြပါတယ်။

ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့ Application တွေ ပါလာတက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့ကမမြင်ချင်ကြဘူး။ တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေအသားလွတ်ယူနေတာကြောင့် ဖျက်ချင်ကြတယ်။ အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer Application တွေနဲ့ ဖျက်တက်ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကိုပြန်ထည့်ချင်တဲ့အခါအခက်အခဲတွေ့ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Resetချလို့မရရင်Firmware ပြန်တင်ကြနဲ့အလုပ်တော်တော် ရှုပ်ကြရပါတယ်။ အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်တဲ့အပြင် ဖျက်ပြီးသား Application တွေကို ပြန်လိုချင်ရင်လဲ Restore ပြန်လုပ်လို့ရအောင် ဒီ Application ထဲမှာRecycleBinအနေနဲ့ပါလာတာကိုလဲတွေ့ရပါတယ်။ဒီတော့ အဆင်ပြေတာပေါ့ဗျာ။

Credit to ==> Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

   

 
Credit >> Aung Kyaw Thu 

0 comments:

sithulann@gmail.com

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း

0
Monday, August 18, 2014


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

 http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
 ref  : http://beyondlove18.blogspot.com/

0 comments:

sithulann@gmail.com

Network မှ တစ်ဆင့် ကွန်ပျူတာ မှာ window တင်နည်း

0
Monday, August 18, 2014


 






Client Computer တွေသို့  Network ပေါ်ကတဆင့် Windows OS Installation လုပ်တဲ့ပုံစံကို မိတ်ဆွေများ အင်းမသိသေးသူများပေါ့လေ သိရလေအောင် Remote Installation Services အကြောင်းကို ပြောပေးပါမယ် 

RIS Requirements 

* Windows 2003 or 2000 Server 
* Remote Installation Services Component 
* Windows XP Professional CD 
* Active Directory 
* DHCP 
* PXE Client တို့ ဖြစ်ကြပါသည်။
အထက်က လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင်တော့ RIS လုပ်ငန်း စတင်လို့ ရပါပြီ။ 

Windows Server 2003 or 2000 တွင်ပြုလုပ်ရန်။ 

ပထမဦးဆုံး Remote Installation Services ဆိုတဲ့ Windows Component တစ်ခုကို ထည့်သွင်းပေးရပါမယ် ဒီလို ထည့်သွင်းလို့ ရဖို့ အတွက် Server 2003 CD or Server 2000CD ခွေကို ကြိုထည့် ထားဖို့ လိုအပ်ပါသည်။လုပ်တဲ့ ပုံစံကတော့  - Start>>>Control Panel>>>Add or Remove Programs အဲဒီထဲကမှ Add/Remove Windows Components ကိုရွေးပါ။ Windows Components Wizard Box လာပါမယ်
Your browser may not support display of this image.  အဲဒီထဲကမှ Remote Installation Services ကိုအမှန်ခြစ်ပေးပါ။ Next ကိုနှိပ်ပါ။ Remote Installation Services ကို Install လုပ်ပေးနေလိမ့်မယ် ပြီးရင် Complete Wizard Box ကျလာပါမည်။ Finish မှာနှိပ်ပါ။ ဒါဆိုလျှင် Remote Installation Services ကို Install လုပ်တာ ပြီးဆုံးသွားပါပြီ။ 

ကျွန်တော့်တို့ အခု server 2003 မှာ Remote Installation Services component ကို ထည့်သွင်းပြီးပြီဖြစ်သဖြင့် RIS လုပ်ငန်းကို စတင်လို့ ရပါပြီ။ စတင်အသုံးပြုပုံကတော့ - Start>>>run box ထဲမှာ risetup ရိုက်ပြီး Enter ခေါက်ပါ။ RIS Setup Wizard box ကျလာပါမယ်
Your browser may not support display of this image. RIS Welcome Screen တွင် RIS installation အပိုင်းပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။ ပြီးလျှင် Next မှာနှိပ်ပါ။ 
Your browser may not support display of this image.

ဒီအဆင့်လေးကတော့ ကိုယ့် server ၏ C: Drive မဟုတ်တဲ့။ တခြား Drive letter D:, E:, စသည့်အပိုင်းတွင် Remoteinstall နှင့်ပတ်သက်သော လုပ်ငန်းစဉ်များ သိမ်းဖို့ အတွက်နေရာ သတ်မှတ်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။ ထိုသို့ သတ်မှတ်ချင်ပါက Browse တွင်နှိပ်၍သတ်မှတ်နိုင်ပါသည်။ Next မှာနှိပ်ပါ။

Your browser may not support display of this image.

ဒီအဆင့်ကတော့ အခုဖန်တီးထားတဲ့ RIS ကို Client သို့ ချက်ခြင်းထောက်ပံမှု ပေးမည်၊ မပေးမည်ကို ရွေးချယ်သည့်အပိုင်းပါ။ Next မှာနှိပ်ပါ။ 
Your browser may not support display of this image.

ဒီအဆင့်ကတော့ Client မှာ အသုံးပြုမည့် Windows ခွေရဲ့ လမ်းကြောင်းကို ရွေးခိုင်းတာပါ။ အဓိက ကတော့ Windows CD ထဲက i386 folder ကို Copy ကူးယူသွားတာပါ။ win xp CD ရှိတဲ့လမ်းကြောင်းကို ပေးပြီးပြီဆိုလျှင် Next မှာ နှိပ်ပါ။ 
Your browser may not support display of this image.

ဒါကတော့ ကိုယ်ဖန်တီးလိုက်တဲ့ Image အတွက်နာမည်လေးပေးလိုက်တာပါ။ Next မှာနှိပ်ပါ။ 
Your browser may not support display of this image.

ဒီအဆင့်ကတော့ windows image ၏ Descripiton Name ပေးတဲ့နေရာပါ။ Next မှာနှိပ်ပါ။ 
Your browser may not support display of this image.

ဒီအဆင့်ကတော့နောက်ဆုံး ပြီးဆုံးသွားတဲ့အဆင့်ပါ။ Finish မှာနှိပ်ပါ

Your browser may not support display of this image.

ဒါကတော့ရှေ့ မှာချခဲ့တဲ့ settings အတိုင်း Install လုပ်နေတာပါ။ 
Your browser may not support display of this image.

အခုဆိုရင်တော့ ကျွန်တော်တို့ ၏ Remote Installation Services Setup Wizard ကနေ လိုအပ်တာလေးတွေကို remoteinstall folder ဖွဲ့ ပြီး ဖန်တီးခြင်းအဆင့်ပြီးဆုံးလို့ သွားပါပြီ။ Done မှာနှိပ်လိုက်ပါ။





အဆင်ပြေပါစေ.........................
Credit >>>> Min Oke Kar (ဘီလူးကျွန်းသားလေး)

0 comments:

sithulann@gmail.com

မြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Facebook Account ဖွင့်နည်း

0
Monday, August 18, 2014


 Facebook Account အသစ်ဖွင့်နည်းလေးကိုမသိသေးတဲ့သူမျာအတွက်ပြန်မျှဝေပေးလိုက်ပါတယ်
ဖုန်းနံပါတ်တောင်းရင်လဲမြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Verify လုပ်လို့ရပါပြီး။

ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။

Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search


Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။

ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်

Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။

Country မှာ USA လို့ပြရင်ရပါပြီ။

Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။

www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။

မှတ်ချက်

Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။

Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။

မသိသေးသူများကို မျှဝေပေးပါ။
Credit>>> Chan Nyein

0 comments:

sithulann@gmail.com

Windows 9 Professional PreActivated (Eng/x64/Single Link) May 2014 (5.11 GB)

0
Monday, August 18, 2014


Windows 9 Professional PreActivated
 
ဒါကိုတော့ ကို ဇော်မင်းသန်း ဆီက မလာတာပါ..
မကြာသေးမှီကမှ အသစ်ထွက်လာတဲ့ Windows 9 Professional PreActivated ကို တင်ပေးလိုက်ပါတယ်။ အသစ်တွေကိုမှ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် တကယ်ကို အကြိုက်တွေ့စေမှာပါ။ အခု အသစ်ထွက်ထားတဲ့ Window 9 က အရင် က Window 8.1 ထက် ပိုပြီး ဒီဇိုင်းလန်းပါတယ်။ ကျနော်လည်း သေခြာတော့ မသုံးကြည့်ရသေးပါဘူး။ အခုမှ ဒေါင်းပြီး သုံးစမ်းကြည့်မလို့ပဲ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ လည်း ဒေါင်းနိုင်အောင်လို့ မူရင်းမှ ပြန်လည် တင်ပေးလိုက်ပါတယ်။

ပါဝင်တဲ့ဆော့ဝဲတွေကတော့>>>>>

    Bit Torrent 7.8.2 Build 30417
    CCleaner Professional 4.08.4428
    CPU-Z 1.68
    Adobe Flash Player ActiveX 12
    Aimp Player 3.55
    Adobe Reader 11.4
    Adobe Flash Player 12.0.235
    Autorun Virus Remover v3.3
    Boot Screen Win9 By DiLshad Sys
    Firefox 28 Final
    Glary Utilities 4
    DirectX32
    FileZilla FileZilla 3.8.0
    Notepad++ 6.5
    Skype 6.11.0.102
    GOM Player 2.2.57.5189
    Hotspot Shield 3.37
    Internet Explorer 11 Final X64
    Internet Download Manager 6.12 Final
    .NET Framework Version AIO
    K-Lite Codec Pack 10.15 (Full)
    Ultra ISO 9.8.1
    USB Disk Security 6.2.0.432
    Team Viewer 9
    USB Safely Remove 5.2 Final
    VLC Media Player 2.1.3
    Visual C++ 2008 SP1 Redis
    Microsoft Silverlight 5.1.10411.0 Final x64
    Java Runtime Environment 1.7.0.45
    Visual C++ 2005 Redis
    Visual C++ 2005 SP1_Redis
    Winrar 5.0
    Visual C++ 2010 Redis
    Visual C++ 2012 Redis
    Visual C++ 2008 Redis

Themes included in windows 9

    12 New Themes

Whats' New in this version??

    Disable Tool Tips
    Disable Autorun Drive
    Disable UAC
    Disable Hibernate
    Don't mark new applications
    On Right Click Freeware Sys
    Copy to Move to on right click
    Boot Win 9 Edition
    Advanced user accounting
    New Eye catching themes
    Hang time ratio improved
    Clear type view
    New icon sets
    New Sound schemes
    New Registry settings
    Added best shortcut styles
    Improved application interface
    Add desktop icon settings
    Enable AVALON effects
    Added RUN on start menu
    Add change theme
    Add change wallpaper
    Enable Clear Type Tuning
    Enable DVD in media player
    Enable Glass Effect(WDM) without graphics card
    Enable MP3 Encoding on right click
    Enable slow motion windows effects
    Enable status bar in notepad
    Get rid of windows mail splash
    Give your self permission to modify all
    Grant full admin control
    DiLshad Sys Site direct link from right click (Firefox needed)
    Removed Action center Icon
    Windows speed tweaking
    Wait to kill service - 2000
    Low level hooks time out - 1000
    Hang application time out - 1000
    Menu show delay - 0
    No low disk space warning
    Process Schedule 1st Program
    Mouse Speed Increased
    Hang Ratio Decreased
    Fast Shut Down And Login
    Down Power After Shut Down
    Touch Screen Feature Added
    Grant Admin control on Right Click
    Add Admin Tools on Desktop Context Menu
    Add manage on Desktop Context Menu
    Add Move to Folder on Desktop Context Menu
    small Taskbar Icon
    Removed mail Splash
    Detailed Shut Down And Login
    Blocked Negative DNS Entery
    turn Off System Beep
    Turn off low Disk
    Add Copy To Folder on Desktop Context Menu
    Add Task Manager on Desktop Context Menu
    Add Take Ownship on Desktop Context Menu
    Add Register and Unregister to .dll OCX Context Menu
    500ms Delay Aero
    Larger Taskbar Previews
    Removed Action center icon

စိတ်ဝင်စားရင်တော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကတော့ 5.11GB ရှိပါတယ်။ ဒေါင်းပြီး  Prower Iso နဲ့ USB သို့မဟုတ် DVD ထဲသို့ Bootable လုပ်ပြီး အသုံးပြုနိုင်ပါပြီ။

Download Windows 9 Pro 2014 PreActivated
  •  Size : 5.1 Gb
  •  Version : Professional
  •  Languange : English
  •  Medicine : Include - PreActivated
  •  OS Support : Win 9 x64 Bit
  •  Type File : Rar/ISO
  •  Code File : 9pro.may2014
  •  Password : No 
  •  Updated : 6 May 2014
  •  Publisher : Microsoft/MOD
 
အောက်မှာ Screenshot နဲနဲကြည့်သွားလိုက်ပါဗျာ။ လန်းချက် 9+++
အားလုံးအဆင်ပြေပါစေ.......။
ေ             Credit >>>ကို ဇော်မင်းသန်း

0 comments:

sithulann@gmail.com

edjing DJ Mix Premium Edition for iPhone and iPad

0
Monday, August 18, 2014



 ပွတ်......ပွတ်ကြ..မယ်ဟေ့.......အဟိ....DJ ဝါသနာရှင်  ဘော်ဘော် တို.အတွက်ပြန်ရှယ်ပေးလိုက်ပါတယ်....edjing DJ Mix Premium Edition ကို   iPhone နှင့် iPad တို.တွင် ပွတ်လို.ရပါတယ် ခင်ည။edjing DJ Mix Premium Edition  for iPhone and iPad ကို $5.99 ဖြင်.ရောင်းထားသော်လည်း အောက်ကလင်.တွင် Free ၇ယူပါ...



iPhone Screenshot 1





http://adf.ly/qedSd





ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။

0 comments:

sithulann@gmail.com

အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားမယ်

0
Monday, August 18, 2014



အရေးကြီးသော Video/Photo တွေကို သေ.ခတ်သိမ်းထားချင်သော iOS User တွေအတွက် ပြန်ရှယ်ပေးလိုက်ပါတယ် ခင်ည......ငိငိငိငိငိ ....ဘော်ဘော်တို. ဘာတွေသိမ်းမယ်ဆို.တာကို အနော် သိနေသလို.ပဲး......iMedia Pro -ကို $4.99 နဲ.ရောင်းထားသဗျ။
ကဲးကဲး လိုချင်ရင်တော.အောက်ကလင်.တွင် Free ဒေါင်းပါ ခင်ည.....



iPhone Screenshot 2
iPhone Screenshot 1


http://d-h.st/zoa

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်။ Download လုပ်နည်း။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ။ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။


0 comments:

sithulann@gmail.com