Showing posts with label Network. Show all posts

Network အကြောင်း သိကောင်းစရာ

0
Saturday, June 14, 2014



တစ်ကိုယ်ရည်သုံးကွန်ပျူတာများတွင်Word Processing, Spreadsheets, Graphics နှင့် အခြားသော သတင်းအချက်အလက်များကို လိုသလိုဆောင် ရွက်နိုင်သော်လည်း Data များ လျှင်မြန်စွာ မျှဝေသုံးစွဲနိုင်မှု မရှိပေ။ ကွန်ယက် (Network) ချိတ်ဆက်ထားခြင်း မရှိပါက  Hard Copy အဖြစ် Print Out ထုတ်ပြီး သုံးစွဲခြင်း၊ တည်းဖြတ်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်။ အကောင်းဆုံးမှာ Floppy Disks များတွင် မိတ္တူကူး ယူပြီး ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက်နေခြင်းအား Stand-alone envioronment   (သို့မဟုတ်) Sneaker Network ဟုခေါ်သည်။
Download Here
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)


Post By Zuu
Continue reading →

ကိုယ်တိုင်လက်တွေ့ Network ချိတ်နည်း

0
Tuesday, May 13, 2014










အခြေခံ Network ချိတ်နည်းလေးပါ။
ဒီနည်းလမ်းလေး သိရုံလောက်နဲ့ ကိုယ်တိုင် ချိတ်ဆက်လို့ ရပါပြီ။ အရင်ဆုံး Network
မချိတ်ဆက်ခင် ကြိုးကိုက်တာ သိဖို့ လိုပါတယ် နှစ်မျိုးရှိပါတယ် ကွန်ပျူတာ 2 လုံးပဲ ချိတ်
မှာလား အများကြီး ချိတ်မှာလား ဆိုတာတော့ ရွေးချယ်ပီး ကြိုးကိုက်ပါ။

ကြိုးကိုက်နည်း ဆိုတာထက် ကြိုးအရောင် အလိုက်ခေါင်းမှာ တပ်ဆင်ရမဲ့ကိစ္စပါ လုပ်စ
ရှိတဲ့သူ ဆိုရင်တော့ တစ်ခါထဲ အဆင်ပြေပါတယ်၊ လုံးဝကို မလုပ်တတ်တဲ့ သူကိုတော့
စာနဲ့ အသေးစိပ် ရေးပြ ရတာ ခက်လို့ ကြိုးနဲ့ ခေါင်းနဲ့ ၀ယ်ရင်း အဲဒီ ဆိုင်မှာပဲ လုပ်ခိုင်း
လိုက်ပါ။

ကြိုးအဆင်ပြေ မပြေကိုတော့ စမ်းသပ်တဲ့ ကိရိယာ ရှိပါတယ် အဲဒါနဲ့ စမ်းသပ်ပါ။

နောက်ပီး မိမိစက်မှာ Network port မပါရင် Network card လို ပါမယ် အားလုံးပြည့်
စုံပြီဆိုရင်အောက်ကပုံကိုကြည့်ပါ


Window key + Pause Break (သို့) My computer ကို Right-click လုပ်ပြီး Computer
name tab ကိုနိုပ်ပါ။ ပြီးရင် Change ကိုနိုပ်ပါ အဲဒီမှာ Computer name က ကျန်တဲ့ စက်
တွေနဲ့ မတူအောင်ထားပြီး Workgroup name ကတော့အားလုံးတူရပါမယ်၊

ကိုယ်ချိတ်မဲ့ စက်တွေ အားလုံး အဲဒါလေးတွေ ပြင်ဆင်လိုက်ပါ ကွန်ပျူတာနှစ်လုံးထဲချိတ်မယ်
ဆိုရင်တော့ Switch မလိုပါဘူး တစ်လုံးနဲ့ တစ်လုံးကိုချိတ်ဆက်ဖို့ ကြိုးပဲလိုပါတယ် 2 လုံးနှင့်
အထက်ချိတ်မယ် ဆိုရင်တော့ Switch လိုပါမယ် အားလုံးပီးပြည့်စုံလို့ ချိတ်ဆက်တော့ မယ်
ဆိုရင် ..

1 ကွန်ပျူတာတွေ အားလုံး ကြိုးတွေ ထိုးပါ

2 ကွန်ပျူတာမှ နက်ဝက်ကြိုး အားလုံးနှင့် Switch မှာ ချိတ်ဆက်ပါ

3 Run box မှာ ncpa.cpl ရိုက်ထည့်ပြီး Enter နိုပ်ပါ အဲမှာ Local area connection ဆို
တာတွေ့ပါမယ် အဲဒါက ကိုယ့်ရဲ့စက်မှာ Network card တစ်ခု ရှိရင် တစ်ခုပေါ်မယ် နှစ်ခု
ရှိရင် နှစ်ခု ပေါ်ပါမယ် သိပ်အရေး မကြီးပါဘူး ကိုယ်သုံးမယ့် ကဒ်ကို Right-click နိုပ်ပြီး
Properties ကို ၀င်ပါ ပြီးရင် အောက်က ပုံကိုကြည့်ပါ



4 ပီးရင်internet protocol (TCP/IP) ကိုရွေးပါ အောက်မှာ properties ကိုနိုပ်ပါ

5 use the following ip address: ကိုရွေးပီး ip သတ်မှတ်ပေး ရပါမယ် စက်တစ်လုံးက
192.168.1.1 ဆိုရင် နောက် စက်ရဲ့ IP မှာ 192.168.1.2 ပေါ့ အဲလိုမျိုး နောက်ထပ် ချိတ်
ဆက်ချင်တဲ့ စက်တွေကိုလည်း နောက်ဆုံးဂဏန်းပဲ ပြောင်းပေး လိုက်ပါ ဒါဆို Network
ချိတ်ဆက်တာ အဆင်ပြေသွားပါပြီ။

စက်အားလုံး Network မိ မမိ စမ်းကြည့်မယ် ping လုပ်ကြည့်ရအောင် ကိုယ့်ရဲ့ Network
group ထဲမှာ IP 192.168.1.1 ကနေ 10 ထိရှိတယ်ဆိုပါစို့ အရင်ဆုံး Run box မှာcmd
ရိုက်ပီး Enter နိုပ်ပါ Command prompt ကျလာရင် ping 192.168.1.1 ဟုရိုက်ပီး Enter
နှိပ်ပါ နောက်ပြီး ping 192.168.1.2/3/4/5/6/7/8/9/10 ဆိုပြီး စက်တစ်လုံးချင်း ping
ကြည့်ပါ အောက်က ပုံကိုကြည့်ပါ reply လာရင် ချိတ်မိပါပီ request time out ဆိုရင် မချိတ်
မိသေးပါ ဒီလောက်ဆို Network ချိတ်ဆက်တာအဆင်ပြေပါပြီ။


Credit : http://winhtuttin.blogspot.com

Network ချိတ်နည်း (2)

ကွန်ပျူတာကိုတွေကို 8 port switch နဲ့ ချိတ်တဲ့ နည်းပြောပြပါမယ် ( peer to peer ပါ )

ပထမဆုံး RJ 45 ခေါင်းနဲ့ male ခေါင်း တွဲပါတဲ့ နက်ဝပ် cable တွေနဲ့ switch မှာ ချိတ်
ဆက်ထားဘို့ လိုပါတယ် ပထမဆုံး စက်မှာ IP ထည့်ပါမယ်၊ ခုပြောပြတဲ့ အတိုင်းထည့်
ကြည့်ပါ my network place > properties> TCP/IP ကို select လုပ် properties
ကိုနှိပ်ပါ..use following IP ဆိုတာမှာ IP address မှာ 15.11.80.1 ပြီးရင် tab ခုန်
လိုက်ပါ subnetmark ကိုသူ့ အတိုင်းရှိပါစေ default gateway မှာလဲ 15.11.80.1
လို့ရိုက်ထည့်ပါ အားလုံးကို ok လုပ်ပြီး ထွက် General Tab ကို ပြန်ရောက်ရင် show
icon in notification ဆိုတာကို အမှန်ချစ် လုပ်ပေး ခဲ့ပါ ( tray မှာ ကွန်ပျူတာပုံလေး
ပေါ်လာအောင်ပေါ့) ဒါဆို ပထမ ဆာဗာ အထိုင်စက် ပြီးပါပြီ။

တခြားစက်တွေ ချိတ်ပါမယ်...။

.my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..
use following IP ဆိုတာမှာ IP address မှာ 15.11.80.2 ပြီးရင် tab ခုန်လိုက်ပါ ..
subnetmark ကိုသူ့ အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်
ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်ပါ ...

ဒီလိုဘဲ တစ်လုံးပြီး တစ်လုံး IP address မှာ 2 . 3 . 4 စသဖြင့် ဆီးရီး ပေးသွားပါ..
အားလုံးပြီးသွားပြီ ဆိုရင်တော့ ...စက်အားလုံး ရဲ့ mycomputer > properties >
computer name မှာ အမည်တွေပေးပါ...အောက်မှာရှိတဲ့ workgroup ဆိုတာမှာ ..
စက်အားလုံးကို Group name တစ်ခုထဲ တူညီစွာပေးထားပါ...

စက်အားလုံးကို ရီစတပ်ချ လိုက်ပါ ...ဒါဆိုရင် .. စက်အားလုံး ချိတ်လို့ပြီးနေပါပြီ...

တစ်လုံးက တစ်လုံးကို ခေါ်ချင်ရင် .. run box မှာ ..\\ 15.11.80.2\ .enter ခေါက်
လိုက်ရင် .. IP no 2 စက်ကို ခေါ်လို့ ရပါပြီ...နဲနဲလေးစောင့်ပြီးမကြာခင်မှာတက်လာ
မှာပါ။

Credit : http://battalion-byn.blogspot.com

Credit >> ဝင်းကမ္ဘာ ကျော်
 

Post By Admin Zuu

Continue reading →