Showing posts with label Window 8. Show all posts

Windows 8 တွင် Delete Confirmation box ကို Enable ပြုလုပ်ခြင်း

0
Friday, August 15, 2014


Photo
Windows XP ကနေ စတင်ပြီး Windows 8 အသုံးပြုသူတွေအထိ ဖိုင်တစ်ခုခုကို ဖျက်လိုက်တဲ့ အခါမှာ  Delete Confirmation Dialog Box မပေါ်လာဘဲ တစ်ခါတည်း ဖျက်သွားတယ်ဆိုရင် ကိုယ်တစ်ကယ်ဖျက်ချင်တဲ့ Data မဟုတ်ဘူးဆိုပါက Data တွေ ပျက်စီး ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Delete Confirmation Box ကို ထားပြီး ကိုယ်တစ်ကယ် ဖျက်ချင်တဲ့ဟာ ဟုတ်လား၊ မဟုတ်လား မေးပါတယ်။ ဒီ Confirmation Dialog Box ဟာ အကြောင်းအမျိုးမျိုးကြောင့် မပေါ်ဘဲ ဖိုင်တွေကို တစ်ခါတည်း ဖျက်သွားတယ်ဆိုရင် ပြန်လည်ပြီး ပြင်ဆင်နိုင်မယ့် နည်းလမ်း ၂ မျိုး ရှိပါတယ်။

Windows 8 ပေါ်မှာတော့ Delete Confirmation Dialog Box ကို Enable ပြုလုပ်နိုင်ဖို့အတွက် ပထမနည်းလမ်းကတော့ Recycle Bin Button ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Properties ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Properties Box ထဲ ရောက်သွားပြီဆိုရင်တော့ Displaydelete confirmation dialog ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ထည့်သွင်းပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Apply ကို နှိပ်ပြီး OK Button ကို နှိပ်ပြီး ထွက်လိုက်ပါ။ ဒါဆိုရင် ကိုယ်ဖိုင်တစ်ခုခုကို ဖျက်လိုက်တဲ့ အချိန်မှာ Delete Confirmation Dialog Box ကျမှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ Group Policy က ပြင်ဆင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ Group Policy ကနေ ပြင်ဆင်ဖို့အတွက်ဆိုရင် ပထမဆုံး Win+R Key ကို အတူတွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Group Policy ထဲကို ရောက်သွားပြီဆိုရင် User Configuration အောက်က Administrative Template အောက်ကို သွားရပါမယ်။ အဲဒီအောက်ကမှ Windows Components အောက်ကို ဆက်သွားပြီး Windows Explorer အောက်က File Explorer ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Display confirmation dialog when deleting file ဆိုတာကို Double Click နှိပ်လိုက်ပါ။ Not Configure ဒါမှမဟုတ် Disable ဖြစ်နေတယ်ဆိုရင် Enable ကို ရွေးချယ်ပြီး ထွက်လိုက်ပါ။ ဒါဆိုရင်တော့ Recycle Bin ရဲ့ Delete Confirmation Dialog Box ကို ပြန်လည်ပြီး ဖွင့်ပြီးသွားပြီ ဖြစ်တဲ့အတွက် Delete Button နှိပ်တဲ့အခါမှာ Confirmation ပြုလုပ်ပြီးမှသာ ဖိုင်တွေကို ဖျက်ပစ်ပေးမှာ ဖြစ်ပါတယ်။
source-internetjournal
Continue reading →

Windows 8 Editions များ အကြောင်း သိကောင်းစရာ

0
Thursday, June 12, 2014



            ကျွန်တော်လေ့လာ ထားသမျှ window 8 အကြောင်းထဲမှ တစ်ခုဖြစ်တဲ့
Editions တွေအကြောင်းကို TRA myanmar ကအောက်ပါအတိုင်းရေးပြထားပါတယ်
     အားလုံး သိ့ကြတဲ့ အတိုင်း October 26 မှာ တရားဝင်ထွက်ရှိလာတော့မယ်
 Microsoft Windows 8 ရဲ့ Editions တွေအကြောင်းကို ကျွန်တော် မျှဝေချင်ပါတယ်။
ကျန်ခဲ့တဲ့ Windows 7 ကို လုံးဝ အလန်းဇယားကြီး ပြောင်းလဲထားတဲ့ Windows 8 ကို
စောင့်မျှော်နေကြတဲ့ လူတွေက ကျွန်တော်အပါအ၀င် တကမ္ဘာလုံးမှာ ဘယ်လောက်တောင်
 ရှိနိုင်မလဲ မသိ့ဘူး။ Windows 7 နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဒီလင့်မှာ ရေးထားခဲ့ဖူးပါတယ်။
 အခု တခါ Windows 8 နဲ့ ပါတ်သက်ပြီး Windows 8 Editions တွေအကြောင်းကို
 လေ့လာမိသလောက် ပြန်လည် ရေးသားလိုက်တာပါ။
  windows 8 မှာ ဘယ်လို Editions တွေရှိတယ် ။
     ဘာတွေပါလာတယ်ပေါ့။ ပထမဆုံး ပြောချင်တာကတော့ ခင်ဗျားဟာ ပညာရှင်
တစ်ယောက်ဖြစ်နေခဲ့ရင် ဒီ post ကို ကျော်ဖတ်သွားလိုက်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် လေ့လာမိသလောက် အနည်းငယ် ပြန်လည် မျှဝေပေးခြင်း သက်သက်ပါ။
တစုံတခု အမှားအယွင်းတွေ ပါခဲ့ရင် နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။
Microsoft Windows 8 မှာဆိုရင် ကျွန်တော်လေ့လာမိသလောက် Editions (4)
မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Windows 8 Editions (4) မျိုး

(1) Windows 8
(2) Windows 8 Pro
(3) Windows 8 Enterprise
(4) Windows 8 RT

Windows 8

ပထမဆုံး Windows 8 ဆိုတဲ့ Basics Edition ကတော့ x86 (32bits) နဲ့
x64(64bits) architecture အတွက် အခြေခံကျတဲ့ အက်ဒီရှင်း တစ်ခု ဖြစ်ပါတယ်။
 Windows 8 မှာ အခြေခံကျတဲ့ အသစ်အသစ်သော အရာတွေ ထည့်သွင်းပေးထားပါတယ်။
 အဲဒီမှာ ဘာတွေ ပါလာသလဲ ဆိုတော့ start screen with semantic zoom, live tiles,
Windows Store, Internet Explorer 10, connected standby, Microsoft account
 integration, the Windows desktop စသည်ဖြင့် ပါဝင်လာပါတယ်။



Windows 8 Pro

Windows 8 Pro ဆိုရင်တော့ Windows 7 Professional နဲ့ Ultimate Editions
နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အရာတွေ အကုန်လုံး ပါဝင်ပါတယ်။ ဒီ Editions နှစ်မျိုးစလုံးကို
ကျော်လွန်ပြီး အောင်မြင်စွာ ထုတ်လုပ်ထားတယ်လို့လဲ ဆိုပါတယ်။ Windows 8 Pro ကို
နည်းပညာ စိတ်ဝင်စားတဲ့ သူတွေနဲ့ Business Users တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း
ဖြစ်ပါတယ်။ no (1) က Windows 8 မှာ ပါဝင်တဲ့ Feature တွေအကုန်လုံး ပါဝင်ပါတယ်။
နောက်ထပ် aditional Features တွေအနေနဲ့ကတော့ Remote Desktop server,
the ability to participate in a Windows Server domain, Encrypting File System,
Hyper-V, and Virtual Hard Disk Booting, Group Policy , BitLocker နဲ့ BitLocker To Go
စသည်ဖြင့် ပါဝင်လာခဲ့ပါတယ်။

Windows 8 Enterprise

Windows 8 enterprise မှာဆိုရင်တော့ windows 8 နဲ့ windows 8 pro ရဲ့
feature တွေအပြင် တခြား IT Organization တွေကို အထောက်အကူပြုစေမဲ့
feature တွေလဲ ပါဝင်လာခဲ့ပါတယ်။ ဒီ Edition ဟာ Software Customer တွေနဲ့
MSDN (Microsoft Developer Network) တွေအတွက် အထူး သင့်တော်တယ်လို့ ဆိုပါတယ်။ 

Windows 8 RT

Windows RT ဆိုတာကလဲ ARM နည်းပညာကို အခြေခံတဲ့ Tablet လို
Device မျိုးတွေအတွက်သာ သင့်လျှော်ပါတယ်။ ARM ဆိုတာက microsoft က
 windows 8 ကိုစပြီး introduction လုပ်တဲ့ အခါမှာ window runtime development
အတွက် အမည်ပေးခဲ့တာပါ။ ARM ရဲ့ အသေးစိတ်ကို လေ့လာကြည့်ချင်တဲ့ ဆိုရင်တော့
ဒီလင့်မှာ သွားပြီး လေ့လာကြည့်လိုက်ပါ။ နောက်တခု အနေနဲ့ Windows RT မှာဆိုရင်
 device encryption စွမ်းဆောင်ရည်လည်း ပါဝင်ပါတယ်။
serveral business-focused features တွေဖြစ်တဲ့ group policy တို့လိုမျိုး feature
တွေလဲ ပါဝင်လာပါတယ်။ centrilized network တွေအတွက်တော့ domain ကို support မလုပ်ဖူးဗျ။
Windows 8 ရဲ့ အားလုံးသော အက်ဒီးရှင်းတွေမှာ ဘာသာစကား တော်တော်စုံစုံလင်လင်ကို
အသုံးပြုနိုင်ပါတယ်။
       လက်ရှိ Windows 7 အသုံးပြုနေတဲ့ သူတွေအတွက် windows 8 ကို update လုပ်ပြီး
အသုံးပြုချင်တယ် ဆိုရင်တော့ Windows 7 x86 (32bits) version ကို အသုံးပြုထားတဲ့ user
တွေ အနေနဲ့ windows 8 x86 (32bits) ကိုသာ Update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲလိုပဲ windows 7 x64 (64bits) version ကို အသုံးပြုထားတဲ့ user တွေအတွက်လဲ
windows 8 x64 (64bits) version ကိုသာလျှင် update လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 Windows RT ကတော့ ARM Architecture (windows 7 တွင် support မလုပ်ပါ) အတွက်သာ
သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Windows 7 ကနေ windows 8 ကို update လုပ်တာနဲ့
ပါတ်သက်လို့ အောက်မှာ ကျွန်တော်ပြထားတဲ့ ပုံကို လေ့လာကြည့်လိုက်ပါ။



 
ပို့စ်ရေးသားသူ စဦးသူ
Continue reading →