Showing posts with label Fire Phone. Show all posts

3D effect များပါဝင်သည့် Amazon Fire Phone စမတ်ဖုန်း

0
Thursday, June 19, 2014


ဗုဒ္ဓဟူးနေ့က Amazon သည် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းဖြစ်သည့် Fire Phone ကို မိတ်ဆက်ပြီး Apple နှင့် Samsung တို့ ကြီးစိုးလျက်ရှိသည့် စမတ်ဖုန်းဈေးကွက် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်ကို ဇူလိုင် ၂၅ ရက်တွင် AT&T မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့် စတင်ရောင်းချမည် ဖြစ်သည်။ ထို့အပြင် Fire Phone ကို ဝယ်ယူသူများသည့် ၉၉ ဒေါ်လာတန် Prime shipping နှင့် content ဝန်ဆောင်မှုကို တစ်နှစ်စာ အခမဲ့ ရရှိမည် ဖြစ်သည်။

Fire Phone တွင် 3D ပုံရိပ်များနှင့် 3D မြေပုံများကို ဖော်ပြပေးနိုင်သလို 3D ဂိမ်းကစားခြင်းနှင့် ဖုန်းကို စောင်းရုံနှင့် scroll လုပ်နိုင်သည့် feature များ ပါဝင်သည်။ ၄.၇ လက်မ display တွင် Gorilla Glass 3 နည်းပညာကို အသုံးပြုထားပြီး ရာဘာကိုယ်ထည်နှင့် အလူမီနီယံ ခလုတ်များဖြင့် တည်ဆောက်ထားသည်။ ကျောဘက်တွင် ပုံရိပ်တည်ငြိမ်မှုကို အထောက်အပံ့ပေးထားသည့် 13-megapixel ကင်မရာ ပါဝင်သည်။ ဓာတ်ပုံများကို Amazon Cloud Drive တွင် အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်သည်။

Operating system အနေဖြင့် ပြုပြင်မွမ်းမံထားသည့် Google ၏ Android operating system ကို အသုံးပြုထားသည်။ ထို့အပြင် အရာဝတ္ထုများ၊ ပုံရိပ်များနှင့် သီချင်းများကို scan ဖတ်ကာ Amazon တွင် ဝယ်ယူနိုင်သည့် ထုတ်ကုန်နှင့် ပတ်သက်သည့် အချက်အလက်ကို သုံးစွဲသူထံ ဖော်ပြပေးနိုင်သော Firefly ဟုခေါ်သည့် ပရိုဂရမ်တစ်ခု ပါဝင်သည်။

Amazon စမတ်ဖုန်းကို AT&T က 32GB အမျိုးအစားအတွက် နှစ်နှစ်စာချုပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့်လည်းကောင်း 64GB အတွက် အမေရိကန်ဒေါ်လာ ၂၉၉ ဖြင့်လည်းကောင်း ရောင်းချမည် ဖြစ်သည်။ လက်လီရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၆၄၉ နှင့် ၇၄၉ ဖြစ်သည်။

Ref: CNET



Continue reading →

Amazon မှ Fire Phone အမည်ဖြင့် စမတ်ဖုန်းလောကထဲဝင်ရောက်

0
Thursday, June 19, 2014


images 
 
Bezos_Fire_Phone_Event_01
အရင်တုန်းကတော့ ကျွန်တော်တို့ တစွန်းတစတော့ကြားမိမှာပါ။ Ebook တွေထုတ်လုပ်တဲ့ Amazon က စမတ်ဖုန်းတွေထုတ်လုပ်မယ်ဆိုပြီး သတင်းတွေထွက်လာဖူးပါတယ်။
အခုတော့ ဒီသတင်းကတကယ် အကောင်အထည်ပေါ်လာပါပြီ။ Amozaon က ကိုယ်ပိုင် OS နဲ့ ကိုယ်ပိုင် စမတ်ဖုန်းကို ထုတ်လုပ်ပြသလိုက်ပါပြီ။
အဆိုပါ စမတ်ဖုန်းကိုတော့ Fire Phone လို့ ခေါ်ဆိုစေကာ မိုဘိုင်းလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါပြီ။
Amazon_Fire_Phone_Tilting
အဆိုပါ Fire Phone မှာတော့ 4.7 လက်မ အရွယ်ရှိ IPS LCD HD ကိုတပ်ဆင်ပေးထားပြီး (1280 x 720) ဖြင့် ပြသပေးနိုင်မှာပါ။ 2.2 GHz စွမ်းအားထုတ်လွှတ်ကာ မောင်းနှင်ပေးမယ့် Quad Core Processor ကိုတပ်ဆင်ထားပြီးGraphic အတွက်ကတော့ Adreno 330 GPU ကိုထည့်သွင်းပေးထားပါတယ်။
Ram 2 GB အပြင် 32GB နဲ့ 64 GB သိုလှောင်မှူကိုရွေးချယ် အသုံပြု နိုင်ဦးမှာပါ ။ 13MP အရည်အသွေးရှိ ကင်မရာ ကို ထည့်သွင်းပေးထားပြီး ရှေ့ကိုတော့ 2.1 တပ်ဆင်ပေးထားပါတယ်။ အသံပိုင်းအတွက် Stereo သံထုတ်လွှင့်ပေးမဲ့ စပီကာ ၂ လုံးကိုတပ်ဆင်ထားမှာပါ။မျက်နှာပြင်ကို Gorilla Glass 3 အုပ်ကာထားပြီး ရာဘာ ကိုယ်ထည် အလူမီနီယံ ခလုတ်များနဲ့ ထုပ်လုပ်ပေးထားပါတယ် ။ ထို့အပြင် ဖုန်းနှင့်တွဲဖက် အသုံးပြုနိုင်စေရန် tangle-free earbuds ကိုထည့်သွင်းပေးထားပါတယ်
cordcruncher_tangle_free_headphones_2
ဆော့ဝဲပိုင်းမှာတော့ Kindle tablets များကဲ့သို့ ဖြစ်ပြီး Fire Phone မှာတော့ Fire OS 3.5 ကို ထည့် သွင်းပေးထားပြီ Movies နဲ့ TV Shows တွေကိုလည်း ခံစားကြည့်ရှူနိုင်မှာပါ။ ထို့အပြင် Prime Music, Kindle, Amazon Cloud အပြင် streaming Service တွေကိုပါပေးသွားမယ်လို့ ပြောကြားသွားပါတယ်။
ထို့အပြင် Amazon Cloud မှာ ဓာတ်ပုံများကို unlimited storage သိမ်းဆည်းနိုင်မှာဖြစ်ပြီး 3D interface ကို အသုံးပြုနိုင်ရန် ဖုန်းမျက်နှာပြင် ဒေါင့်လေးထောင့်တွင်
ကင်မရာ ၄ လုံးကိုတပ်ဆင်ပေးထားပါတယ်။ ထို့ အပြင် Market အတွက်ကိုမူ Fire Fly ဆိုသော App မှ ထိန်းချုပ်ထားပြီး ၄င်းတွင် Steraming TV Shows , Movies ,
Games, and Apps အားလုံးကို ရရှိနိုင်မှာဖြစ်ပါတယ် ။ Game နှင့် တခြားသော ၀န်ဆောင်မှုများမှာ ပြိုင်ဘက် Android OS နဲ့ iOS တွေကိုကျော်ဖြတ်နိုင်မလားဆိုတာကို
စောင့်ကြည့်ရမှာဖြစ်ပါတယ်။
refer: http://www.talkandroid.com/210633-amazon-finally-enters-the-smartphone-game-with-the-unveiling-of-the-fire-phone/#more-210633
Credit Myanmarmobileappstore
Continue reading →