Showing posts with label ဗဟုသုတ. Show all posts

အီးမေးလ် ဟတ်ခံရခြင်း မှ........

0
Thursday, July 10, 2014

ကျတော်တို့ ပြည်တွင်းမှာ အသုံးများတဲ့ မေးလ် အနေနဲ့ ဂျီမေးလ်ကိုတွေ့ရသည့် နည်းတူစွာ အီးမေးလ် ဟတ်ခံရခြင်းနောက် ဘာတွေ
ပြန်လုပ်ဖို့ လိုသလဲဆိုတာ။ မြင်တွေ့နေရတဲ့ အတိုင်းပဲ Facebook အကောင့်တွေကိုလည်း ဂျီမေးလ်တွေနဲ့ အများဆုံး ၀င်ကြတာမို့
အကောင့်တစ်ခုကို ဆုံးရူံးတာနဲ့ နောက်တစ်ကောက်ကိုပါ ပါနိင်ပြီး လက်လွယ်စပယ် ဆုံးရူံးရတာဟာ ဘယ်ဘက်ကကြည့်ကြည့်
ကောင်းတာကို မတွေ့ရတာမို့ ဟတ်ခံနေရတဲ့ အနေအထားမှာ ကျရောက်နေတဲ့သူတွေအတွက် အတတ်နိင်ဆုံး ပြန်လည်
လုပ်ဆောင် ရယူနိင်မဲ့နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
အကောင့်ကို ပြန်လည် ရယူပါ။
တကယ်လို့ မိတ်ဆွေရဲ့ အကောင့်ကို ဟတ်ခံလိုက်ရပြီးဆိုရင် ဟတ်တဲ့သူတွေဟာ ကိုယ်ရဲ့ အချက်အလက်တွေလောက်ပဲ ရယူသွားမှာ ဖြစ်ပြီး အကောင့် Password ကိုတော့ အမြဲတမ်းတော့ ချိန်းသွားမှာ မဟုတ်ပါဘူး။ ဒီတော့ ပြန်လည် အကောင့်ကို ရယူဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့ "Forgot your password?" ဆိုတဲ့ နေရာကနေပဲ Password ကို reset ကျဖို့ နဲ့
အကောင့်ကို ပြန်ယူဖို့ သုံးရမှာ ဖြစ်ပါတယ်။ ဒီအခါ လုံခြုံရေး မေးခွန်းတွေနဲ့ အီးမေးလ် လိပ်စာကို backup အနေဲ့ အသုံးပြုတဲ့ recover မေးလ်တွေကိုတော့ ပြန် ဖြေဖို့ ရှိပါတယ်။ အဲလိုမှာ ပြန်လုပ်လို့မရရင်တော့ အကောင့်ကို ပြန်ရဖို့ သိပ်မသေချာတော့ပါဘူး။
လွယ်ကူတဲ့ Passwords တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
ဒီအချက်ကတော့ လူတိုင်း သိပြီးကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တကယ်လို့ အဲလို လုပ်ထားပြီးသိတိုင်းအောင် စိတ်ထဲမှာ မကျေနပ်သေးရင် စာလုံးတွေ အများကြီးသုံးပြီး စာလုံးအကြီးတွေရော၊ စာလုံးအသေးတွေရော၊ သင်္ကေတတွေရော၊ စပေ့ဘားတောင် သုံးပြီး ထပ် ထည့်နိင်ပါသေးတယ်။
Setting ကို စစ်ဆေးကြည့်ပါ။
ဟတ်ကာတွေဟာ ကိုယ်ရဲ့ setting တစ်စုံတစ်ရာကို မပြောင်းလဲ နိင်စေဖို့အတွက် ဖြစ်ပါတယ်။ ထိုသို့မှာ မဟုတ်ဘူးဆိုရင်
နောက်တွင် ကိုယ်ရဲ့ အကောင့်ထဲကို သူတို့တွေဟာ လွယ်ကူစွာ ၀င်ရောက် ရရှိနေဦးမှာ ဖြစ်ပါတယ်။ secondary (recovery) ကို တိကျအောင် လုပ်သင့်ပါတယ်။ forward စည်းမျဉ်းတွေကို သုံးထား မထားကိုလည်း စစ်ရပါဦးမယ်။ သို့မဟုတ်ရင်တော့ ကိုယ်ကို ပို့သမျှအီးမေးတွေဟာ သူတို့ဆီကို ရောက်ရှိပြီး ပါသွားနိင်ပါတယ်။
Active login ကို ဖယ်ရှားပါ။
မိတ်ဆွေရဲ့ အကောင့်ကို အခုလက်ရှိ ဘယ်က သုံးနေတယ် ( IP address ) ကို ကြည့်လို့ရတဲ့ Active login ဟာ mail.google.com ရဲ့ အကောင့်ဝင်လိုက်တာနဲ့ ညာဖက် အောက်ဆုံး မှာ ရှိပါတယ်။ Details လိုရေးထားတာကို တွေ့ရပါလိမ့်မယ်။ ဒီ နေရာကို ကလစ်ထောက်လိုက်တာနဲ့ သင့်ဝင်ထားသမျှ တည်နေရာတွေနဲ့ အချိန်တွေ၊ လက်ခံဝင်ရောက်တဲ့ ပုံစံ တွေကိုပါ တွေ့နိင်ပါမယ်။ထို ဇယားပေါ်ရှိ Sign out all other session ဆိုတာကို နှိပ်ပြီး ကိုယ် အကောင့်ကို တစ်ခြားနေရာမှ ၀င်ရောက်နေခြင်း မရှိစေဖို့ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဟာ Password ချိန်းပြီးသွားပြီးဆိုရင်တော့ ပြသနာ ရှိတော့မှာ မဟုတ်ပါဘူး။
အဆင့်ဆင့် ထားရှိခြင်း
တကယ်လို့ သင့်ရဲ့ မေးလ်ဟာ ဟတ်ခံရပြီးဆိုရင် ကာကွယ်ခြင်း ဖြစ်စေဖို့ အကောင့်ကိ ၀င်ဖို့ Password ရိုက်ပြီး ၀င်ပြီးတာနဲ့ ကုဒ်က ဖုန်းကို ပို့တယ်။ ထိုမှ တစ်ဆင့် နောက်ထပ် ကုဒ် ထပ်ထည့်ပြီး ၀င်တဲ့ စနစ်တွေကို လည်း ထောက်ကူနိင်ပါတယ်။ ထို အတွက် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ထားဖို့တော့ လိုပါမယ်။ ဒါဆိုရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ ဖုန်းကို ရမှာပဲ ဟတ်နိင်တော့မှာ ဖြစ်ပါတယ်။ အခြား ဆိုဒ်တွေကို ကြည့်ပါ။
ကိုယ်ရဲ့ Password ကို အခြား ဆိုဒ်တစ်ခုမှာ ထပ်ပြီး မသုံးထားနိင်စေဖို့ ဖြစ်ပါတယ်။ Facebook လိုမျိုး ဆိုရှယ်ဆိုဒ်မှာ အီးမေးလ် အကောင့်ရဲ့ Password တစ်ခုတည်းကို သုံးထား ရင်တော့ ဟတ်ကာတွေဟာ သင့်ရဲ့ အီးမေးလ် Password ကို အလွယ်တကူ ရှာဖွေနိင်မှာ ဖြစ်ပါတယ်။
မော်လ်ဝဲလ် Scan တွေကို သုံးပါ။
ဟတ်ကာတွေဟာ မောလ်ဝဲတွေကိုသုံးကာ အီးမေးလ်ကို ဟတ်ဖို့ အသုံးပြုနိင်ပါတယ်။ ဒါမှမဟုတ် အတု အယောင် အီးမေးလ် ကိုပဲဖြစ်ဖြစ်သုံးပြီး ဟတ်လာနိင်ပါတယ်။ ဒီအတွက် Avast, Malwarebytes, နဲ့ BitDefender တို့လို ပေါ်ပြူလာ ဖြစ်တဲ့ Scanner တွေလည်း ရှိနေပါတယ်။
Ref: Cnet
အောင်ဟိန်း ( ရိုးရာလေး )
Continue reading →

စမတ်ဖုန်း တစ်လုံး ၀ယ်တော့မယ်ဆိုရင်.....

0
Wednesday, July 09, 2014



ပြည်တွင်း ဆက်သွယ်ရေးလိုင်းတွေရဲ့ ကောင်းမူကြောင့် မိုဘိုင်း ဆင်းကဒ်တွေကို ဈေးသက်သာစွာ ကိုင်ဆောင်လာရခြင်းရဲ့နောက်မှာ ပြည်ပ ဖုန်းဈေးကွက်ဟာလည်း ပြည်တွင်းထဲသို့ ရေကရားလွှတ်သလို ဒလဟော အသီးသီး ၀င်ရောက်လာတာဟာ ကျတော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဈေးသက်သာတဲ့ ဖုန်းတွေ ရှိသလို ဈေးကြီးတဲ့ဖုန်းတွေဟာလည်း အမျိုးစား စုံလင်စွာ ပေါ်ပေါက်လာရပါတယ်။ ဒီ အထဲမှာမှ အဓိက အခြမ်းကြီး နှစ်ခုအနေနဲ့ခွဲမယ်ဆိုရင် ခေတ်လူငယ်တွေ ခေတ်ရေစီးကြောင်းထဲမှာ ဖြစ်တည်နေတာကတော့ Google ကထုတ်တဲ့ Android OS နဲ့ Apple ကထုတ်တဲ့ iOS ရယ်လို့ပေါ့ ဗျာ။ ပြည်တွင်းမှာ အသုံးနည်းတဲ့ Window ဖုန်းတွေနဲ့ လူကြီးတွေ ကိုင်လေ့ရှိတဲ့ Keypad ဖုန်းတွေကိုတော့ ကျတော် ထည့်မရေးတော့ပါဘူး။

အဓိက က ဘယ် ပစ္စည်းကိုပဲ ၀ယ်ဝယ် ကိုယ်ကိုယ်တိုင် ကိုင်တွယ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ကိုယ်ရဲ့ စိတ်ကျေနပ်မူ ရှိဖို့က အရေးကြီးဆုံးပါ။ ဘယ်သူတွေ ဘာပြောပြောပေါ့ ။ ဟုတ်ဘူးလား။
မှန်ပါတယ်။ အဲဒီရဲ့ နောက်မှာတော့ စိတ်ကျေနပ်မူ ပြီးရင် ကိုယ် အတွက် အရေးအကြီးဆုံး အပိုင်းကို စဉ်းစားရမဲ့ အလှည့်ရောက်လာပါပြီ။ ဒီက သူငယ်ချင်းက စမတ်ဖုန်း တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လို အရာကို ဦးစားပေးတတ်ပါသလဲ။

- Operating စနစ်ကိုလား
- ဖုန်းအတွင်းက အစိတ်အပိုင်းတွေရဲ့ ပြည့်စုံမူ ရှိခြင်းကိုလား
- မှတ်ဥာဏ်သိုလှောင်မူ မြင့်မားတာနဲ့ မှတ်ဥာဏ် တိုးနိင်တာကိုလား
- မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေးကို ကြည့်တာလား
- ဖုန်းရဲ့ ကင်မရာ လား
- ဈေးနှုန်းကို ကြည့်တာလား

ဒီအချက်တွေကို အရင် စဉ်းစားရပါမယ်။

သေချာတာတစ်ခုက ဖုန်းရဲ့ အလွန်ကောင်းတဲ့ လုပ်ဆောင်နိင်စွမ်း မြင့်မားမူ၊ အရည်အသွေးနဲ့ ပြည့်ပြီးစုံမူတွေ စတဲ့ အရာတွေ အားလုံးဟာ ဈေးနှုန်း မြင့်မားမူ (သို့) အရည်အသွေးနဲ့ လိုက်တဲ့ ဈေးတစ်ခုမှာ ရှိနေခြင်း မှာ ချိတ်ဆက်နေပါတယ်။ ဥပမာ- တစ်ခု ပြပါရစေ။
Samsung Galaxy S5 ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ အတွင်း အစိတ်အပိုင်း ပြည့်စုံမူတွေ၊ မှာ အရည်အသွေး တစ်ခုရှိနေပါတယ်။ Samsung ရဲ့ ထုတ်လုပ်နေကြဖြစ်တဲ့ ဈေးနှုန်း သက်သာ ဖုန်း တစ်မျိုးဖြစ်တဲ့ Mini အနွယ်ဝင် Samsung Galaxy S5 Mini ဟာ Fingerprint ပါဝင်မူ၊ ရေစိုခံမူ၊ တွေ သူအရင် S5 လိုပဲ တူညီစွာပါဝင်နေပေမဲ့လို့ ဈေးနှုန်း သက်သာမူကို ဇောင်းပေးထားတဲ့ အတွက် အတွင်း အစိတ်အပိုင်း တွေမှာ S5 နဲ့စလျှင် အနည်းငယ်လျော့ထားတာကို တွေ့နိင်ပါတယ်။ ဒါက ဈေးလျှော့ခြင်းရဲ့ အကြောင်း တစ်ရပ် ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျတော်ပြောပြချင်တာက …

Operating စနစ်

Android, iOS, Window စတဲ့ Operating စနစ်တွေဟာ ယနေ့ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ အသုံးများတဲ့ စနစ်တွေ ဖြစ်ပြီး ကိုယ်က ဘယ်တစ်ခုကို သုံးဖို့ စိတ်ဝင်စားလဲဆိုတာ သေချာစေရပါမယ်။ Android OS ဆိုရင်တော့ Google က အခုနောက်ဆုံးထိထွက်ထားတာက Android 4.4 Kitkat ဖြစ်ပြီး iOS ကတော့ လက်ရှိ 7.1 ကျော်ပဲ ရရှိသေးကာ မကြာခင် iOS 8 ကို ရရှိနိင်တော့မှာပါ။ iOS 8 ကတော့ Apple ရဲ့ နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ iPhone 5s, 5c, 5, 4s, စတဲ့ ဖုန်းတွေနဲ့ အခြားသူရဲ့ တပ်ပလပ် အိုင်ပေါ့တွေမှာ ရရှိနိင်မှာပါ။

Window စနစ်ကတော့ သူတို့အားလုံးရဲ့နောက်မှာ တည်ရှိနေပါတယ်။ Window စနစ် ကိုကြည့်မယ်ဆိုရင်တော့ Nokia Lumia series ဖုန်းတွေမှာ တွေ့နိင်မှာပါ။

အတွင်း အစိတ်အပိုင်းရွေးချယ်မူ

တကယ်လို့ ဒီက သူငယ်ချင်းဟာ အမြင့်စား HD ဂိမ်းတွေကို ဖုန်းပေါ်မှာ ဆော့ကစားချင်တယ်ဆိုရင်တော့ qualcomm snapdragon 800 နဲ့ အနည်းဆုံး RAM 2GB မှာ ရှိတဲ့ ပရိုဆက်ဆာပါရှိတဲ့ ဖုန်းမျိုးကို ရွေးချယ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် ဖုန်းခေါ်ဆိုမူနဲ့ အင်တာနက်၊ အီးမေးလ်သုံးဖို့လောက်သာဆိုရင်တော့ Dual core processor နဲ့ 512 MB ရှိတဲ့ RAM လောက်ဆို ရပါပြီ။

အတွင်းမှတ်ဥာဏ်နဲ့ မှတ်ဥာဏ်တိုးမူ

စမတ်ဖုန်းတစ်လုံးမှာ လုံလောက်တဲ့ မှတ်ဥာဏ် အရည်အသွေး တစ်ခုရှိတာဟာ ကောင်းပါတယ်။ သူငယ်ချင်းဟာ အခြေခံ အစိတ်အပိုင်း အရည်အသွေးရှိတဲ့ စမတ်ဖုန်းတစ်လုံးကို ၀ယ်လိုက်တယ်။ ဒါပေမဲ့ မှတ်ဥာဏ် ထပ်တိုးလို့မရရင် ဘာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ လုံလောက်တဲ့ ဖုန်းရဲ့ မှတ်ဥာဏ် ပမဏဟာ ဒီက သူငယ်ချင်းကို စိတ်ကျေနပ်မူကို ပေးတာထက်ပိုတဲ့ ပျော်ရွှင်မူကို ပေးနိင်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ ပမာဏက ဘယ်လောက် ဖြစဟ်မလဲဆိုတဲ့ နောက်မှာ App ဘယ်လောက်များများကို အသုံးပြုမှာလဲဆိုတာ အရင်မေးရပါမယ်။ သီချင်း၊ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်များများ ထည့်ပြီး နားထောင် ကြည့်ရူချင်တာလဲဆိုတာကိုပေါ့။ အားလုံးသော စမတ်ဖုန်းတွေရဲ့ အတွင်းမှတ်ဥာဏ်ဟာ 2GB ကနေ 64GB အထိရှိတတ်ကြပါတယ်။ တစ်ခြား ကျန်တာကတော့ SD ကဒ်ကနေ တစ်ဆင့်တိုးမြင့်ကြတာပေါ့။

မျက်နှာပြင် အရွှယ်အစားနဲ့ အရည်အသွေး

ဒါကလည်း ကိုယ် အကြိုက်နဲ့ ကိုယ် ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု သိထားရဖို့ ရှိတာကတော့ ရုပ်ထွက် resolution နိမ့်တဲ့ ဖုန်းတွေဟာ HD ဗီဒီယိုတွေကို သင့်ဆီမှာ ဖွင့်လို့ မရစေနိင်ပါဘူး။ နောက်ပြီး ဒီ HD ဗီဒီယိုတွေဟာ PPI 200 အောက်ဖြစ်ပြီး ၅လက်မထက်ပိုတဲ့ ဖုန်းတွေဆီမှာ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ဒီတာ့ ဘက်ဂျက်ရယ် ဖုန်းရဲ့ မျက်နှာပြင် အရည်အသွေးရယ် ချိန်စေလို့ပါတယ်။ FULL HD ပြီးရင်တော့ အကောင်းဆုံးကတော့ QHD ဖြစ်ပါတယ်။

ကင်မရာ

တစ်ချို့တွေကလည်း ဖုန်းတစ်လုံး ဘယ်လောက်ကောင်းကောင်း ဖုန်းရဲ့ ကင်မရာက သိပ်ပြီး သူတို့အတွက် အားရစေမူ မရှိရင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် ယနေ့တွေမှာ ဖုန်းတစ်လုံးရဲ့ ကင်မရာကို အနည်းဆုံး 5MP ဖြစ် တပ်ဆင်ပေးလာကြပါပြီ။ ဒီထက်ပိုကောင်းတာကတော့ 8MP (သို့) ဒီထက်Mega pixel ပိုတာတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ Megapixel နိမ့်တဲ့ ကင်မရာတစ်လုံးဟာ optical image stabilization (သို့) Optical zoom ပိုကောင်းနေတတ်သလို၊ Megapixel မြင့်တဲ့ ကင်မရာထက်ပိုပြီးလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီတော့ စမတ်ဖုန်းတစ်လုံးဟာ ကင်မရာ setting ပေါ်မှာ အသုံးပြုသူကို ဘယ်လောက် ထိန်းချုပ် ပြုမူစေခွင့်ပေးထားသလဲဆိုတာကို ကြည့်ရပါမယ်။
ရှပ်တာ အနှေးအမြန်၊ ISO, Aperture စသည့်ဖြင့် အားလုံးကို ကြည့်ပြီး စမ်းရပါမယ်။ ဒါမှလည်း ဘယ်ဖုန်းဟာ ဘယ်လိုကင်မရာ အားသာချက်ရှိလဲဆိုတာကို သိနိင်ပြီး သင့်စိတ်ကြိုက်နဲ့ ညီတဲ့ အကောင်းဆုံး တစ်ခုကို ရွေးနိင်ပါလိမ့်မယ်။

ကောင်းမွန်သော စိတ်ကြိုက် စမတ်ဖုန်းများ ကိုင်တွယ်နိင်ကြပါစေ ဗျာ ။

Credit:Smart Pro Journal
Continue reading →

Android Application ရေးသားချင်သူတွေအတွက် B4A Full Version

0
Tuesday, May 13, 2014



ဒီဆော့ဝဲလေးကိုတော့သူငယ်ချင်းတော်တော်များများကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ် ..

ဘာကြောင့်လဲဆိုတော့ဒီနေ့ခောတ်မှာ လူသုံးများလာတဲ့Android Application တွေကိုအလွယ်တကူ ဖန်တီးရေးသားနိုင်တဲ့ဆော့ဝဲလေးဖြစ်နေလို့ပါ

ဆော့ဝဲရဲ့ နံမည်ကတော့ Basic4Android ပါB4A လို့ လူသိများပါတယ် ..


ဒီဆော့ဝဲလေးကို သုံးပြီး Android Application တွေကို အလွယ်တကူဖန်တီးရေးသားနိုင်ပါတယ်
ဘယ်လိုတွေ ရေးသားရမယ်ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲမို့
ပြန်လည်မျှဝေနိုင်တဲ့ အဆင့်မရောက်သေးတာ နားလည်ပေးစေချင်ပါတယ် ..

ကဲ .. ဆော့ဝဲလေးကို လိုချင်တဲ့ သူငယ်ချင်းတွေက ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင် အထဲမှာ ဖိုင်နှစ်ဖိုင်ပါပါတယ် ..
အရင်ဆုံး b4a full.exe ဖိုင်ကို Run ပြီး Install လုပ်ပေးပါ ..
Install လုပ်ပြီးတဲ့ နောက်ဆုံးအဆင့်မှာ အောက်ကပုံအတိုင်း ဖြစ်နေပါမယ် ..





Launch Basic4Android ရှေ့ကအမှန်ခြစ်လေးကို ဖြုတ်ပြီးမှ Finish ကို နှိပ်ပါ
Full Version ဖြစ်အောင် Crack ရဦးမှာမို့ပါ

ပြီးရင် Antivirus တွေကို ခဏပိတ်ထားပါ
b4a gen.exe ဆိုတဲ့ keygen ဖိုင်လေးကို C >> Program files >> Anywhere Software >> Basic4Android ဆိုတဲ့ ဖိုဒါထဲကို အဆင့်ဆင့် ဖွင့်ဝင်ပြီး ကူးထည့်ပေးလိုက်ပါ
ပြီးရင် ကူးထည့်လိုက်တဲ့ b4a gen.exe ဖိုင်ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




email ထည့်ရမယ့် အကွက်ထဲမှာ ထည့်ချင်တဲ့ email ကို ထည့်ပေးလိုက်ပါ ( တကယ်ရှိစရာမလိုပါဘူး)
ပြီးရင် Generate license file ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..






OK ကို နှိပ်ပေးလိုက်ပါ ..

ပြီးရင် Desktop ပေါ်က Basic4Android program ကို ဖွင့်လိုက်ပါ ..
တချို့စက်တွေမှာ email ထည့်ရမယ့် Box လေးတက်လာပါမယ် .. keygen တုန်းကထည့်ခဲ့တဲ့ email ကိုပဲ ပြန်ထည့်ပေးလိုက်ရင် Full Version ဖြစ်သွားပါပြီ
တချို့စက်တွေတော့ ဘာ Box မှ တက်မလာပဲ Full Version ဖြစ်သွားပါတယ် ..
Help ဆိုတဲ့ထဲက About ကိုနှိပ်ကြည့်လိုက်ရင် Registered Version ဆိုတာကို တွေ့ရပါလိမ့်မယ် ..

အဲ .. တစ်ခု ဖြည်စွက်ပြီး ပြောချင်တာက B4A ကို သုံးပြီး Android Application တွေ ဖန်တီးရေးသားမယ်ဆိုရင် SDK ဆိုတာလေးလည်း
စက်ထဲမှာ Install လုပ်ထားမှ အဆင်ပြေပါတယ် ..
အဲဒီ SDK ကို Install မလုပ်ရသေးဘူးဆိုရင်တော့ ဒီနေရာ ကို သွားလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



 Java Download ဆိုတဲ့နေရာကို နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



Accept Locense Agreement ရှေ့မှာ အမှတ်ကလေး ထည့်ပေးပြီး အောက်မှာ ကိုယ့်ဝင်းဒီးအမျိုးအစားကို လိုက်ပြီး ဒေါင်းယူ Install လုပ်ရမှာဖြစ်ပါတယ်


ကဲ ... အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

Post By Admin >> Zuu
Continue reading →

မိန်းကလေးတွေအတွက်မှဲ.အကြောင်းပါ....

0
Thursday, May 09, 2013


မိန်းကလေးတွေစိတ်ဝင်စားမယ်ထင်လို. ဗေဒင် ဆိုဒ်မှတဆင်.ပြန်လည်ဖော်ပြပါသည်။

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး

ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်)မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက်အထင်ကရမှဲ့(၇)မျိုးရှိတယ်။

အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှားမှဲ့တစ်လုံး
တည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကို၇တနာ ရွှေအိုးလို့ခေါ်တယ်။အဲဒီမှဲ့ရှိတဲ့အမျိုးသမီးတွေဟာ များသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာအလုပ်ဌာနတွေမှာအကြီးအကဲခေါင်း
ဆောင်ဖြစ်လေ့ရှိတယ်။သူတို့တွေဟာဆင်းရဲရင်လဲ ခနပဲ။ဆင်းရဲတွင်းတဲကျနေရင်လည်းခနပဲ။မုချ ကြီးပွားချမ်းသာမယ့်သူတွေဖြစ်တယ်။အဲဒီလို၇တနာ ရွှေအိုးမှဲ့ပါနေတဲ့အမျိုးသမီးတွေဟာကျော်နီ ၊ ပတ္တမြား၊ စိန်၊နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ်မှာဝတ်ဆင်
ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝ ချမ်းသာကြတယ်။အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့သားသမီးတွေနောက်ထင်ပေါ်ကျော်
ကြားတဲ့သားသမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်းအရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ်လုပ်လေ့ရှိတယ်။ဒီဘ၀တွင်ဘာသာ တရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးကဘယ်ဘက်မျက်ခန်းနဲ့အထက်နှုတ်ခမ်း
ကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲငွေကြေးတွေစည်းစိမ်ဥစ္စာတွေ ပြည့်စုံ နေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ကတည်းကကြန်းတမ်းတဲ့ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ဖြတ်သန်းရတတ်တယ်။ နောက်ပြီးအိမ်ထောင်ဆက်လဲများတတ်တယ်။ သူတို့တွေဟာအနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ဥဿဖယာ၊ပုလဲစတဲ့ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာ
ဝတ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံးရှုံးမှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ် ရွယ်နဲ့မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာဘာသာတရားကိုအထူးလိုက်စားပြီး ကိုယ်ကျင့်တရားအထူးကောင်းမွန်အောင်နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့တရစပ်ပြုလုပ်ဆောင်ရွက်ရမယ်။ အကျင့်သီလကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ရမယ်။ မွေးနေ့တိုင်းပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ဥဿဖယားလက်ဝတ်ရတနာတို့ကိုဝတ်ဆင် ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့နှုတ်တဆိတ်လို့ခေါ်တယ်။
ဘယ်ဘက်ပါးပြင်ပါးစပ်နားမှာထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုနှုတ်တဆိတ်လို့ခေါ်တယ်။အဲဒီမှဲ့ပိုင်ရှင်တွေဟာ စကားပြောအတော်ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာများတတ်ကြတယ်။အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ပိုင်ရှင်များဟာစိန်ရယ်မြရယ်ပြောင်ခေါင်းစိမ်း ရတနာတို့ကိုဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကိုခံစားရတယ်။အဖြူရောင်အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင်မို့မို့မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။လူတစ်ဦးကိုအလွယ် တကူ နှစ်သက်တတ်တယ်။
ကိုယ့်အပေါ်ကိုအိမ်ထောင်ဘက်ကချစ်ခင်အောင်စွဲလန်း အောင်အမျိုးမျိုးဆောင်ရွက်လေ့ရှိတယ်။သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီးဆောင်ထားသင့်တယ်။အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

Credit>>>မြန်မာ့ရိုးရာဗေဒင်ပညာရပ်

Continue reading →