MSN Messenger ကို အောက်တိုဘာလတွင် အပြီးတိုင် ရပ်ဆိုင်းမည်

0
Monday, September 01, 2014



Windows Live Messenger ဟု လူသိများသည့် MSN Messenger ကို အောက်တိုဘာလ ၃၁ ရက်တွင် အပြီးတိုင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း Microsoft မှ ကြေညာလိုက်သည်။

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်နှစ်က Microsoft မှ ကြေညာခဲ့ပြီး Skype ကို ပြောင်းလဲသုံးစွဲ စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံတွင်မူ MSN Messenger ကို ဆက်လက်သုံးစွဲခွင့်ပေးခဲ့သည်။ ထို့နောက် အောက်တိုဘလာ ၃၁ ရက် နောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ MSN Messenger သုံးစွဲသူများ အနေဖြင့် Skype ကို ပြောင်းလဲသုံးစွဲရန် လိုအပ်မည် ဖြစ်သည်။

Microsoft သည် MSN Messenger ကို AOL ၏ AIM ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်ရန် ၁၉၉၉ ခုနှစ်က စတင်ခဲ့သည်။ MSN Messenger သည် AIM ကို အသုံးပြုနိုင်ရန် အထောက်အပံ့ ပေးခဲ့သော်လည်း AOL က Microsoft ကို ဆက်လက် တားမြစ်ရန် ကြိုးပမ်းခဲ့သည်။ MSN Messenger ကျော်ကြားလာချိန်တွင် Microsoft က custom emoticon များ၊ ဂိမ်းများနှင့် chat window ကို တုန်ခါစေနိုင်သည့် featureျားကို ဖန်တီး ထည့်သွင်းပေးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် Microsoft က MSN Messenger ကို Windows Live Messenger ဟု အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် Windows Live Messenger ကို လစဉ်သုံးစွဲသူ သန်း ၃၃၀ ကျော် ရှိလာခဲ့သည်။

Microsoft သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် MSN Messenger အသုံးပြုခွင့် ရပ်ဆိုင်းပြီး Skype ကို ပြောင်းလဲအသုံးပြုရန် စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံရှိ သုံးစွဲသူများအတွက် ၎င်းဝန်ဆောင်မှုကို တရုတ်မီဒီယာကုမ္ပဏီ TOM Group နှင့် ပူးပေါင်းကာ ဆက်လက် အသုံးပြုခွင့်ပေးခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က TOM Group နှင့် Skype တို့အကြား အငြင်းပွားဖွယ် ဖြစ်ပွားခဲ့ပြီးနောက် MSN Messenger အသုံးပြုခွင့် အပြီးတိုင် ရပ်ဆိုင်းရန် Microsoft က ကြေညာခဲ့ခြင်း ဖြစ်သည်။

Ref: Forbes

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com