Sapphire screen နှင့် iPhone model...?

0
Wednesday, August 20, 2014


Apple က iPhone 6 ကို ပွဲထုတ်လာမယ့် အချိန်ကို စောင့်ရဖိုဆိုရင် တစ်ကယ်ကျတော့ တစ်လလောက်တောင် မလိုတော့ပါဘူး။ ဒါပေမယ့် iPhone 6 ရဲ့ display screen မှာ Sapphire glass တပ်ဆင်ရေး အတွက်တော့ Apple မှာ အခုချိန်ထိ အချေအတင် ဆွေးနွေးနေရတုန်း အနေအထားပါလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

Mesa မှာ ရှိတဲ့ Apple ရဲ့ Sapphire screen ထုတ်လုပ်တဲ့ စက်ရုံက တစ်ကမ္ဘာလုံး လိုအပ်ချက်ရဲ့ နှစ်ဆမျှ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် လုံလောက်တဲ့ ကုန်ကြမ်းရဖို့ မနည်းလှုပ်ရှားနေရပါတယ်...

ဒါကြောင့်မို့ Sapphire screen ကို ဈေးကြီးပြီး မော်ဒယ်လ်မြင့်၊ screen size ပိုကြီးတဲ့ iPhone model နှစ်ခုမှာပဲ သီးသန့်အထူး တပ်ဆင်ရမလား ဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။


Sapphire screen တစ်ခုရဲ့ ထုတ်လုပ်မှုစရိတ်က $16 လောက်ရှိပြီး လက်ရှိ Gorilla Glass ရဲ့ ထုတ်လုပ်မှုစရိတ် $3 နဲ့ ယှဉ်ရင် အလွန်ဈေးမြင့်ပါတယ်။
Apple အနေနဲ့ ထုတ်လုပ်မှုစရိတ် မြင့်တာရယ်၊ ကုန်ကြမ်း ရှားပါးတာရယ်ကြောင့် Sapphire screen ပါရှိမယ့် iPhone model အတွက် သီးသန့်ဈေးနှုန်းတစ်ခု သတ်မှတ်ဖို့ ရှိနေပါတယ်။

ဒီထက်အရင်က ကောလဟာလ သတင်းတစ်ခုမှာတော့ Sapphire screen ကို 64GB iPhone model မှာပဲ တပ်ဆင်လိမ့်မယ်လို့ ထွက်ခဲ့ဖူးပါတယ်။ အခုနောက်ထပ် အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက၊ Sapphire screen ကို လုံလောက်အောင် စီစဉ်ပြီးမှ iPhone 6s နဲ့မှ တစ်ပါတည်း ပွဲထုတ်လိမ့်မယ်လို့လည်း ပြောဆိုနေပါတယ်။

အကြမ်းခံတဲ့ Sapphire crystal ကို iPhone 5s (ယခုမော်ဒယ်လ်)ရဲ့ Home button နဲ့ Rare Camera lens အတွက် အသုံးပြုထားပါတယ်၊ သို့သော် iPhone မျက်နှာပြင် screen တစ်ခုလုံးအတွက် ဆိုရင်တော့ ကုန်ကျစရိတ် မြင့်လွန်းပါတယ်။

Sapphire screen တွေကို ပိုပြီး အကြမ်းခံစေဖို့ မှန်အပေါ်ကို ထပ်ပြီး laminate လောင်းနိုင်မယ့် စက်အသစ် တစ်မျိုးကို GT Advanced Technologies ကုမ္ပဏီက တီထွင်နိုင်ခဲ့ပေမယ့် ဒီစက်တွေကို စတင် လည်ပါတ်နိုင်စေဖို့ ဆိုရင် နောက်ထပ် လအနည်းငယ် အချိန်ယူရပါလိမ့်ဦးမည်... 


Credit >>> မိုးသိကြား

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com