Apple ID ကို လုံခြုံရေးတိုးမြှင့်နည်း

0
Thursday, August 14, 2014


Apple ရဲ့ product တွေကို အသုံးပြုနေသူများအတွက် မရှိလို့ မဖြစ်တာ/မရတာ က Apple ID ပါ။
Apple ID မည်မျှ အရေးကြီးသည် အရေးပါသည်ကို Apple သုံးနေသူတိုင်း နားလည်သိရှိထားပြီး ဖြစ်ပါလိမ့်မယ်...

ထို့အတူ App, Music, Video အစရှိသည်ဖြင့်တို့ကို Apple Store က ဝယ်ယူနိုင်ဖို့ အတွက် မိမိရဲ့ Apple ID မှာ bank account, credit number အစရှိသည့် ငွေရေး ကြေးရေးဆိုင်ရာ အချက်အလက် တို့ကို ဖြည့်သွင်းထားပါက မိမိရဲ့ Apple ID ဟာ လုံခြုံစိတ်ချရဖို့ ပိုပြီး အရေးကြီးလာပါတယ်...

အကယ်၍များ တစ်စုံတစ်ယောက်က မိမိရဲ့ password နဲ့ security questions များကို မှန်းဆသိရှိ၍ မှန်ကန်သွားခဲ့ပါက ကိုယ့်ရဲ့ Apple ID ကို အသုံးချပြီး iTunes နဲ့ App Store တို့မှာ ဘာမဆို ဝယ်ယူသွားနိုင်ပါတယ်..

ယခုကဲ့သို့သော အခြေအနေမျိုးကို စိုးရိမ်နေရသူများအတွက် Two-Step Verification နည်းကို အသုံးပြုခြင်းဖြင့် မိမိရဲ့ အချက်လက်တွေကို ပိုမိုလုံခြုံစေနိုင်ပါလိမ့်မယ်..

Two-Step Verification ပြုလုပ်ထားခြင်းဖြင့် တစ်ယောက်ယောက်က သင့်ရဲ့ Apple ID နှင့် Password ကို သိနေသည့်တိုင်အောင် မိမိရဲ့ ခွင့်ပြုချက် မရပဲ ဘာကိုမျှ ဝယ်ယူနိုင်မည် မဟုတ်ချေ။

Apple ID ကို Two-Step Verification ခံထားနည်း

၁) ပထမဦးစွာ My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။


၂) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။


၃) ထို့နောက် Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၎) Apple မှ verification code တစ်ခုကို email ပေးပို့လာပါလိမ့်မည်။ အဆိုပါ code ကို အသုံးပြုပြီး ရှေ့ဆက်လုပ်ဆောင်ရပါမည်။

၅) verification code ကို ရိုက်သွင်းပြီးသွားတဲ့အခါမှာ Sign Up လုပ်သောအဆင့် ပြီးဆုံးသွားပါပြီ၊ အချိန်(၃)ရက်ခန့် စောင့်ရပါမည်။ ထို့နောက် Apple ကနေ email တစ်စောင် ပေးပို့ အကြောင်းကြာလာပါမည်။

၆) ထိုအခါကျမှ နောက်တစ်ကြိမ် My Apple ID ကိုသွားပြီး 'Manage your Apple ID' ကို နိပ်၍ Sign In ဝင်ပါ။

၇) Password and Security ကိုနှိပ်ပြီး security questions များကို မှန်ကန်စွာ ဖြေဆိုပြီး "Continue" နှိပ်ပါ။

၈) Two-Step Verification အောက်ရှိ "Get Started" ကို နှိပ်ပါ။

၉) မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်သွင်းပေးပါ။ Apple မှ ထိုဖုန်းနံပါတ်သို့ verification code တစ်ခု ချက်ခြင်းပေးပို့ပါလိမ့်မည်။

၁၀) ထို code number ကို ရိုက်သွင်းပေးလိုက်ပါက "Recovery Key" တစ်ခု ရရှိပါလိမ့်မည်။      (Recovery Key ကို စိတ်ချလုံခြုံသောနေရာတွင် သိမ်းထားပါ)

၁၁) Recovery Key ကို confirm လုပ်ပါ။

၁၂) box တွင် အမှန်ခြစ်ရွေးပြီးနောက် "Enable Two-Step Verification" ကို နှိပ်ပါ။


ယခုအချိန်မှစ၍ တစ်ခုခု ဝယ်ယူတော့မည် ဆိုပါက -
ပထမအဆင့် Apple ID နှင့် Password ရိုက်ထည့်ရမည်။

ဒုတိယအဆင့် Apple က သင့်ထံသို့ verification code တစ်ခု အမြဲပို့ပေးမှာဖြစ်ပြီး ထို code ကို ဖြည့်သွင်းရမည်။

တတိယအဆင့် အဖြစ် ကနဦးက သိမ်းထားနှင့်သော "Recovery Key" တို့ကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

အထက်ပါ အဆင့် သုံးဆင့်ကို ကာယကံရှင် မဟုတ်သော သူတစ်ယောက် အနေနှင့် ကျော်ဖြတ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် သင့်ရဲ့ Apple ID ဟာ အလွန် စိတ်ချရသော အနေအထားမှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


မိုးသိကြား

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com