SRS System

0
Sunday, June 15, 2014


ဒီစနစ်ကတော့ မိုဘိုင်းဖုန်းတွေပေါ်မှာ စတင်ထည့်သွင်းခဲ့တာဟာ အချိန်သိပ်မကြာမြင့်သေးပါဘူး။ နောက်ပိုင်းထွက် နည်းပညာမြင့် ဖုန်းတွေပေါ်မှာမှ မြင်တွေ့နိုင်မယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။

SRS ဆိုတာကတော့ မိုဘိုင်းဖုန်းတွေအတွက် အသံပိုင်းဆိုင်ရာစနစ်တွေဖြစ်တဲ့ Audio စနစ် နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ ဟန်းဆက်တွေပေါ်မှာ အသံတွေကို အကောင်းဆုံး နားဆင်ခံစားနိုင်စေဖို့အတွက် ရည်ရွယ်ခဲ့တဲ့ နည်းပညာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ SRS ဆိုတာကတော့ Sound Retrieval System လို့ခေါ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီနည်းပညာကတော့ အသံပိုင်းဆိုင်ရာစနစ်အတွက် 3D Audio နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းညာကိုတော့ ၁၉၈၀ ခုနှစ် အစောပိုင်းလောက်မှ စတင်ထီထွင်ခဲ့တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဒီစနစ်ဟာ အသံပိုင်းဆိုင်ရာ စနစ်ပိုင်းတွေအတွက် ကြည်လင်ပြတ်သားတဲ့ အသံစနစ်ကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီစနစ်ဟာ 3D Sound Audio စနစ်ဖြစ်ပေမယ့် ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာ နားထောင်မယ့်လူရဲ့နားနဲ့ အသံတွေကို သယ်ယူပို့ဆောင်ပေးတဲ့စနစ်ကို ထပ်မံဆန်းသစ်တီထွင်ခဲ့ပြီး စပီကာနှစ်လုံးနဲ့တင် 3D Sound စနစ်ကို အသုံးပြုခဲ့ကြပါတယ်။ SRS System ဟာ Dolby Digital Sound ရဲ့စနစ်ပိုင်းတွေနဲ့တော့ မတူညီဘူးလို့ဆိုပေမယ့် ပုံမှန်အသံဖမ်းယူမှု ပုံစံပိုင်းတွေမှာတော့ အတူတူပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ SRS Audio Processor စနစ်ကို လိုင်စင်စနစ်နဲ့ စတင်ခဲ့တာကတော့ ၁၉၉၀ အစောပိုင်းလောက်မှာဖြစ်ပြီး ဒီနည်းပညာပါဝင်တဲ့ ပစ္စည်းတွေကို Sony နဲ့ Thomson တို့က ပြုလုပ်ခဲ့တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတဲ့ Electronic Device တွေကို ထုတ်လုပ်ခဲ့ကြပြီး Sony ရဲ့ထုတ်ကုန်တွေမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ များစွာသော TV တွေမှာ ဒီစနစ်ကို Builtin အဖြစ် ထည့်သွင်းပေးထားပြီး SRS စနစ်ပါဝင်တဲ့ TV နဲ့အခြား Device တွေကို စတင်ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရေးသားသူ -ကိုသက်

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com