Operating System အမျိုးမျိုးအတွက် Bootable USB Drives နဲ့ SD Cards ပြုလုပ်နည်းများ

0
Wednesday, July 09, 2014



Operating System များအတွက် Installation Media များပြုလုပ်ရတာလွယ်ကူပါတယ်။ ISO ဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး CD/DVD မှာ Burn လိုက်ရုံပါပဲ။ USB Drives နဲ့ SD Cards များကို Installation Media အဖြစ်ပြုလုပ်မယ်ဆိုရင်တော့ အနည်းငယ် အလုပ်ပိုပြီး Operating System တစ်ခုချင်းစီအတွက် သီးခြားနည်းလမ်းများ ရှိပါတယ်။
ISO Disc Image ကနေ ဖိုင်များကို ကော်ပီကူးပြီး USB Drive မှာ Paste လုပ်ရုံနဲ့ မရပါဘူး။ USB Drive ရဲ့ Data Partition ကို Bootable ဖြစ်အောင် ပြုလုပ်ရမှာပါ။ ဒီလိုလုပ်ရင် USB Drive or SD Card မှ ဒေတာများကို ဖျက်ဆီးပစ်မှာကို သတိပြုပါ။

Linux
-------
Bootable Linux USB Drives များ ပြုလုပ်ဖို့အတွက် Universal USB Installer ကို အသုံးပြုဖို့ Ubuntu က အကြံပေးထားပါတယ်။ Universal USB Installer က Linux Distribution များစွာအတွက် Bootable Disc Images များပြုလုပ်ပေးနိုင်ပါတယ်။
အသုံးပြုချင်တဲ့ Linux Distribution ရဲ့ .ISO ဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ Universal USB Installer ကို Run ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ ISO ဖိုင်နဲ့ USB Drive ကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ Create ကို နှိပ်ပြီးအချိန်အနည်းငယ်စောင့်ပါ။ ဒါဆိုရင် Bootable Linux USB Drive ပြုလုပ်ပြီးပါပြီ။ အဲဒီ USB Drive ကနေ Linux OS ကို အင်စတော လုပ်နိုင်ပါပြီ။


Linux မှာ အသုံးပြုနိုင်တဲ့ အခြား Tool တစ်ခုရှိပါသေးတယ်။ Ubuntu မှာ Bootable USB Drive များပြုလုပ်ဖို့ Startup Disk Creator Tool ပါရှိပါတယ်။

UNetbootin ကိုလည်း Linux မှာ အသုံးပြုနိုင်ပါတယ်။

IMG File
------------
အချို့ Operating System များက ISO ဖိုင်အစား IMG ဖိုင်များကို ပေးလေ့ရှိပါတယ်။ IMG ဖိုင်ဟာ USB Drive ဆီသို့ တိုက်ရိုက် အင်စတော လုပ်လို့ရတဲ့ Raw Disk Image ဖြစ်ပါတယ်။
IMG ဖိုင်ကို USB Drive or SD Card မှာ အင်စတောလုပ်ဖို့ အတွက် Win32 Disk Imager ကို အသုံးပြုပါ။ Win32 Disk Imager ကို Run ပြီးရင် IMG ဖိုင်နဲ့ Drive ကို ရွေးပေးပါ။ ပြီးရင် Write ကို နှိပ်ပါ။ ဒါဆိုရင် IMG ဖိုင်အတွက် Bootable USB Drive ရရှိပါပြီ။ USB Drive မှာ ရှိတဲ့ ဒေတာများကိုတော့ ဖျက်ပစ်မှာကို သတိပြုပါ။ Win32 Disk Imager ကို အသုံးပြုပြီး USB Drives နဲ့ SD Cards များရဲ့ IMG ဖိုင်များလည်း ပြုလုပ်နိုင်ပါတယ်။

Linux အသုံးပြုသူများအတွက် dd command ကို အသုံးပြုပြီး IMG ဖိုင်ကို USB Drive မှာ အင်စတော လုပ်နိုင်ပါတယ်။ USB Drive ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီးရင် အောက်ပါ Command ကို Ubuntu မှာ Run ပေးပါ။

sudo dd if=/home/user/file.img of=/dev/sdX bs=1M

/home/user/file.img နေရာမှာ IMG ဖိုင်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပေးပါ။ /dev/sdX နေရာမှာ USB or SD Card ရဲ့ လမ်းကြောင်းကို ပြောင်းလဲပေးပါ။ USB Drive ရဲ့ လမ်းကြောင်းကို ရေးတဲ့အခါမှာ သတိထားပါ။ System Drive ရဲ့ လမ်းကြောင်းကို ရေးမိရင် Operating System Drive ကို ဖျက်မိနိုင်လို့ဖြစ်ပါတယ်။

Windows 7/8
----------------
Windows 7/8 တို့အတွက် Microsoft ရဲ့ Windows 7 USB/DVD Download Tool ကို အသုံးပြုနိုင်ပါတယ်။ Windows 7 USB/DVD download Tool ကို ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပြီး Run ပါ။ ISO ဖိုင်ကိုရွေးပေးပြီးရင် Next နှိပ်ပါ။ နောက်အဆင့်မှာ USB Device ကို နှိပ်ပါ။ Usb Drive ကိုကွန်ပြူတာနဲ့  ချိတ်ဆက်ပြီး Begin copying နှိပ်ပါ။ ဒါဆိုရင်သင့် USB Drive ကိုဖောက်မက်ချပြီး Windows Installer ဖိုင်တွေကိုစတင်ကူးပါပြီ။ ပြီးရင်တော့ “Backup completed” ကိုတွေ့ မြင်ရမှာပါ။

Mac OS X
-------------
Mac App Store မှ OS X Mavericks Installer ကို ဒေါင်းလုပ်လုပ်ပါ။ ဒီလိုလုပ်ဖို့ Mac App Store ကို ဖွင့်ပြီး OS X Mavericks ကို ရှာပါ။ ပြီးရင် Install App ကို နှိပ်ပြီး Download ပြုလုပ်ခြင်းကို Confirm လုပ်ပါ။ Installer ကို ရရင် USB Drive ကို ကွန်ပြူတာမှာ ချိတ်ဆက်ပါ။ 8GB နဲ့ သူ့အထက် USB Drive or SD Card လိုအပ်ပါတယ်။ ပြီးရင် Third-Party Tool တစ်ခုဖြစ်တဲ့ Disk Maker X ကို အွန်လိုင်းမှာ အခမဲ့ရယူပါ။ Disk Maker X ကို ဖွင့်ပြီးရင် Mac OS X အတွက် Bootable OS X USB Drive တစ်ခု အလွယ်တကူ ဖန်တီးနိုင်ပါတယ်။

ေေေေေ  နောက်ထပ်တစ်နည်းက Terminal ကို အသုံးပြုရတာပါ။ Terminal App ကို ဖွင့်ဖို့ Command + Space ကို နှိပ်ပြီး Terminal လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ အောက်က Command ကို Run ပါ။ Name နေရာမှာ USB Drive ရဲ့ နာမည်ကို ပြောင်းပေးပါ။

sudo /Applications/Install\ OS\ X\ Mavericks.app/Contents/Resources/createinstallmedia –volume /Volumes/Name –applicationpath /Applications/Install\ OS\ X\ Mavericks.app –nointeraction

Rufus ဆိုတဲ့ Tool က Linux ISO, IMG နဲ့ Windows ISO ဖိုင်တွေကနေ Bootable Drives များပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ဖော်ပြပေးထားတဲ့ Operating System တစ်ခုချင်းစီအတွက် သီးခြားနည်းလမ်းများက နာမည်အကြီးဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။
Credit Digital Life Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com