Icycle : On Thin Ice 1.0.4(iOS)

0
Tuesday, July 08, 2014

maxresdefault
Icycle : On Thin Ice ဟာ စွန့်စားခန်းဇာတ်လမ်းသွားဂိမ်းလေးတစ်ခုဖြစ်ပါတယ်။
ဒီ ဂိမ်းမှာ ကိုယ်က Dennis ဆိုတဲ့ ၀တ်လစ်စလစ်ဇာတ်ကောင်လေးနေရာကနေ၀င်ဆော့ရမှာဖြစ်ပါတယ်
ဂိမ်းလေးက ပျက်စီးနေတဲ့ ကမ္ဘာကနေ သာယာလှပတဲ့ကမ္ဘာနဲ့ အချစ်ကို စက်ဘီးတစ်စီး ထီးတစ်လက်နဲ့ ရှာဖွေရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းဇာတ်ကွက်အင်မတန်ကောင်းမွန်ပါတယ်။
ရုပ်ထွက်လဲကောင်းပြီး နောက်ခံတီးလုံးကလဲရိုးရှင်းပါတယ်။
အခက်အခဲတွေအများကြီးကိုကျော်ဖြတ်သွားရပြီး မိမိကိုယ်ကိုသူရဲကောင်းကြီးတစ်ယောက်လို့ခံစားရစေပါတယ်။

ဒီဂိမ်းဟာသာမန်ဇာတ်လမ်းသွားဂိမ်းတွေနဲ့မတူပဲ ကင်မရာအလှည့်အပြောင်းတွေ ရုပ်ရှင်ဆန်ဆန်သွားလာမှုတွေကဖမ်းစားနိုင်မှာပါ
ရေခဲတွေကြား မီးလျှံတွေကြားကနေ စက်ဘီးလေးတစ်စီး ထီးလေးတစ်ချောင်းနဲ့ သွားနေရတာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်
ဒါပေမယ့် တစ်ချို့အခန်းတွေက အနည်းငယ်ခက်ခဲပြီး စိတ်မရှည်တာမျိုးကြုံရတတ်ပါတယ်

2.99$ နဲ့
https://itunes.apple.com/us/app/icycle-on-thin-ice/id695108484?mt=8
မှာ ၀ယ်ဆော့နိုင်ပါသည်

Credit >>> Apple4MM

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com