Android Device မှာ ကော်ပီကူးထားတဲ့ စာများကို သိမ်းပေးထားမယ့် Copy Bubble

0
Wednesday, July 09, 2014



 
PC များမှာ စာသားများ၊ဖိုင်များနဲ့ ဖိုဒါများကို Copy , Paste လုပ်နိုင်တဲ့ Clipboard စွမ်းဆောင်ချက်ပါရှိပါတယ်။ Android မှာလည်း Copy , Paste လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ ဒါပေမယ့် Android မှာတော့ တစ်ကြိမ်မှာ တစ်ခုကိုသာ သိမ်းပေးနိုင်ပါတယ်။ Copy Bubble က Android မှာ စာသားများစွာကို သိမ်းပေးနိုင်ပြီး လိုအပ်တဲ့အချိန်တိုင်းမှာ ပြန်လည် အသုံးချနိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ Android Clipboard Manager တစ်ခုဖြစ်ပါတယ်။ Android Clipboard Manager များစွာ အရင်က ထွက်ပေါ်ခဲ့ဖူးပေမယ့် Copy Bubble ရဲ့ ထူးခြားချက်က သိမ်းထားတဲ့ စာသားများကို အလွယ်တကူ အသုံးပြုနိုင်ဖို့ Floating Window အနေနဲ့ ပြသပေးနိုင်တာဖြစ်ပါတယ်။
Copy Bubble ရဲ့ သဘောတရားက ရိုးရှင်းပါတယ်။ စာသားတစ်ခုကို ကော်ပီလုပ်လိုက်တာနဲ့ App က စာသားကို သိမ်းပေးမှာဖြစ်ပါတယ်။ စာသားများစွာကို သိမ်းနိုင်ပြီး သိမ်းထားတဲ့ စာသားများကို List တစ်ခုအနေနဲ့ ပြသပေးနိုင်ပါတယ်။ App မှာ စာပိုဒ်များ၊ လင့်များနဲ့ စာသားများကို သိမ်းနိုင်ပါတယ်။ Copy Bubble ကို အင်စတော လုပ်ပြီးလို့ ပထမဆုံးအကြိမ်ဖွင့်ရင် App ရဲ့ စွမ်းဆောင်ချက်များကို ပြသပေးမှာဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ပြသချက်များကို ကြည့်နိုင်ပါတယ်။

ကြည့်ရှုပြီးရင် Home Button ကို နှိပ်ပြီး ပိတ်နိုင်ပါတယ်။ ပိတ်လိုက်တာနဲ့ Copy Bubble ကို Activate လုပ်ပေးမှာဖြစ်ပြီး Screen ပေါ်မှာ Floating Icon ကို မြင်တွေ့နိုင်ပါတယ်။ အိုင်ကွန်ကို နှိပ်ရင် သိမ်းထားတဲ့ စာသားများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Copy Bubble က စာသားများကိုသာ သိမ်းပေးနိုင်ပြီး Video, Pictures, Music များကို သိမ်းပေးနိုင်ခြင်းမရှိပါဘူး။ အိုင်ကွန်မှာ သိမ်းထားတဲ့ စာသား အရေအတွက်ကို ပြသပေးထားပါတယ်။ Floating Icon ကို Drag ဆွဲပြီး နှစ်သက်ရာ ထောင့်နားမှာ ထားနိုင်ပါတယ်။

App မှာ သိမ်းထားတဲ့ စာသားများကို ပြန်လည် အသုံးပြုဖို့အတွက် Floating Icon ကို တစ်ချက်နှိပ်ပါ။ သိမ်းထားတဲ့ စာသားများကို တွေ့ရမှာဖြစ်ပြီး မလိုအပ်တော့တဲ့ စာသားများကို ဖျက်ပစ်ဖို့အတွက် ညာဘက်ထောင့်မှ ကြက်ခြေခတ် ကို နှိပ်ပါ။ သိမ်းထားတဲ့ စာသားတစ်ခုကို ကော်ပီလုပ်ဖို့အတွက် စာသားကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Copied. You can paste it anywhere. ဆိုတဲ့ Message ပေါ်လာမှာဖြစ်ပြီး နှစ်သက်ရာ App မှာ Paste လုပ်နိုင်ပါတယ်။
Copy Bubble ရဲ့ Settings ထဲမှာတော့ App ကို Rate လုပ်ဖို့နဲ့ Developer ကို ဆက်သွယ်ဖို့သာပါရှိပြီး ထွေထွေထူးထူး ပြုပြင်စရာ မရှိပါဘူး။
Copy Bubble ဟာ Android မှာ Copy , Paste လုပ်တဲ့ စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ Android မှာ အလုပ်ကိစ္စများ ပြုလုပ်သူများအတွက် သင့်တော်တဲ့ App တစ်ခုဖြစ်ပါတယ်။ Copy Bubble ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။ 
Credit Digital Life Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com