Mac Pro ကို လုံခြုံမှုရှိစေမည့် Security Lock Adapter

0
Monday, July 07, 2014


လက်ရှိ အသုံးပြုနေသည့် Kensington lock များအပြင် အခြားသော third-party lock များနှင့် တွဲဖက် အသုံးပြုနိုင်ပြီး Mac Pro ကို လုံခြုံအောင် ပြုလုပ်ထားနိုင်မည့် Mac Pro Security Lock Adapter ကို Apple က ၄၉ ဒေါ်လာဖြင့် ၎င်း၏ အွန်လိုင်းစတိုးမှတစ်ဆင့် ရောင်းချခဲ့သည်။
ယခင်က Mac Pro သုံးစွဲသူများသည် ၎င်းတို့၏ ထုတ်ကုန်ကို လုံခြုံမှုရှိစေရန် အတွက် ကိုယ်ပိုင် lock များကို ဖန်တီး အသုံးပြုခဲ့ရသလို ဈေးကြီးသည့် third-party lock များကိုလည်း မှာယူ အသုံးပြုခဲ့ရသည်။
Apple ၏ Mac Pro Security Lock Adapter သည် Mac Pro ၏ အဖုံးကို လုံခြုံမှုရှိစေသောကြောင့် စက်၏ အတွင်းပိုင်းရှိ hardware များကို အလွယ်တကူ မယူနိုင်ရန် ကာကွယ်ပေးသည် ထို့အပြင် cable lock ကလည်း Mac Pro ကို လုံခြုံအောင် ပြုလုပ်ပေးနိုင်သောကြောင့် သူခိုးများ၏ ရန်မှလည်း ကာကွယ်ပေးနိုင်သည်။
အဆိုပါ Mac Pro Security Lock Adapter ကို လက်ရှိတွင် Apple Online Store မှတစ်ဆင့် ၄၉ ဒေါ်လာဖြင့် ရောင်းချနေပြီး Apple လက်လီစတိုးများတွင် လာမည့် ရက်အနည်းငယ်အတွင်း ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။
Ref: MacRumors
Credit Internet Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com