128GB storage iPhone 6 (5.5-inch) ONLY

0
Monday, July 07, 2014

iPhone 6 ထွက်လာဖို့ အချိန်နီးကပ်လာတာနဲ့အမျှ သတင်းအသစ် တွေကလည်း တစ်စတစ်စ ထွက်ပေါ်လာနေပါတယ်..

ယနေ့အစောပိုင်း သတင်းအရ iPhone 6 ကို (storage size) 32GB နဲ့ 64GB နှစ်မျိုးသာ ထုတ်ပေးမှာဖြစ်ပြီး 16GB ရှိမှာ မဟုတ်တော့ဘူး ဆိုတဲ့ သတင်းကြောင့် Apple ပရိဿတ်ကို အံ့သြစေခဲ့ပါတယ်။ ထို့အတူ 16GB နေရာမှာ Apple က 128GB များ အစားထိုး မိတ်ဆက်ပေးလာမလား ဆိုတဲ့ မျှော်လင့်ချက်မျိုးကို ဖြစ်စေပါတယ်..


ယခုတော့ Apple က storage size 128GB ကို iPhone 6 (5.5-inch) အတွက် မိတ်ဆက်ဖို့ ရှိနေတယ်လို့ တရုပ်သတင်း web site တစ်ခုဖြစ်တဲ့ Wei Feng မှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

iPhone 6 (4.7-inch) နဲ့ (5.5-inch) မော်ဒယ် နှစ်ခုအကြား အဓိက ကွာခြားချက်အဖြစ် Display size အပြင် Storage size ပါ ဖြစ်လာပါလိမ့်မယ်။ "phablet" ဆိုတဲ့အတိုင်း data တွေ များများ သိမ်းဆည်းနိုင်တဲ့ storage size မျိုး၊ သုံးစွဲသူတေကို ရရှိခံစားစေတာ ဖြစ်ပါတယ်။

မည်သို့ဆိုစေကာမူ Apple က 16GB ကို ဖယ်ခွာပြီး 128GB ကိုလည်း iPhone 6 (5.5-inch) တစ်မျိုးထဲ အတွက်သာ ရည်ရွယ်ထားတာ ဆိုရင်တော့ iPhone 6 (4.7-inch) မှာ 32GB, 64GB ရွေးချယ်စရာ နှစ်ခုပဲ ကျန်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ Apple ရဲ့ နဂိုမူလ ပုံစံ ဖြစ်တဲ့ Device တစ်ခုအတွက် storage size သုံးခု ရွေးခွင့်ပေးနေကျ လမ်းကြောင်းနဲ့ ဆန့်ကျင်သွားပြီ ဖြစ်ပါတယ်။

ပါးပါးလျှလျှ ကိုယ်ထည်၊ ပိုမိုမြန်ဆန်တဲ့ processor ၊ ကင်မရာပိုင်း ဆိုင်ရာကို အဆင့်မြှင်တင်ထားတဲ့ iPhone 6 ကို လာမယ့် စက်တင်ဘာ မှာ ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်...

Display size ပိုကြီးတဲ့ iPhone 6 (5.5-inch) မှာ ပိုမိုကောင်းမွန်တဲ့ ကင်မရာ မှန်ဘီလူး၊ ပုံရိပ်ဖမ်း စနစ်တို့ ပါဝင်လာလိမ့်မယ်လို့ ကောလဟလ သတင်းများ ထွက်နေပါတယ်။
ဒါဆိုရင်တော့ ကင်မရာပိုင်းဆိုင်ရာ အားသာချက်ဟာ iPhone 6 (4.7-inch) နဲ့ ကွာခြားသွားဦးမယ့် နောက်ထပ် အချက် တစ်ခုများ ဖြစ်နေမလား ဆိုတာ စောင့်ကြည့်ရပါလိမ့်ဦးမည်.. 
 
 
Credit >>> မိုးသိကြား

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com