Google Now ကိုယ်ရေး လက်ထောက် က ကားရပ် နားရာ နေရာ ကို မှတ်သား နိုင်ပြီ

0
Tuesday, May 13, 2014









Google က စမတ်ဖုန်းများ မှာ ကိုယ်ရေး လက်ထောက် Google Now ကို ထည့်သွင်းပေး ထားပြီး ယခု
အခါ Google Now က ကားရပ်နားရာ နေရာ ကို မှတ်သားပေးနိုင်ပြီ ဟု သိရပါသည်။

Google Now က ကားရပ်နားရာ နေရာကို ကဒ်တစ်ခု ဖြင့် ပြသပေးမည် ဖြစ်ပြီး တည်နေရာ အတိအကျ
ကို သိနိုင်ပါသည်။ ယခင် ကားရပ်နားခဲ့သည့် နေရာများကို ကြည့်ချင်လျှင် Previous Locations ကို နှိပ်ရ
မည် ဖြစ်သည်။ Google က အသုံးပြုသူ ၏ ကားရပ်နားရာ တည်နေရာများ ကို အခြား သူများ နှင့် Share
ပြုလုပ်မည် မဟုတ်ဟု ကတိပေးပါသည်။

Google Now က စမတ်ဖုန်း ရှိ Sensor များကို အသုံးပြုပြီး ကားရပ်နားလိုက်သည် ကို သိရှိမှတ်သားပေး
နိုင်ပါသည်။ ထို့အတွက် ကားအတွင်း မှ ထွက်ခွာသည်နှင့် Google Now က ကားရပ်နားရာ နေရာ ကို
အလိုအလျှောက် မှတ်သားပေးမည် ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်ကို အသုံးမပြုချင်လျှင် Disable ပြု
လုပ်နိုင်ပါသည်။

အခြား ပြောင်းလဲမှုများတွင် Reminder Interface အသစ်ပါရှိလာခြင်း၊ Settings အချိုကို အသံဖြင့် ဖွင့်နိုင်
ခြင်း တို့ ဖြစ်ပါသည်။ ဖုန်း ရှိ Contact များကို Nickname များ ပေးနိုင်သည့် စွမ်းဆောင်ချက် သည် ယခင်
ကတည်းက ပါရှိသော်လည်း ယခု Update တွင် အဆိုပါ Nickname များကို Settings ထဲတွင် စီမံခန့်ခွဲနိုင်
ပြီဖြစ်သည်။

သူရ

Myanmar Digital Life Journal မှကူးယူမျှဝေသည်။

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com