အရောင်အသွေးစုံလင်သည့် UI အသစ် ပါဝင်သော Android L ကို Google မိတ်ဆက်

0
Friday, June 27, 2014

ဗုဒ္ဓဟူးနေ့က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Google I/O developer conference ၌ Google က နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သည့် Android L ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Android L ကို Material Design ဟုခေါ်သော အရောင်အသွေးစုံလင်သည့် အသွင်အပြင်သစ်ဖြင့် ဒီဇိုင်းပြောင်းလဲထားသည်။
Material Design သည် Google ၏ platform အားလုံးကို အသွင်အပြင်သစ်နှင့် အသုံးပြုနိုင်စေမည်ဟု ဆိုသည်။ ထို့အပြင် Android အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းကလည်း Android L သည် သစ်လွင် ထင်ရှားပြီး အသွင်အပြင်သစ် အသုံးပြုနိုင်မည့် နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် Android L ၏ user interface အသစ်သည် developer များအား UI အတွင်း မည်သည့်အရာအတွက် မဆို တန်ဖိုးမြှင့်တင်ပေးနိုင်ပြီး element အတွက် မှန်ကန်သည့် ရှုထောင့်များနှင့် စစ်မှန်သည့် အရိပ်များကို ဖန်တီးနိုင်ကြောင်း သိရသည်။
Android L သည် developer များအား screen များအကြား ပြောင်းလဲသည့်အခါ ချောမွေ့သည့် animation များကိုလည်း ဖန်တီးပေးနိုင်ပြီး palette ဟုခေါ်သော feature သစ်ကလည်း user interface နှင့် ကိုက်ညီသည့် ပုံရိပ် အရောင်များကို အလိုအလျောက် သိမြင်နိုင်ကြောင်း ဆိုသည်။
Android L တွင် ပါဝင်သည့် battery saver mode အသစ်သည် ဘက်ထရီသက်တမ်းကို ကြာရှည်စေပြီး သုံးစွဲသူများက အခြား app များ အသုံးပြုနေစဉ်အတွင်း ဖုန်းခေါ်ဆိုမှုများနှင့် text ပေးပို့မှုများကို အလျင်အမြန် တုံ့ပြန်နိုင်မည့် Notifications ကို ပြောင်းလဲပြင်ဆင်ထားကြောင်း Google က ပြောကြားခဲ့သည်။
Developer များအတွက် Android L developer preview ကို ကြာသပတေးနေ့တွင် ဖြန့်ချိမည်ဖြစ်သည်။ သုံးစွဲသူများ၏ ဖုန်းများနှင့် tablet ကွန်ပျူတာများပေါ်တွင်မူ ယခုနှစ်ကုန်ပိုင်းမှသာ အသုံးပြုနိုင်ဖွယ်ရှိသည်။
Ref: AppleInsider
Credit Internet Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com