Mobile Carrier Hack *Tweak

0
Monday, July 14, 2014

တယ်လီဖုန်းရဲ့ လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေတဲ့ အပြင် FREE Hotspot ထုတ်လွှင့်ပေးနိုင်ပြီး အဆိုပါ Hotspot တစ်ခုထဲမှာ အသုံးပြုသူ ၁၀ယောက်မက တစ်ပြိုင်တည်း အသုံးပြုနိုင်သော စွမ်းဆောင်ရည်မြင့် Network ကို ဖန်တီးပေးနိုင်မယ့် Tweak တစ်ခုကို သတင်းပေးချင်ပါတယ်။

အဆိုပါ Tweak ကို အသုံးပြုပြီးနောက် ယခင်က လိုင်းမမိသော နေရာမှာ လိုင်းမိလာခြင်း၊ Picture, text message တို့ကို ပေးပို့ရာတွင် မြန်ဆန်လာခြင်း၊ Data speed ကိုမြင့်တက်လာစေပါတယ်။ ဒါတင်မကသေးပါဘူး မိမိရဲ့ iPhone ကနေပြီး လက်ကျန်ပိုက်ဆံ စစ်ဆေးနိုင်ခြင်း၊ အသုံးပြုခဲ့တဲ့ မိနစ်၊ ပေးပို့ခဲ့တဲ့ texts, data အသုံးပြုမှု စသည်တို့ကိုပါ ဖော်ပြပေးနိုင်ပါလိမ့်မယ်။

ယခုဖော်ပြပေးမည့် Tweak သည် Official အနေနှင့် ထွက်ရှိမလာသေးပဲ Beta version အနေနှင့်သာ ရှိနေသေးသည့်အတွက် အခြား Tweak များကဲ့သို့ Cydia တွင် Source ထည့်ပြီး Install လုပ်ရုံမျှနှင့် မလုံလောက်သေးပဲ မိမိကိုယ်တိုင် ကွန်ပျူတာကို အသုံးပြုကာ Menual လိုက်လုပ်ရမည့် အဆင့်များ ရှိနေပါသေးသည်။

**အထူးမှတ်ချက်**
"Carrier Update Hack" ဟု အမည်ပေးထားသော Tweak သည် သက်ဆိုင်ရာ Carrier တစ်ခုခြင်းစီအတွက် သီးသန့် လုပ်ဆောင်ထားပါသောကြောင့် နိုင်ငံအလိုက် မိမိအသုံးပြုနေသော သက်ဆိုင်ရာ ဖုန်းလိုင်းအတွက် Hack ကို မှန်ကန်စွာ ရွေးချယ်၍ Install လုပ်ဖို့ လိုပါတယ်...
Hack List တွင် မပါရှိသေးသော နိုင်ငံ ဖုန်းလိုင်းများအတွက်လည်း တစ်ဖြည်းဖြည်းခြင်း Update လုပ်ပေးသွားပါလိမ့်မယ်...

**လိုအပ်ချက်**
- Jailbroken iDevice
- Flex 2 (Paid Application ONLY!!)
- iFile


iOS 7.0.x မှာ အလုပ်လုပ်နိုင်ပြီး iPhone 5, 5C, 5S တို့အတွက် XLTE မှာ max limit 100Mbps သတ်မှတ်ထားချိန်တွင် ယခု tweak ကြောင့် download speed က 150MBps အထိ နှင့် upload speed က 50Mbps အထိ စွမ်းဆောင်နိုင်ပါတယ်။ ယခု tweak ဟာ beta version ပဲရှိသေးတာကြောင့် ဒီထက်မက ပိုမိုစွမ်းဆောင်လာနိုင်ဖို့ ရှိနေပါတယ်။

Features


  • Free HotSpot and Tethering
  • Boosted signal reception (greatly depends on area, coverage, and land features)
  • Boosted Data Speeds
  • Optimized QoS for overall data usage
  • Quicker LTE connection/reconnection time over 2G 1xRTT and 3G EvDO
  • Prioritization of LTE for weaker coverage areas
  • Ability to Edit APN settings
  • Ability to manually choose a carrier in the carrier selection menu
  • XLTE data indicator for Verizon LTE capable iPhones to represent their new XLTE network
  • IMS and VoLTE capabilities enabled
  • More potential roaming capabilities over CDMA and GSM networks



**လုပ်ငန်းစဉ်**

၁) ပထမဦးစွာ Cydia -> Sources -> Edit -> Add -> apt.chinasnow.net

      မှတ်ချက်။ ။ T-Mobile User များအတွက် icon သွင်းယူရန် Cydia Source တွင် cydia.myrepospace.com/iTweakiOS/ ကို သွင်းယူပြီးနောက် "T-Mobile US Icons (Short)" ကို Install လုပ်ထားပါ။

၂) iPhone ကို iTunes နဲ့ ချိပ်ပြီး BackUp လုပ်ထားပါ။ (ဤအဆင့်ကို ကျော်လိုက ကျော်သွားနိုင်ပါတယ်)

၃) မိမိအသုံးပြုနေသော သက်ဆိုင်ရာ ဖုန်းလိုင်းအတွက် Hack File ကို ဤနေရာတွင် Download လုပ်ပါ

၎) iPhone ကို iTunes နှင့် ဆက်လက် ချိပ်ဆက်ထားဖို့ လိုအပ်ပါတယ်။ (တက်လာသော prompts များကို ပိတ်ပါ)

၅) ယခုဆိုရင် Custom Carrier Update လုပ်ဖို့ အသင့်ဖြစ်နေပါပြီ... အောက်ပါအတိုင်း လုပ်ဆောင်ပါ။

      Windows User များအတွက်:

      Start -> All Programs -> Accessories -> Command Prompt ကို ဖွင့်ပါ။



      Windows (64bit) အတွက်

       - cd C:/Program Files (x86)/iTunes ဟု ရိုက်သွင်းပါ။


      - ထို့နောက် iTunes.exe/setPrefInt carrier-testing 1 (ကို Copy ယူပြီး၊ Commend Prompt တွင် Paste ချပါ)


      - ENTER ခေါက်ပါ။


      Windows (32bit) အတွက်

      - cd C:/Program Files/iTunes ဟု ရိုက်သွင်းပါ။ (အထက်ပါ ပုံများအတိုင်း)

      - ထို့နောက် iTunes.exe/setPrefInt carrier-testing 1 (ကို Copy ယူပြီး၊ Commend Promt တွင် Paste ချပါ)

      - ENTER ခေါက်ပါ။


      Mac User များအတွက်:

      - "Terminal" ကို ဖွင့်ပြီး အောက်တွင် ဖော်ပြထားသော Bold Text ကို Terminal ထဲသို့ Copy and Past လုပ်ပါ။

      - Mac: defaults write com.apple.iTunes carrier-testing -bool TRUE

၆) အထက်ပါ အဆင့်များ ဆောင်ရွက်ပြီးစီးပါက iTunes တွင် ပေါ်နေသော iPhone ကို select လုပ်ပါ။

၇) Windows အတွက် "Shift" Key နှင့် Mac အတွက် "Option" Key နှင့် တွဲကာ "UPDATE" button ကို နှိပ်ပါ။

၈) ထို့နောက် အဆင့် (၃) တွင် download လုပ်ခဲ့သော Carrier Update Hack file ကို ရွေးချယ်၍ 'Open' လုပ်လိုက်ပါ။

၉) အခုဆိုရင် Carrier Update အောင်မြင်စွာ သွင်းယူသွားပါပြီ။

၁၀) အသုံးပြုနိုင်ရန် အတွက် Settings -> General -> About တွင် Carrier version သည် 16.x ('x' means something) အဖြစ် ဖော်ပြနေပါလိမ့်မည်။ Reboot လုပ်ပါ။


**အကယ်၍ အဆင်မပြေ ဖြစ်ခဲ့ပါက**
အဆင်မပြေ ဖြစ်ခဲ့ပါက အရင်အတိုင်း ပြန်ဖြစ်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁) iFile (သို့) iFun Box ကိုသုံးပြီး var/mobile/Library/Carrier Bundles လမ်းကြောင်းထဲရှိ "iPhone" သို့ "iPad" folder ကို ဖျက်ပစ်ပါ။ (iDevice ပေါ်မူတည်သည်)

၂) "Overlay" folder ကို ဖွင့်ပြီး အတွင်းရှိ Files များကို ဖျက်ပစ်ပါ။ (Folder ကို မဖျက်ပါနှင့်)

၃) Reboot (၂) ကြိမ် လုပ်ရပါမည်။
ပထမအကြိမ် Reboot လုပ်ပြီးနောက် iDevice ကို cellular signal ရှာဖို့ အချိန်ပေးပါ၊ တွေ့ပြီဆိုရင် နောက်တစ်ကြိမ် second Reboot ပြန်လုပ်ပါ။

၎) အခုဆိုရင် Stock settings ပြန်ဖြစ်သွားပါပြီ


SavageBoost v1.3
Carrier Update Hack အတွက် အခြား features များကို ထပ်မံ ပံ့ပိုးပေးသော "SavageBoost v1.3" ကို Flex 2 (Paid App ONLY) တွင် ထပ်မံ download လုပ်ပြီး Install လုပ်နိုင်ပါသည်။

>> How To Use Flex
Credit >>> မိုးသိကြား 

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com