iTunes Library အလွယ်ဆုံး ပြောင်းရွေ့နည်း

0
Tuesday, August 05, 2014


iPhone, iPad, iPodTouch တို့မှာ App, Music, Video အစရှိသည်တို့ကို သွင်းယူထားပြီး iTunes နဲ့ မကြာခဏ Back up လုပ်တတ်တဲ့ ကျွန်တော်လို လူမျိုးရဲ့ Computer Hard drive မှာ storage နေရာယူမှု အများဆုံးက iTunes Library ပဲဖြစ်ပါတယ်...

iTunes Library ရဲ့ ကြီးမားတဲ့ နေရာယူမှုကြောင့် အခြား program များ ထည့်သွင်းခြင်း၊ အသုံးပြုခြင်းတို့အတွက် ရံဖန်ရံခါ အနှောက်အယှက်ဖြစ်ရပါတယ်၊ ဥပမာ Adobe Premier Pro နဲ့ Video Editing လုပ်ဆောင်ပြီး Rendering လုပ်တဲ့ အခါမျိုးမှာ နှေးကွေးခြင်း၊ preview file အတွက် disc space မလုံလောက်ခြင်း စတဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့်မို့ မိမိရဲ့ "Local Disk (C:)" ထဲမှာ free space ပိုမိုရရှိနိုင်အောင် iTunes Library တစ်ခုလုံးကို အနေအထားမပျက်စေပဲ External Drive ထဲသို့ လုံခြုံစွာ ပြောင်းရွေ့နည်းကို ဖော်ပြပေးလိုက်ပါတယ်...

ပထမဦးစွာ မိမိအသုံးပြုမည့် External Drive သည် အသစ်ဖြစ်ပါက အသုံးပြုနိုင်ရန် Format လုပ်ထားပြီးသား ဖြစ်ရပါမည်။ ထို့နောက် External Drive ကို Mac (သို့) Windows PC နှင့် ချိပ်ဆက်ပါ။

၁) Computer ရှိ iTunes ကို ဖွင့်ပြီးနောက် iTunes menu ရှိ "Preferences" သို့ သွားပါ။


၂) 'Preferences' box တက်လာသည့်အခါမှာ "Advanced" tab ကိုသွားပါ။

၃) ထိုအခါ မိမိ computer ရှိ "iTunes Media Folder Location" လမ်းကြောင်းကို တွေ့မြင်ရပါလိမ့်မည်။
     ဒါဟာ အခုလက်ရှိ iTunes Library ရဲ့ တည်နေရာဖြစ်ပါတယ်။


၎) အဆိုပါလမ်းကြောင်းအတိုင်း Mac ဆိုရင် Finder window / PC ဆိုရင် Computer ကနေရှာပြီး ဖွင့်ထားပါ။

၅) နောက်ထပ်၍ ရွေ့ပြောင်းလိုသော External Drive ကိုလည်း သီးခြား window တစ်ခုအနေနဲ့ ပြိုင်တူဖွင့်ထားပါ။

၆) ထို့နောက် iTunes Library တစ်ခုလုံးဖြစ်တဲ့ "iTunes" folder ကို External Drive ထဲသို့ Drag & Drop ဆွဲထည့်ပေးလိုက်ပါ။

၇) Copy လုပ်နေပါပြီ၊ File များရင် များသလို ကြာနိုင်တာ ဖြစ်လို့ အေးအေးဆေးဆေး လွှတ်ထားပေးလိုက်ပါ။

၈) Copy ကူးယူပြီးသွားတဲ့ အချိန်မှာ iTunes ကို လမ်းကြောင်း ပြောင်းသွားတာကို အသိပေးဖို့ လိုအပ်ပါတယ်။
     ဒါကြောင့်မို့ iTunes ကို ပိတ်မိသွားပါက ပြန်ဖွင့်ပါ။

၉) ထို့နောက် iTunes menu -> Preferences -> Advanced ကိုသွားပြီး ပုံတွင် ဖော်ပြထားသည့်အတိုင်း 'iTunes Media folder location' တွင် "Change" ကို နှိပ်ပါ။


၁၀) အခုဆိုရင် window တစ်ခုတက်လာပါလိမ့်မယ်၊ External Drive ထဲက "iTunes" ကို ရွေးပေးလိုက်ပါ။

၁၁) နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ iTunes Library ဟာ External Drive ပေါ်က လမ်းကြောင်း အသစ်မှာ ရှိနေကြောင်း ညွှန်ပြနေပါလိမ့်မယ်.. (ပုံတွင် သီးသန့် Folder ထပ်ခွဲထားသောကြောင့် folder name မတူရခြင်း ဖြစ်ပါသည်)


**သတိပြုရန်**

iDevice ကို iTunes နှင့် Sync လုပ်တဲ့အခါတိုင်း (သို့) iTunes ထဲက file များကို ဖွင့်မည့်အခါတိုင်း External Drive သည် Mac/PC တို့နှင့် ချိပ်ဆက်ထားဖို့လိုပါတယ်။

iTunes ကနေ Music တွေကို ဖွင့်နိုင်ဖို့ music file တွေ External Drive ထဲမှာ ရှိနေစေရန် Computer Internal Drive ထဲရှိ 'iTunes' folder အဟောင်းကို မဖျက်ခင် သေချာအောင် စစ်ဆေးပါ။

ယခုဆိုရင် ကျွန်တော်တို့ရဲ့ "C:" drive ထဲမှာ Free space တော်တော်များများ ရရှိလာတာကို တွေ့ရပါလိမ့်မယ်..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com