သတိထားရမယ့် သူတစ်ပါး မထိခိုက်စေသော မာကဲတင်း ဗျူဟာ

0
Thursday, June 12, 2014


Apple စီအီးအို Tim Cook က ပြောပါတယ်။ "ကျနော်တို့ ထုတ်တဲ့ နားကြပ်က နားထဲ သို့ အသံ တိုက်ရိုက် ရောက်အောင် ပို့ပေးနိုင်ပါတယ်" တဲ့။
ဒီတော့ အိုင်တီ ပညာရှင် Baldwin တီထွင်ခဲ့တဲ့ နားကြပ်က နားထဲ တိုက်ရိုက် မရောက်ဘူး လားလို့ မေးချင်စရာ ဖြစ်သွားရပါလေရော။ အမှန်တော့ အပြင် ပတ်ဝန်းကျင် မှု ဆူညံသံ၊ တုန်ခါမှုလိုင်းများ ကို လျော့ချပေးသည် ဘာညာနဲ့ စကား လှလှလေးတွေ သုံးလို့ရပါတယ်။ သူတိုက်ခိုက်ချင်တာ က အခြား စမတ်ဖုန်း ထုတ် ကုမ္မဏီများ ဖြစ်ပေမယ့် တီထွင်သူဆီကို ဒဲ့ရောက်စေသလို ဖြစ်သွား ပါတယ်။
ကမ္ဘာမှာတင်မက မြန်မာပြည်မှာလည်း ဒီလိုပါပဲ။ အချို့သော လုပ်ငန်းနဲ့ စီးပွားရေး အဖွဲ့အစည်းများဟာ မိမိကုန်ပစ္စည်း ရောင်းအား တိုး အောင်မြင်ဖို့အတွက် ပြိုင်ဘက်ကုန်ပစ္စည်းကို ခပ်ဖွဖွလေး တိုက်ခိုက်ပြီး ထိပါးပြီး ရှေ့ဆက်ကြရပါတယ်။ မာကဲတင်း ဗျူဟာမှာ ဒီအတွက် တင်းကြပ်မှု သိပ်မရှိပေမယ့် တီထွင် ဖန်တီးသူအပေါ် ဂုဏ်သက္ခာနဲ့ ပညာအပေါ် မထိခိုက် မိစေဖို့ အထူးပင် သတိထားရမှာ ဖြစ်ပါတယ်။
-
Ref:techjoke
အောင်ခမ်း ( ရိုးရာလေး )

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com