မြန်မာနိုင်ငံ၏ ဆော့ဖ်ဝဲလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် Microsoft ကူညီမည်

0
Friday, June 13, 2014


ရန်ကုန်၊ ဇွန် ၁၃
ပြည်တွင်းဆော့ဖ်ဝဲလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် Microsoft ကုမ္ပဏီမှ ကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း Microsoft အာရှပစိဖိတ်ဒေသမှ ဥက္ကဌ Mr.Cesar Cernuda ကယနေ့ပြောကြား လိုက်သည်။
လက်ရှိဝန်ကြီးဌာနအချို့နှင့်တွေ့ဆုံပြီးဖြစ်ကာ ဆော့ဖ်ဝဲလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်နှင့် လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့လုပ်ငန်း အများအပြားလုပ်ဆောင် သွားဖို့ရှိပါတယ်။ ထရိန်နင်တွေပေးမယ်၊ အရည်အချင်းပြည့်ဝတဲ့သူတွေ ကိုမွေးထုတ်ပေးဖို့ ဆောင်ရွက်သွားမယ်၊ Cloud နဲ့ပတ်သက်ပြီး Applicationsတွေ၊ အွန်လိုင်းတွေ ဂိမ်းတွေမှာ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နေတယ်။” ဟု Mr.Cesar Cernuda ကပြောသည်။
Ecommerce စနစ်, အွန်လိုင်းအခြေပြုလုပ်ငန်းစနစ်များ မြန် မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်သွားမည် ဟုဆိုသည်။

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com