LG G Watch စမတ်နာရီကို ဘက်ထရီနှင့် ၃၆ နာရီခန့် အသုံးပြုနိုင်မည်ဟုဆို

0
Thursday, June 12, 2014



Google ၏ Android Wear platform ကို အသုံးပြုထားသော LG ၏ ပထမဦးဆုံး စမတ်နာရီဖြစ်သည့် G Watch ၏ အချက်အလက်များသည် Twitter account @upleaks မှ တစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ G Watch စမတ်နာရီ၏ ဘက်ထရီသည် တစ်ခါအားသွင်းပြီး standby mode ဖြင့် အသုံးပြုသည့်အခါ ၃၆ နာရီခန့် အသုံးပြုနိုင်မည်ဟု ဆိုသည်။

ဥပမာ အနေဖြင့် LG G Watch ကို email စစ်ခြင်း၊ text message ပေးပို့ခြင်း စသည့် ကိစ္စရပ်များအတွက် မကြာခဏ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် လက်ခံရရှိသည့် notification များအပေါ် မူတည်ပြီး ဘက်ထရီသက်တမ်း ကွာခြားမည် ဖြစ်သည်။

G Watch စမတ်နာရီတွင် 4GB သိုလှောင်မှုစနစ် ပါဝင်သောကြောင့် 4GB နှင့် ညီမျှသည့် app များ၊ သီချင်းများနှင့် ဂိမ်းများကို စမတ်နာရီတွင် တိုက်ရိုက်သိုလှောင်ထားနိုင်မည် ဖြစ်သည်။

Ref: BusinessInsider
Internet Journal

About the author

Start From Today and End when i will be Die . Admin >> Rookie.

0 comments:

sithulann@gmail.com